ဆောင်းပါးများကို ရေးတတ်ချင်သော်လည်း မိမိမှာ စာဖတ် ၊အရေးအသား အားနည်းချက်တွေရှိသောကြောင့် မရေးသားနိုင်သေးပေ။ သို့ပေမယ့် မိမိ ကြုံဖူး တွေ့ဖူး မြင်သမျှကိုတော့ စာပေသဖွယ် အတတ်နိုင်ဆုံးတော့ ကြိုးစားရေးသားလျက်ပါလေ။
ဒီနေ့တော့ onlineအသုံးပြုခြင်းကနေ တနေ့တာကို ကျော်ဖြတ်သွားလာပုံကို ရေးသားပါရစေ။မနက်မိုးလင်းတောက် စောစောဝယ် စောင်ကိုလှပ်၍ အရင်ဦးစွာ မိမိ ဖုန်းကို ကြည့်မိလေ၏။ အချိန်နာရီကို ကြည့်ဟန်တူပေမယ့် တကယ်တော့ မဟုတ်ချေ။
မနေ့က တွင် onlineပေါ်တွင် တင်ခဲ့သောအကြောင်းအရာ၊ပြောဆိုခဲ့ကျသော မိတ်ဆွေအပေါင်းအသင်းတို့ရဲ့ စကားအဆက်များကို တမူထူးခြားချက်တွေများ ရှိမည်လောဟု အလောတကြီး ဖုန်းကို ကြည့်ရလေသည်။
အိပ်ချင်မူးတူးဆိုတော့ မျက်လုံး က ဝါးတားတားနဲ့ မြင်ရပေ။ အချိန်ကာလ တစ်ခုကြာ onlineဖွင့်၍ ကြည့်ရူပြီး ရေချိုး ဖို့ ထ ရလေ၏။အဲ့နောက်တော့
စားသောက်ပြီး ခဏ နားရပြန်၏။
ထိုအခိုက်ဝယ်တွင်လဲ ဘာရယ်မဟုတ်ပေမယ့် အနားရှိ ဖုန်းကိုကောက်ကိုင်ကာ internetဖွင့်၍ social mediaပေါ်မှာ လမ်းလျှောက်နေမိ၏။ စောစောစီးစီး ကျန်းမာရေး အရ လမ်းထွက်လျှောက်ဟန်တူနေလေသည်။
နာရီတစ်ချက် ရှိုးကာ အလုပ်ခွင်ချိန်ကျပြီမို့ အလုပ်သွားရလေ၏။ အလုပ်ခွင်ရောက်စဉ် မိမိ လုပ်စရာရှိတာ လုပ်နေသည်။ အလုပ်လပ်ချိန်ရောက်ခိုက်တွင်မှုတော့ ဖုန်းလေးကိုပဲ ကောက်ကိုင်မိသည်။သီချင်းနားထောင်တာမဟုတ်သလို စာပေဖတ်သည်လဲ မဟုတ်ပေ။
Internet ဖွင့်၍ ဟိုကြည့်သည်ကြည့်လုပ်နေ၏။ အချိန်တခု ကြာကာ ညနေစောင်းလေ၏။ မိမိအလုပ်သိမ်း၍ အဆောင်သို့ ပြန်ရလေ၏။ အာ့နောက် စားသောက်ဖို့ စီစဉ်ရှိရာ စီစဉ်ပြီး ဖုန်းလေးကိုပဲ ကောက်ခိုင်းနေမိပြန်ပြီ။
အချိန်တွေကုန်မှုတွေပေါ် onlineကနေပဲ ကုန်ခဲ့လေ၏။ အကြောင်းကတော့ ရှာဖွေလေ့လာ နည်းပညာများကို စူးစမ်းနေရခြင်းဖြစ်သည်။ မိမိမှာ စိတ်ဝင်စားသော အကြောင်းအရာတို့ ရရှိအောင် googleတွင် ပုံစံမျိုးမျိုးနဲ့ လေ့လာနေရ၏။
ထိုသို့ စိတ်ဝင်စားစရာများနဲ့ တနေ့တာကို ထိုကဲ့သို့ onlineသုံး၍ ဖြတ်ကျော်မိလေ၏။ ကျေနပ်အားရမိလေ၏။
ဒီလိုနဲ့ ညသန်ခေါင်းကျော်ကာ ဖုန်းပိတ်၍ အိပ်စက်လေပြီ။
စဉ်းစားကြည့်တော့ တနေ့ 24နာရီရှိသည်အနက် 8နာရီလောက်သည် onlineသုံးရန်အတွက်သာ ဖြစ်ပေသည်ဟု မိမိကိုယ်ကို တွေးတော ဆုံးမမိလေ၏။
မေးပါရစေ ..သင်ကော...တနေ့တာကို online ဘယ်လိုသုံးပြီး ဖြတ်ကျော်နေပါသလဲ?.....
အသုးံဝင်သောအရာများကိုအင်တာနက်သုးံရင်းလေ့လာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit