ကျွန်တော်တော့ မပြောချင်တော့ပါဘူး။ဒါပေမယ့် မပြောမဖြစ်
ပြောရဦးမယ်။ကျွန်တော်တို့ ရပ်ကွက်က အကြောင်းပေါ့။
ကျွန်တော်တို့ ရပ်ကွက်က ဈေးနီး ကျောင်းနီး ကားဂိတ်နီးဆိုတော့ လူပေါင်းစုံတယ်လေဗျာ။
ဟော....ကျွန်တော်တို့  ရက်ကွက်ကထွက် လမ်းထိပ်ရောက်တာနဲ ကွမ်းရာဆိုင် သစ်သီးဆိုင် ထမင်းဆိုင်
အလှပြင်ဆိုင် စတိုးဆိုင်တွေနဲ့ ညဆိုရင်လဲ စည်ကားလို့
လမ်းဆုံမှာတော့ ညအလင်းပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်နဲ့
အအေးဆိုင် ကော်ပြန့်ဆိုင် တို့ လည်း ရှိသေးလေရဲ့ဗျာ။
ရက်ကွက်ဘုရားပွဲဆို လမ်းထိပ်မှာ ဈေးဆိုင်တန်းနဲ့  ခြင်းဝိုင်းတို့ ချောတိုင်တက်တာတို့ နဲ့ လွှတ်စည်ကားနေတာပေါ။ကျွန်တော်ပြောချင်တာ အဲဒီ
ချောတိုင် ကိစွှပေါ့ဗျာ။ဒီလိုပါ ရက်ကွက်ဘုရားပွဲမှာ ရက်ကွက်ထဲက လူငယ်ကာလသားတွေဟာ ချောတိုင်တက်ပြီး
ချောတိုင်ထိပ်မှာ ချိတ်ထားတဲ့ပိုက်ဆံကို ရနိုင်ဖို့ အပြိုင်ကြဲတဲ့
အပျော်ပွဲပေါ့ဗျာ။အထူးသဖြင့်တော့ ၁၂နှစ် ၁၃နှစ်အရွယ်ကလေးတွေ ပိုများတာပေါ့။ဟိုအိမ်ထောင်စု
ဒီအိမ်ထောင်စုတွေက တတ်နိုင်တဲ့ သူတွေနဲ့  ဘုရားဂေါပက
သူတွေဟာ သုံးထောင်လို့ ငါးထောင်လို့ ငွေကြေးထည့်ဝင်
လှူဒါန်းကြတာလေ အပျော်ပွဲ မဟုက်လား။တိုင်ထိပ်မှာ
စာအိပ်နဲ့  ထည့်ထားတဲ့ ပိုက်ဆံကို ယူနိုင်ဖို့ နေနေသာသာ
တိုင်တစ်ဝက်မရောက်ခင် လျှောလျှောကျလာတဲ့ ကလေးတွေ။
လူငယ်တွေကလည်း တစ်ပြုံတစ်မ တချို့တစ်ယောက်နှစ်ယောက်သာ ပိုက်ဆံထည့်ထားတဲ့ စာအိပ်ကို ဆွဲဖြုတ်သွားနိုင်ကြတာကို။ အဲဒီအချိန်မှာပဲ နည်းနည်းမော့ထားလို့ ရီဝေ ရီဝေပံ ရှိသေးတဲ့ အကိုတစ်ယောက်က လူအုပ်ကြားထဲက ရောက်လာပြီး
သူလဲတတ်မယ်ဆိုပြီး ပုဆိုးကွင်းသိုင်းတက်တော့တာပေါ့ဗျာ။
ကလေးတွေနဲ့ အဲ့အကိုတစ်ယောက်နဲ့ တစ်လှည့်ဆီ တက်ကြသည် မကြာခဏဆိုသလို အထက်မအောက်ဘဲ
ပြန်ပြန်ပြုတ်ကျလာကြသည်။နောက်တော့ သုံးလေးခြောက်ယောက်စုပြုံပြီး တွန်းတင်တဲ့သူနဲ့ တက်တဲ့သူနဲ့ ဆိုသလိုတစ်ပြုံတစ်မကြီး ပြန်ပြုတ်ကျလာပြန်ေ၇ာ် အောက်က အားပေးနေတဲ့လပရိသတ်
ကြီးဆိုတာ တဝါးဝါးတဟားဟား တအုန်းအုန်း
လော်စပီကာနဲ အော်ပေးတဲ့ သူကလဲလ
"အားတင်းထား ရောက်ခါနီးပြီ ရတော့မယ်နော်""
အော်ဟစ်အာပေးလေသည်။
နောက်ဆုံး တိုင်ထိပ်လည်းမရောက် အခြေတင်ရှုပ်နေတဲ့
အမူသမား အကို ကိုလူငယ်တွေနဲ့ ကလေးတွေက ဝိုင်းဝန်း
ကန့်ကွက်မှပဲ သူမိန်းမက လာရောက်ဆွဲခေါသွာတာပေါ့ဗျာ။
ဒါတောင်မှ နောက်နှစ်ဘုရားမှာ မကျေပွဲထပ်နွဲဦးမယ်ဆိုလား။
အင်း ဒီငမူးကောင်နဲ့ တော့ မလွယ်ပါလားနော် ပရိသတ်ကြီးက
တဟားဟား ရီပြီး ဟုက်ကဲပါ အကို တဲ့ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်..ကျွန်တော် moewin
@oolay
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
နောက်တစ်ခါ code နံပါတ်မတက်ဘူးဆိုရင် V+C မရပါဘူး အစ်ကို အရေးအသားကတော့ great!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Code နံပါတ်လေးထည်ပေးပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံလေးနဲ့တွဲးတင်ရင် ပိုပြည့်စုံသွားမယ်ထင်ပါတယ်..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
code no ထည့်ပေးပါနော်
ဖြစ်နိုင်ရင် ကိုယ်တင်မယ့်post မှာ photo လေးရောထည့်ပေးစေချင်ပါတယ် စာအရေးအသားကောင်းတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit