Parts of mylife

in myanmar •  7 years ago 

ကျနော်တို့မှာမောင်နှမ၃ယောက်ရှိတယ်ဗျ
မမ ကျနော့်အစ်ကိုနဲ့ ကျနော်ပေါ့
အစ်ကိုနဲ့ကညီကိုရင်းဆိုပေမယ့် တွေ့ရချိန်နဲလို့ကျနော်နဲ့မမကပိုရင်းနှီးတယ်ပြောရမယ်။ အမေလို အမလို သူငယ်ချင်းလို မိတ်ဆွေလိုပါပဲ။
ကျနော် ငယ်ငယ်ကလူဆိုးစာရင်းထဲမဝင်ပေမယ့် တော်တော်လေးဗရုတ်ကျပါတယ်။ မိန်းကလေးသူငယ်ချင်းတွေဆို ကျနော်တို့အုပ်စုကိုအစအနောက်သန်လွန်းလို့ ဝေးဝေးကကိုရှောင်ပါတယ်။
ကံကောင်းတာလေးတစ်ခုက ဆရာမတွေကတော့ချစ်ရှာတယ်ဗျ။
ဒါကလည်း အိမ်မှာမေမေနဲ့မမကိုကြောက်ရတော့ မဖြစ်မနေစာကျက်ရတာကိုးဗျ။ စာလေးတစ်ခုတော့ရတယ်ပေါ့။ အစ်ကိုကရည်ရွယ်ချက်ကြီးသလောက် ကျနော်ကသားကြီးလာရင်ဘာဖြစ်ချင်လည်းမေးရင် ဘားမဖြစ်ချင်ဖူးပဲပြန်ဖြေတာ။ တကယ်လည်းကျနော်ဘာဖြစ်ချင်မှန်းကိုယ်တိုင်မသိသေးတာအမှန်။ ကျနော်က ကျနော်နဲ့ကျနော့်ပတ်ဝန်းကျင်ကလူတွေပျော်နေရင်ပီးပီ အဲလိုလူမျိုး။ အားတဲ့အချိန်ဆို သူငယ်ချင်းတွေကပြောစရာမလိုဖူး အိမ်ရှေ့ရောက်နေပီ။ သူတို့လာမခေါ်တဲ့အချိန်ဆို စာဖတ်တယ် မဟုတ်ရင်အိမ်ကပစ္စည်းတစ်ခုခုကိုထိုင်ကလိတယ်။ မေမေကတော့ တစ်စစီဖြုတ်ပီးဖျက်ဆီးတယ်ပေါ့ဗျာ။တကယ်တော့အဲဒါ လေ့လာတာဘာ 😌
ဒီလိုနဲ့အထက်တန်းပီးတော့ ဖေဖေကရေကြောင်းသိပ္ပံတက်ခိုင်းတယ်။
ကျနော်မတက်ချင်ဖူးလေ။ ဖေဖေ့လိုဖြစ်မှာစိုးလို့။ သူကမိသားစုနဲ့နေချိန်ထက်အဝေးရောက်နေချိန်ကများတာဗျ။ ကျနော်တို့ဆိုဖေဖေဆိုတာ အရှိသက်သက်ပဲ။ ကျနော်ကကျနော်ချစ်တဲ့ပတ်ဝန်းကျင်လေးကနေခွဲထွက်မသွားချင်ဖူး။ အစ်ကိုကတော့ ဖေဖေ့ခြေရာတစ်ထပ်တည်းနင်းနိုင်ပါတယ်။ ဖေဖေက သူ့သားကြီးကိုတော့ အားကိုးရလို့နေမယ် သူနဲ့တူတော့ တော်တော်ချစ်တာဗျ။ ဒီလိုနဲ့ကျနော်လုပ်ချင်တာလုပ်လို့ရအောင် engineer ဘွဲ့တစ်ခုယူလိုက်တယ်။ ကျနော့် uni student life ကပြောရရင်တော်တော်များပါတယ်။ စာဖတ်တဲ့လူတွေအားနာလို့ နောက်မှသပ်သပ်ရေးတင်မယ်ဗျာ။
ကျနော်ကအချစ်ရေးမှာ ကံကောင်းတယ်ပြောရမလား ကံခေတယ်ပြောရမလား ။ ကျနော်သိပ်ချစ်ရတဲ့သူလေးတွေ့လာတော့ သူကလည်းကျနော့်အပေါ်တော်တော်လေးပြန်ချစ်ခဲ့ပါတယ်။ ဒါမယ့် ကျနော်တို့ကရေစက်အထိပဲပါပြီ ဖူးစာမပါခဲ့လို့ ကျနော်လက်ရှိအသည်းကွဲနေပါတယ်။
အသည်းကွဲတာက စာတွေကဗျာတွေထဲကလိုတော့ ro မဆန်ပါဖူး။
ကျနော့်အလုပ်အကိုင် မိသားစု ပတ်ဝန်းကျင် မိတ်ဆွေအသိုင်းအဝိုင်းနဲ နောက်ဆုံးကျနော်ကိုယ်တိုင်အပေါ်တော်တော်လေးသက်ရောက်ပါတယ်။
ဒီလောက်ဖြစ်သင့်လားဆိုတော့ ဟုတ် ဖြစ်ပါတယ်ဗျာ။ ဒါကကျနော်ပထမဆုံးတကယ်ချစ်ခဲ့မိတာမို့ပါ…
အချိန်နဲနေလို့ ဒီနားတင်အဆုံးသတ်ပါရစေဗျာ။
အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဗျာ။
@paingphyothu
MSC-201
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝကြောင်းလေးတွေ စိတ်ခံစားမှုလေးတွေ ဒီလိုရေးရတာပဲ ကောင်းတယ် ကြိုဆိုပါတယ်။ဒါပေမယ့်နောက်ကို Pro မတင်ခင်ပို့ စ်ကိုတစ်ရက်လောက်စောပြီးတင်ထား၊ comment တွေအနည်းအကျဉ်းဖြစ်ဖြစ်ရှိအောင်ပါ

အကြံဥာဏ်ပေးတာ ကျေးဇူးပါဗျာ။
ကျနော် အလောသုံးဆယ်တင်ရတာ စာဖတ်တဲ့လူကချက်ချင်းသိမှာဗျ ။အားနာမိတယ်။ နောက်ဆို ကြိုတင်ပြင်ဆင်ထားပါမယ်ဗျာ။ သည်းခံပြီးဖတ်ပေးတာလဲ ကျေးဇူးပါခဗျာ။

Nice post bro

big thanks bro

Good .

ဟုတ်ကဲ့
ကျေးဇူးပါခဗျ

အတိတ်လေး

ပစ္စုပ္ပန်လေး..

good post

thank you bro

Hello paingphyothu!

We have found your post and the @SteemEngineTeam wants you aboard!

We are the fastest growing content, vote and follower sharing community on Steem. Please see our introduction post for details on how to join and start earning more votes!

Thanks for your info

ဟုတ်ပါပြီ good ပါ

ဟုတ်ကဲ့ ကျေးဇူးပါခဗျာ

fighting

ဟုတ် fighting

welcome bro

bro ရေ thank you ပါဗျ

Nice post လေးပဲ ဖတ်သွားတယ်အကို အားပေးနေမယ်

ညီရေ thank you ပါဗျ

good post

glad to hear like that. thank you bro.

စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ...
ကြည်နူးတာလား ဘာလား မသဲကွဲသေးဘူး
မိသားစုအပေါ်ထားတဲ့စိတ်ကတော့ ကြိုက်တယ်.

သေချာလေးဖတ်ပေးသွားတာ ကျေးဇူးတင်ပါတယ်ခဗျာ

Good post

thank you ပါဗျ

ကောင်းပါတယ်ရှင်
steemit family မှ ကြိုဆိုပါတယ်ရှင်

ကျေးဇူးတင်ပါတယ်ခဗျာ