ဝတဲ့သူ​တွေ အားမငယ်​နဲ့

in myanmar •  7 years ago  (edited)

ဘာရယ်​​တော့ မဟုတ်​ပါဘူး မမတို့ ညီမ​လေးတို့ ဒီလိုမျိုး fashion tips လေးတွေ ဆောင်ရန်ရှောင်ရန်လေးတွေ နဲ့ အရင်က Plus-Sizeတွေအတွက် ချမှတ်ထားတဲ့ ချိုးဖောက်ပစ်ရတော့မယ့် စည်းမျဉ်းစည်းကမ်းလေးတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်ရှင်
image
(1) ပထမဆုံးအနေနဲ့ အရင်တုန်းက ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်တဲ့ တော်တော်လေး ပြည့်တဲ့သူတွေ၊ ၀ တဲ့ သူတွေဟာ အဖြူ မ၀တ်သင့်ဘူးဆိုတဲ့ အချက်ကို ခုချိန်မှာချိုးဖောက် ပစ်ရမယ်ဆိုတာပါပဲ။ပြောချင်တာက အနက်ဝတ်တိုင်းလည်း ပိန်သွယ်သယောင် ဖြစ်မသွားသလို၊ အဖြူဝတ်တိုင်းလည်း ပိုပြည့်၊ ပိုဝသလို ထင်မြင်သွားစေတယ်ဆိုတာ ဟုတ်မနေပြန်ပါဘူး။ဒီတော့ ကာလာထက် သင်ရွေးချယ်ရမှာက ကိုယ်နဲ့ fit ဖြစ်ပြီး ချပ်ချပ်ရပ်ရပ်ရှိစေမယ့် အ၀တ်အစားကိုပါ။တစ်ခုရှိတာကတော့ ကင်မရာရှေ့သွားတော့မယ်ဆိုရင်တော့ အဖြူမ၀တ်တာ ကောင်းပါတယ်။ကင်မရာထဲမှာ အဖြူရောင်ဟာ လူကိုပိုပြည့်စေတတ်လို့ပါနော်။နောက် ကိုယ်ဝတ်မယ့် အ၀တ်အစားက အဆင်တန်ဆာတွေ တပ်ထားတာ များနေမယ်ဆိုရင် လူကိုပိုကြီးသွားစေတာမို့ အဲ့ဒီလို ဒီဇိုင်းမျိုး ရှောင်ပါ။
image
(2) ရှေ့ကြယ်သီးတပ် ရှပ်အကျီတွေနဲ့ မလိုက်ဖက်ဘူး ဆိုတဲ့အချက်ကိုလည်း ခုအခါ သင့်ခန္ဓာကိုယ် အနေအထား ကောက်ကြောင်းပေါ်စေမယ့် ရှပ်အကျီမျိုးတွေကိုတော့ ၀တ်ဆင်နိုင်တယ်လို့ ဖြည့်စွက်ပြောထားကြပါပြီ။ဒီတော့ ဘာဒီဇိုင်း အတွန့်ဘာညာ ဘာဆိုဘာမှမပါတဲ့ ရှပ်အကျီပွပွကြီးမျိုးဆိုရင်တော့ ရှောင်ပြီး wrapping လေးတွေနဲ့ သင့်ခန္ဓာကိုယ်အလှပေါ်အောင် နည်းနည်းဒီဇိုင်းပါတဲ့ ရှပ်မျိုးတွေ ၀တ်ပါ။
image
(3) ကာလာတောက်တောက်တွေနဲ့ အပွင့်အခက် ဒီဇိုင်းတွေက လူတွေသင့်ကို ပိုအာရုံစိုက်ကြည့်လာစေမှာမို့ ဒီလိုမ၀တ်ဖို့ အရင်က ပြောထားပေမယ့် ခုအခါမှာတော့ သင့်အသားရောင်နဲ့လိုက်တဲ့ ကာလာမျိုးဆို ၀တ်ဆင်နိုင်ပြီလို့ ပြောလာပါတယ်။အနီရောင်တောက်တောက်ဝတ်တာတောင်မှ ကိုယ်ဝတ်မယ့် အ၀တ်အစားဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ fit ဖြစ်ပြီး လုံးဝကြည့်ကောင်းနေမယ်ဆို လူကို ပိန်သွယ်သယောင်တောင် ဖြစ်သွားစေတာမို့ စိတ်ပူစရာမလိုပါဘူး။အပွင့်ရိုက်ဒီဇိုင်းတွေမှာမှ ဖြစ်နိုင်ရင် Watercolor ဒီဇိုင်းတွေက ၀တဲ့သူတွေအတွက် အလိုက်ဖက်ဆုံးပါပဲနော်။
image
(4) ခေါင်းအစခြေအဆုံးဟာ ပိတ်စတစ်ခုတည်းကိုသာ ချုပ်ထားတာမျိုး ဖြစ်သင့်တယ်ဆိုတဲ့ အချက်ကိုလည်း သင်တို့ကြားဖူးမှာပါ။ဒီအချက်ကိုတော့ ခုအခါမှာ ဖြစ်နိုင်ရင် ကိုယ်ဝတ်မယ့် အစတစ်ရောင်တည်း၊ တစ်စတည်းကို ချုပ်မယ့်အစား နှစ်မျိုးသုံးမျိုး ရောစပ်ပြီး ချုပ်ထားတာက ပတဲ့သူတွေအတွက် ပိုလို့တောင် ကောင်းပါသေးတယ်တဲ့။လူတွေကတော့ အသားရောင်၊ အရောင်နုလေးတွေ သိပ်ကြိုက်ပေမယ့် ကိုယ့်အသားရောင်နဲ့ လိုက်တာကိုတော့ သင့်အနေနဲ့ ပိုရွေးသင့်ပါတယ်။
image
(5) အစင်းကြောင်း၊ လိုင်းတွေဟာ ၀တဲ့ သူတွေအတွက် ရန်သူပါတဲ့။ဒါအရင်က ပြောထားတာပေါ့နော်။ခုအခါမှာတော့ ဒါကို လက်မခံတော့ကြပြန်ပါဘူး။ဒေါင်လိုက်နဲ့ အလျားလိုက်မှာမှ အလျားလိုက် အစင်းတွေ ၀တ်ရင် ၀တဲ့သူတွေအတွက်ပိုပြည့်သွားသလို ထင်မြင်စေနိုင်တာကြောင့် အဲ့ဒီလို ဒီဇိုင်းတွေကို အရင်ကတော့ လုံးလုံးလျားလျား ရှောင်တတ်ကြပါတယ်။ဒါပေမယ့် လိုင်းတွေက တစ်ခုနဲ့တစ်ခု တအား ခြားပြီးကြီးနေတာမျိုး မဟုတ်ပဲ လိုင်းသေးပြီး ကျဉ်းကျဉ်းလေးတွေပဲဆိုရင် အဲ့ဒီ ဒီဇိုင်းမျိုး သင်ဝတ်နိုင်ပါတယ်။
image
(6) ၀တဲ့သူတွေဟာ ခုခေတ်စားနေတဲ့ ဒီဇိုင်းတွေနောက် မလိုက်ပဲ အခြေခံကျတဲ့ ဒီဇိုင်းမျိုးတွေကိုသာ ၀တ်ဆင်ဖို့ အရင်က အမြဲလိုလို ပြောဆိုတတ်ကြပေမယ့် ခုအခါအကြံပေးထားတာကတော့ ခေတ်စားနေတဲ့ ဒီဇိုင်းတွေကို သင်ဝတ်ချင်တယ်ဆို ၀တ်ပါ။ဒါပေမယ့် သင့်ခန္ဓာကိုယ်အချိုးအစား နဲ့ အလုပ်ဖြစ်တာကို သေချာရွေးဖို့သာ လိုပါတယ်တဲ့။ဥပမာ crop top ကို အရမ်းဝတ်ချင်နေတယ်ဆိုရင် သိပ်တိုတဲ့ crop top မျိုးထက် နည်းနည်းလေး ရှည်တဲ့ crop top ကို အောက်ကလည်း high waist pencil skirt လေးတွေနဲ့ ၀တ်လို့ရတာပဲ။ကာလာနဲ့ ၀တ်ချင်တယ်ဆိုရင်လည်း ကာလာနှစ်မျိုးသုံးမျိုး ကစားထားတဲ့ ဒီဇိုင်း၊ နောက် ကာလာအရင့်ပိုများတဲ့ ဒီဇိုင်းမျိုးတွေ ၀တ်နိုင်ပါတယ်။တစ်ခါတစ်လေ ထိုးသွင်းလို့မရတဲ့ ဘောင်းဘီတွေကြောင့် စိတ်ညစ်နေရရင် ဆွဲသွားပါတဲ့ ဘောင်းဘီရှာပြီး ကိုယ်ဝတ်ချင်တာကို ဖြစ်အောင် ၀တ်ပါ။
image
(7) ပွတဲ့အ၀တ်အစားတွေက သင့်ခန္ဓာကိုယ်အနေအထားကို ဖုံးပေးလိုက်တာကြောင့် ဒါမျိုးရွေးလို့ အရင်ကချမှတ်ထားတဲ့ စည်းမျဉ်းကိုချိုးဖောက်ပစ်လိုက်ပါ။ ခန္ဓာကိုယ်ကြီးပါတယ်ဆိုမှ ဒါကိုထပ်ပြီး ခပ်ပွပွအ၀တ်အစားတွေ ဖုံးလိုက်ရင်လူတွေအမြင် နှစ်ဆဖြစ်သွားမှာပေါ့။ဒီတော့ သင်ဘယ်လောက် ၀နေပါစေ၊ သင့်ခန္ဓာကိုယ်အနေအထား အချိုးအစားကို ပေါ်လွင်စေမယ့် fit ဖြစ်မယ့် ဒီဇိုင်းကိုသာ ရွေးလိုက်ပါ။ဒါက ခုနထက်တော့ ပိုဆက်စီဖြစ်ပါတယ်။ရက်ထည်လို ရွေးချယ်စရာတွေ သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။အတွန့် အထပ်တွေကို နည်းနိုင်သလောက် နည်းအောင် ၀တ်ပြီး သင့်ခန္ဓာကိုယ်ကို ပိုကြီးသွားသယောင် မဖြစ်အောင် ဆင်ခြင်ပါ။Volume ပါတဲ့ ဒီဇိုင်းကိုမှ ကြိုက်တယ်ဆိုရင်လည်း ခန္ဓာကိုယ်အပေါ်၊ ဒါမှမဟုတ် အောက်မှာ တစ်ခုခု ပါတာမျိုးကိုသာ ရွေးပြီး အပေါ်ရော အောက်ပါ ပွပြီး volume တွေများနေတာတော့ စိတ်တောင်မကူးပါနဲ့။
image
(8) အရင်ကအခေါက်တွေ အတွန့်တွေများနေတာက လူကြည့်ခံရတာကလွဲပြီး ဘာမှမပိုဘူးလို့ ပြောခဲ့ကြပေမယ့် ခု စည်းမျဉ်းအသစ်ကတော့ အဲ့ဒီလို detail ဒီဇိုင်းလေးတွေက ပိုတောင် အလုပ်ဖြစ်နေပါသေးတယ်တဲ့။လိုတဲ့နေရာလေးတွေမှာ အတွန့်အခေါက်လေးတွေနဲ့ ဒီဇိုင်းလုပ်ပြီး ၀တ်တာမျိုး၊ ခါးလိုနေရာမျိုးကိုတော့ ပိုပေါ်လွင်အောင် ၀တ်ဆင်တာမျိုးက သင့်အတွက် ကောင်းပါတယ်။စကတ်ဆိုလည်း အတွန့်အခေါက်လေးတွေက အလျားလိုက် အလှဆင်ထားတာမဟုတ်ပဲ၊ ဒေါင်လိုက်အလှဆင်ထားတာမျိုးဆို သင့်ခန္ဓာကိုယ်ပေါ် တင့်တယ်လှပနေမှာပါ။ဒါ့အပြင် အတွန့်အခေါက်လေးတွေ၊ ဇာလေးတွေက လက်မောင်းနဲ့ လက်ကောက်ဝတ်လို နေရာမျိုးမှာ အလှဆင်ထားတဲ့ ဒီဇိုင်းဆိုလည်း သင့်အတွက် အဆင်ပြေပါတယ်။ခန္ဓာကိုယ် ၀တဲ့၊ ပြည့်တဲ့သူတွေအတွက်အကြံအပေးချင်ဆုံးတစ်ချက်ရှိနေပါသေးတယ်။အဲ့ဒါကတော့ သူများထက် ခန္ဓာကိုယ်ပြည့်လို့ ၀လို့ဆိုပြီး စိတ်ပျက်စိတ်ညစ်တာမျိုး ဖြစ်မနေပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်ထားပြီး နေထိုင်ဖို့ပါပဲ။ကိုယ်ဝတ်မယ့်အ၀တ်အစားအတွက်လည်း အချိန်နည်းနည်းပေးပြီး စီစဉ်ပါ။မနက်ဖြန်သွားစရာရှိရင် ညကတည်းက စီစဉ်ထားတာမျိုး လုပ်ပါ။ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုရင် အဲ့ဒီလူဟာ ပိန်ပိန်၀၀ သူတစ်ပါးနဲ့မတူတဲ့ ထွန်းတောက်မှုမျိုး၊ ကြည်လင်မှုမျိုးကို အားလုံးခံစားသွားရပါလိမ့်မယ်။ကိုယ့်အားနည်းချက်လို့ ထင်နေတဲ့အရာတစ်ခုကို အားသာချက်ဖြစ်အောင် လုပ်ဆောင်ကြည့်ကြဖို့ ဒီစတိုရီလေးကတစ်ဆင့် ပြောလိုက်ပါရစေနော်။အားလုံးပဲ ရွင်​လန်းချမ်းကြပါ​စေရှင်​....။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!