- အမှောင်ညထဲမှာ
ဝိဉာဉ်တို့ ငိုသံတွေ
တဝိုးတဝါးနဲ့ ကြားနေရတယ်
စိတ်တွေ ချောက်လှန့်နေတာ*
** ဖားအော်သံနဲ့အပြိုင်
ထစ်ချူန်းမိုးတို့ ကကုန်ခုန်နေကြပြီ
ယူပါ ခေါ်ပါ နဲ့ ဝိဉာဉ်တို့ရဲ့
ဆာလောင်တဲ့ အော်ညဉ်းသံတွေအလား
စိတ်တို့ ကယောက်ခြောက်ခြားနဲ့
အိပ်မပျော်တဲ့ တစ္ဆေည**
** ငယ်တုန်းက နားထောင်ဖူးခဲ့တဲ့
ပုံပြင်တွေ ပြန်တမ်းတမိနေခဲ့တယ်
အိမ်ခေါင်ပေါ် တဖွဲ့ဖွဲ့နဲ့
ကျနေတဲ့ မိုးစက်တို့ရဲ့
ရိုက်ခတ်သံတွေကို
သံစဉ်အဖြစ် စိတ်ကူးထဲ အသုံးချနေပြန်တယ်. .
အဲဒါ အိပ်မပျော်တဲ့ ဂယောင်ချောက်ခြားည**
** အေးချမ်မေရဲ့ သီချင်းစာသားတွေ
စိတ်ကူးနဲ့ ရွှတ်ဆိုလိုက်မိသေးတယ်
ဒီလို ညတိုင်းဟာ အိပ်မပျော်နိုင်သူအတွက်ငရဲပါ. . .
သတိထားကြည့်မိလိုက်တယ်
ငရဲဆိုတာ သေမှကျတာမဟုတ်
မသေချင်လည်း ကျတတ်ပါသေးလား လို့**
- ဒီလိုနဲ့ မနက်ခင်းရဲ့ သင်္ကေတဖြစ်တဲ့
တောင်ထိပ်က ဘုန်းကြီးကျောင်းက
အုန်းမောင်းခေါက်သံနဲ့
ကိုရွှေကြက်ဖရဲ့ လင်းကြက်တွန်သံ
တစ်ပြိုင်တည်း ထွက်ပေါ်လာတယ်
အော်. . . မနက်ခင်းရောက်လို့
မမှေးစက်ပဲ့ တစ်ညတာ ကုန်ဆုံးသွားတယ်
အဲဒါ အိပ်မပျော်တဲ့ ည. . **
Author - pannthiri
photo credit- https://goo.gl/images/gfmfaP
https://goo.gl/images/gV9dUj
myanmar steemit
- ဒီလိုနဲ့ မနက်ခင်းရဲ့ သင်္ကေတဖြစ်တဲ့