ဘာကြောင့် အလုပ်လုပ်နေဖို့လိုတာလဲ

in myanmar •  7 years ago 

ဘာကြောင့်အလုပ်ကိုအမြဲလုပ်ဖို့လိုသလဲ
ရှင်းရှင်းလေးပါဘဲ့။
နေ့တိုင်းရှင်သန်နေထိုင်နိုင်ဖို့က သမ္မာအာဇီဝ ကျကျ အလုပ်တစ်ခုခုကို လုပ်ကိုင်နေဖို့လိုပါတယ်။
အဖွဲ့အစည်၊ တိုင်းပြည်အတွက် ခဏထားလိုက်ပါဦး။ မိမိရဲ့ နေ့တိုင်းအသက်ရှင်နေထိုင်နိုင်ဖို့အတွက် အလုပ်တစ်ခုခုကတော့ လုပ်နေရမှာပါဘဲ့။
အိမ်ထောင်ဦးစီးတစ်ယောက်လည်း သူ့မိသားစု စားဝတ်နေရေးအတွက် အလုပ်တစ်ခုခု ကိုတော့ လုပ်ကိုင်နေရမှာပါ။ ဒါမှသာလျှင် သူ့မိသားစုရဲ့ နေ့စဉ်ဓူဝ ကိစ္စရပ်များကို သူဖန်တီးပေးနိုင်မှာပါ။
အိမ်ရှင်မ တစ်ယောက်ကလည်း သူ့ရဲ့ မိသားစု အစားအသောက်၊ အ၀တ်အစား၊ ကျောင်းကိစ္စ၊ နေ့စဉ် လုံးချာလည် လိုက်အောင် အလုပ်လုပ်နေကြရတာပါဘဲ့။ တစ်ချက်လေး လစ်ဟင်းလိုက်တာနဲ့ကို သူ့မိသားစုဟာ လစ်ဟင်းတဲ့နေ့အတွက် ကသီကလင် ဖြစ်သွားမှာဘဲ့။
ရုံးဝန်ထမ်း တစ်ယောက်ဟာလည်း သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မလုပ်နိုင်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ စွမ်းရည်ကို တစ်ခြားသူ သတိထားမိပြီး အထင်သေးလိမ့်မှာပေါ့။
ကိုယ့်ကိုလည်း အလုပ်လုပ်နေရင်း ပြန်ဆန်းစစ်ဖို့လည်း လိုအပ်ပါသေးတယ်။
ကိုယ်ဟာ စွမ်းဆောင်ရည်မြင့်တဲ့သူလား။ ယုံကြည့်စိတ်ချရသူလား။ နှစ်လိုဖွယ်ကောင်းတဲ့ သူလား၊ ပရော်ဖက်ရှင်နယ် ပီသသူလား။ ဒါမှမဟုတ် အဲဒါတွေ အားလုံးနဲ့ ဆန့်ကျင့်ဘက်ဖြစ်နေတဲ့ သူလား။
လူဆိုတာ ကိုယ့် image ကို ကိုယ့်ဘာသာ ကိုယ်ဖန်တီးကြတဲ့ သူတွေပါ။ ကိုယ့် Histroy ကိုလည်း ကိုယ်ဘဲ့ရေးသားကြသူပါဘဲ့။ ကိုယ့်ဘာသာကိုယ် ပုံဖော်နေတဲ့ ဒီပုံရိပ်ကို ရှည်းလျားလှတဲ့ ဘ၀ပြေးလမ်းတစ်လျှောက်လုံးမှာ အမှားမကင်းနိုင်ပေးမယ့် အမှားနည်းအောင် အမှားမရှိအောင် ပုံမှန်လေး ပြေးနေဖို့လည်း လိုပါတယ်။
ကိုယ့်ရဲ့ အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ဆိုတာကလည်း ကိုယ့်ရဲ့ အလုပ်လုပ်နိုင်ခြင်း စွမ်းရည်ပေါ်မှာပဲ့ မူတည်ပါတယ်။
ဒါတော့ ကျွန်မတို့ဟာ steemit platform ပေါ်မှာ လျှောက်နေရင်း မိမိဘာသာမိမိ ကိုယ်ပိုင် post တွေ ရေးရင်း၊ steem power တွေ စုဆောင်းရင်းနဲ့ နေ့စဉ် အလုပ်လုပ်ကြပါစို့ရှင့် ။ ။ ။
အမှားပါလျှင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ရင် နိဂုံးချုပ်လိုက်ပါတယ်ရှင့်
Steemit members များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်. ။ ။ ။ ။
Author - #pannthiri
myanmar steemit
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အားပေးသွားပါသည်

ကျေးဇူးတင်ပါတယ်ရှင့်

မှတ်သားထားပါမယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ် ရှင့်

ကျေးကျေး မောင်ငေး

အားပေးနေတယ် အစ်မ

ကျေးဇူးပါရှင့်

အား​ပေ​နေတယ်​ အမ

ကျေးဇူးတင်ပါတယ်ရှင့်

Good Writing sis.

ကျေးဇူးတင်ပါတယ်ရှင့်