နေထိုင်ရာ ကမ္ဘာကြီးက
နွားခြေရာခွက်လေးပမာ
ဒီကျဉ်းကျဉ်းလေးထဲမှာ
ကျောခိုင်းလို့ မရတဲ့
လူပေါင်းများစွာ. . .
တစ်ပတ်လည်ပြီးလို့
ပြန်ဆုံကြမှာ ။ ။ ။
အရှေ့ရပ်က နေထွက်သမျှ
အနောက်ရပ်က နေဝင်ဖို့
ကြိုဆိုပေးနေရစမြဲ
မိဘနဲ့ သားသမီး မေတ္တာ တရားလို. . .
သားသမီးဆိုးတွေကို
ဘယ်လိုမွေးထုတ်ပေးလိုက်ပါစေ
အနောက်ရပ်က နေဝင်သလို
ဆိုးမိုက်ပြီး ပြန်လာရင်
ပြန်လက်ခံစမြဲ။ ။ ။
အဖိုးအခ မပေးရတဲ့
ဒီမေတ္တာတရားတွေ
တုနှိုင်းမရစွာ။ ။ ။
Author- pannthiri
photo model- my father
myanmar steemit