အရောင်ပြယ်နေတဲ့ ပန်ချီကားတစ်ချပ်ကို
အသစ်ပြန်ဖြစ်ဖို့ ဆေးသားတွေ တောက်ပအောင်ခြယ်သလို့
ရနိုင်ပေမယ့် မူရင်း ကာလာနဲ့တော့ ကွဲသွားပြီးပေါ့
စစ်မှန်းခြင်းတဲ့ အရာကနေတော့ ကွဲပြားထွက်သွားခဲ့ပြီပေါ့။ ။ ။
မတူညီတဲ့ အမြင်တွေကြားမှာ ချစ်ခြင်းမေတ္တာ ကမြေစာပင်လေးပေါ့။ ။
ချစ်ခြင်းနဲ့ မေတ္တာတရားတို့ပွဲမှာ
သစ္စာနဲ့ ကတိဆိုတဲ့ အကြောင်းရာတွေကို
ပေါ့ပေါ့ဆဆနဲ့ ထားရင်
တန်ဖိုးမဲ့တဲ့ ချစ်ခြင်းဆိုတဲ့ အရာဖြစ်သွားလိမ့်မယ်
နူးညံ့လှတဲ့ ချစ်ခြင်းမေတ္တာတွေကို
အရောင်စုံကာလာတွေနဲ့ ခြယ်သနေမယ့်အစား
သန့်ရှင်းပြီးကြံ့ခိုင်ကာ အနာမဲ့နေတဲ့
ချစ်ခြင်းတစ်ခုဖန်တီးကြပါလား . . . . .
ယုံကြည်မှုနဲ့သံသယဆိုတဲ့
ချစ်ခြင်းတစ်ခုကြားမှာတော့
တစ်ယောက်အပေါ်တစ်ယောက်
ယုံကြည်ခြင်းမရှိ
သံသယတွေနဲ့ တံဆိပ်ခတ်နှိပ်ထားရင်လည်း
အသံတူကြောင်ကွဲ ဝေါဟာရတွေ
အများကြီး ဖန်တီးနေကြဦးမှာပဲ့
ချစ်ခြင်းနဲ့ လှပတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာဖို့ဆိုတာ
ကတိ၊ သစ္စာ၊ ယုံကြည်မှု တွေနဲ့ တစ်ဦးကိုတစ်ဦး ဆုပ်ကိုင်ထားနိုင်ရမယ်။။ ။
သံသယ ဆိုတဲ့ စိတ်ကိုလည်း ပယ်ဖျောက်နိုင်ရမယ်။
ကိုယ့်ရဲ့ ဘုန်းကံတစ်ခုကြောင့်
ကိုယ့်ဆီကနေ မနေနိုင်ပဲထွက်ခွါသွားတဲ့ သူတစ်ယောက်ကို
ဘယ်တော့မှ ပြန်မဆွဲခေါ်သင့်တော့ဘူးပေါ့. . .
ချစ်ခြင်းများစွာဖြင့် လူသားတိုင်း လှပသော ကမ္ဘာကြီးတစ်ခုကို တည်ဆောက်နိုင်ကြပါစေ. . . . .
Author - pannthiri
Photo credit - google image
myanmar steemit
@Love
လာရောက် အားပေးသွားပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit