ရတနာထုပ် ကိုယ်မှာရှိလျက်. . .

in myanmar •  7 years ago 

ဝေသီခေါင် နက်ရှိုင်းတဲ့ တောတွင်း
စမ်ရေးစီးသံ ငြိမ်းချမ်းစွာဖြင့်
ကျေးငှက် မြူးကာ သာယာခြင်းနဲ့
မွှေးကြူ သောတောပန်း ရနံ့လေးများ ထုံဖွဲ့ကာဖြင့်
ငြိမ်းအေးသာယာလှပေစွ. .

အနှောက်ယှက်ကင်း
လူသူကင်းကာ
မနာလို ဝန်တို မဲ့စွာဖြင့်
ပွင့်လန်းကြကုန် ပန်းပေါင်းစုံ
ရနံ့ထုံမွှေး
ချို မြပေစွ. . .

ဂူတွင်းတစ်နေရာ
တောလှုံကာ
ကျင့်ကြံအားထုတ်
မွေ့လျော်ချင်တာ
တရာဓမ္မနဲ့ပါ. .

မြတ်ဗုဒ္ဓဟောကြား
ဒေသနာတော်များ
တခြားရှာဖို့ မလို
မိမိခန္ဓာတွင်သာ
ရှာဖို့လို

ရတနာထုပ် ကိုယ်မှာရှိလျက်
မရှာဖွေ နိုင်သေးတာ
တို့ ပုထုဇဉ် လူသားများသာ. .

သားရေး သမီးရေး
လူမှုရေး စီးပွားရေးနဲ့
လုံချာလည်လိုက်ကာ
ရုန်းမထွက်နိုင်ရှာ

သေရင်ပါမည့် အထုပ်လည်း
မထုပ်နိုင်သေးတာ
တဏှာတောမှ မရုန်းနိုင်ရှာ. .
အို. . .ဆင်းရဲပေစွ။ ။ ။

image
Author- Pannthiri
myanmar Steemit
photo credit- google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

ရုန်းထွက်​ဖို့ကြိုးစာ​နေတုန်းပါ

ရုန်းထွက်နိုင်ပါစေ . .

အားပေးပါသည်

ကျေးဇူးတင်ပါတယ်