နားလည်မှု (ထာဝရ )

in myanmar •  7 years ago  (edited)

နားလည်မှု (ထာဝရ )

အရူံးပေးထားသူကို မှ
အနိုင်ယူချင်တာလား ချစ်သူရယ် ???
နင် အနိုင်ယူတာ အားမရသေးရင်
ငါ နင့်ရှေ့ မှာ ထာဝရ ဒူးထောက်
အရူံးပေးနေမှာပါ ချစ်သူ……

〰〰〰〰〰〰〰〰

နင့် အတွက် ဆို နားလည်မှုတွေ
ပေးထားလဲ နင်ညာနေတုန်းပဲ
မကျေနပ်သေးရင်ပြောပါဟာ
နင့် စိတ်ကြိုက်လှည့်စားလို့ ရအောင်
ထာဝရ နားလည်ပေးနေမှာပါ ချစ်သူ……

➰➰➰➰➰➰➰➰➰

နင့် အပေါ် တန်ဖိုးထားချစ်နေတဲ့ 
ငါ့အချစ်တွေကို စွန့်ပစ်ချင်နေတာလား
နင့်အတွက်ဆို ငါ့နှလုံးသားက
မုသားတွေ မပြောခဲ့ပါဘူး………

➿➿➿➿➿➿➿➿➿

ပုံပြင် မဟုတ်ခဲ့ပေမဲ့ 
ငါ့ အချစ် နှလုံးသား စကားတွေက
နင့်အတွက် တန်ဖိုး မရှိတဲ့ အမှိုက်တခုလို
သဘောထားပြီး စွန့် ပစ်ချင်နေပြီလား
နင် ယုံအောင် မပြောတတ်ပေမဲ့ 
နင်ပျော်ရွှင်အောင်တော့ ထားနိုင်ပါတယ်

နင့် ကိုလေ ငါ့ရင်ထဲမှာ
ထာဝရ တန်ဖိုးထားမြတ်နိုးနေပါတယ် ချစ်သူ

📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
MSC-115
image

received_1178917088909060.gif

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အသဲနုတဲ့ မိန်းခေးတွေဆိုရင်တော့ အဲ့တော်ကီတွေနဲ့တင် ကြွေသွားမှာ။

အထွေး တို့ က စကားပိုကြွယ်ပါတယ်ဗျာ ညီ က အကိုတို့ ကိုမမှီ ပါဘူး

အခုတ​လောfeelတာ​တွေအလွမ်းပိုများလာတယ်​​နော်​။

မ feel ရတာ ကြာပြီလေ အလွမ်းတွေ အပြည့်နဲ့ ပြန်လာတာဟီဟီ

You got a 30% upvote from @kyawhlaing courtesy of @phyowaiaung!

Thank You @kyawhlaing.

ငဖြိုးရဲ့ Feelling အခန်းဆက်များ😁😁

အခန်းဆက် များပေါ့နော် ။ အားပေးပါအုံး

နှစ်သစ်မှာ အချစ်သစ်ရှာပါဒေါ့လား ☺☺☺

ရှာတော့ပါဘူး ဒီတယောက်တောင် ချစ်လို ဝဘူး။ ဟီဟီ

စာသားတွေကတော့ နုရွနေတာပဲ။