နင်ရှိရာ
Credit :Facebook Photo
ငါကိုယ်တိုင်ကပဲ
အလွမ်းတွေ ကို နှစ်သက်မိနေတာလား…?
တနေ့ တနေ့  မလွမ်းမိတဲ့ နေ့ ရက်
မလွမ်းမိတဲ့ အချိန် ဆိုတာ မရှိပါလားကွာ
အဝေးမှာ ရောက်နေတဲ့  ချစ်သူကို
ယောင်လို့ တောင် မမေ့ဖြစ်ခဲ့ပါဘူး။
နင်ကတော့
အဝေးတနေရာမှာ
အဆင်ပြေနေတယ်လို့ ပြောနေလဲ
ယနေ့ ထိတိုင် စိတ်မချ နိုင်သေးဘူး။
တကယ်တော့
ငါ က အစွဲလမ်းကြီးတဲ့ လူတယောက်ပါ။
ဘာတွေပဲတွေးနေပါစေ
ဘယ်တွေပဲလုပ်နေပါစေ
နင့် ဆိုတာ
ငါအတွေး ငါအိမ်မက်ထဲမှာ
ထိပ်ဆုံးက အစဉ် နံပါတ် တစ်ပါ။
နင် ကမ်းပေးတဲ့ 
လက်တစ်စုံကို ဆုပ်ကိုင်မိဖို့ 
ခရီးရှည် တခုကို နှင်လာခဲ့ပြီ
ချစ်တဲ့ သူရယ်………။
📝ရေးသားသူ ဖြိုးဝေအောင်📝
Author @phyowaiaung
MSC-115
လွမ်းပြီးလေထဲ လွင့်ပါသွားအုံးမယ် 😄
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နိ နာမည်ပါ ပိုပိုလွမ်းလို့ ပြောင်းထားပါလား ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုမလဲချိပါလား နာတင်မချိဒါမှတ်နာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit