ဖခင် တယောက်ရဲ့  နွေးထွေးမှု

in myanmar •  7 years ago  (edited)

ဖခင် တယောက်ရဲ့  နွေးထွေးမှု

ငလှိုင်ရွာကလေးသည် အလင်းရောင် စတင်ထွန်းလင်းဝင်ရောက်လာသည်နှင့် တပြိုင်နက်တောခုတ်သွားသူ လယ်ထဲသွားသူ အိမ်ရှင်မတွေ မီးဖို ချောင်ထဲမှာ ချက်ပြုတ်သံတွေ လူအချို့ သွားလာလှုပ်ရှားမှုတွေနဲ့ တဖြေးဖြေး သက်ဝင်လာပါတော့သည်။
image
ကိုရင်မောင် တယောက်လဲ မနေ့ ညက ဒေါ်လေးပြုံးလာပြောထားတဲ့ စပါးပုတ်ပြတ်ရိတ်ရန်အတွက် မိန်းမဖြစ်သူနှင့့် သမီးလေးအားနှုတ်ဆက်ပြီး ထမင်းထုပ်လေးကိုလက်ကကိုင်ရင်း ဒေါ်လေးပြုံးစပါးခင်းရှိရာ ဆိတ်ဖြူတောင်ကို လျောက်လှမ်းခဲ့လေသည်။
image
စပါးရိတ်ပုတ်ပြတ်ဆိုတာကလဲ အပင်ပန်းခံ နိုင်ရင် ခံနိုင်သလို မနားမနေလုပ်ရင် ပိုက်ဆံပိုရတာကြောင့် မိန်းမနှင့် သမီးလေးကျောင်းစရိတ်အတွက် လုံလုံလောက်လောက် ဖြစ်အောင် ခုလို ပုတ်ပြတ်လေးတွေကို စပါးခင်းပိုင်ရှင်တွေ သဘောကျအောင်လုပ်ပေးသလို ငလှိုင်ရွာတရွာလုံးက ကိုရင်မောင် လုပ်ရည်ကိုင်ရည်ကြောင့် အလုပ်ဆိုတာနဲ့  ကိုရင်မောင်ကိုသာခေါ်ခိုင်းကျပါသည်။စပါးခင်းပိုင်ရှင်တွေကလဲ နေ့ စားခိုင်းတာထက် ပုတ်ပြတ်ခိုင်းရတာ အချိန်တို အတွင်းပြီးတော့ ငွေမြန်မြန်ပေါ်တာကြောင့် ကိုရင်မောင် တယောက်ကိုပဲ အားကိုးနေကျတာပေါ့။

image

မိန်းမဖြစ်သူကိုလဲ အပ်ချုပ်စက်လေး ဝယ်ပေးထားတာကြောင့် သမီးလေးအတွက် မုန့် ဖိုးပေးဖို့ အတွက် အပိုဝင်ငွေလေးရနေပါသည်။
ညနေ ၅ နာရီ လောက် နေဝင်ခါနီး အချိန်တွေလောက် မှ အိမ်ပြန်မြဲဖြစ်ပြီး မီးမရရှိတဲ့ ရွာလေးဖြစ်တာကြောင့် မမှောင်ခင် ထမင်းစားရန်
ရေချိုးဖို့ အတွက် ရွာထိပ်က ရေကန်ရှိရာ အပြေးသွားနေရပါတယ်။မိသားစု ထမင်းလက်စုံ စားရန် မိန်းမ နဲ့  သမီးလေးက ထမင်းစားရန်စောင့်နေကျပါသည်။

image
ထမင်းစားပြီးတော့ မိန်းမ နဲ့ အလုပ်ကိစ္စ စကားပြောနေတုန်း

" ဖေဖေ "

" ကြာသပတေးနေ့ ကျရင် ကျောင်းကပွဲ ရှိတယ်နော် "

" သမီးကို ဝတ်စုံလှလှလေး တစုံလောက်ဝယ်ပေးနော် "

ကိုရင်မောင် ပင်ပန်းနေတာကို နားလည်တဲ့ မိန်းမ ဖြစ်သူ က

" နင့်အဖေ အလုပ်မှာ ပင်ပန်းလာတာ ခဏခဏ ပူဆာ မနေ နဲ့  "

" ရှေ့ လ ကပဲ အကျီ င်္ အသစ်ဝယ်ပေးထားတယ်လေ "

အော်ငေါက်လိုက်တာကြောင့် သမီးလေး ငိုင်သွားပါသည်။

" ဖေဖေ သမီးပူဆာ တာ စိတ်မဆိုး ပါနဲ့ နော် "

" ကျောင်းကပွဲ ကျရင် သမီးနဲ့ တူတူ မိသားစု စုံစုံလင်လင် တရက်လောက် နေပေးပါလား ဖေဖေ ရယ် "

ကိုရင်မောင်တယောက် သမီးလေးပြောတဲ့ စကားကြောင့် ငိုင်မိပြီလေ
တနေ့ တနေ့  ကိုရင်မောင် ခေါင်းထဲမှာ ပိုက်ဆံ ရှာဖို့ အတွက် ပဲတွေးနေတာကြောင့် မိသားစု ရဲ့  ကြင်နာနွေးထွေးမှုတွေ သမီးလေးကို ပေးဖို့ လိုအပ်နေတာကို သမီးလေး စကားကြောင့် သတိရမိသွားတယ်။

သမီးလေးရယ်

" ကျောင်းကပွဲ ကျရင် ဖေဖေရယ် မေမေရယ် သမီးရယ် ဝတ်စုံ အသစ်လေးတွေ နဲ့  တူတူသွားကျမယ်နော် "

"တကယ်နော် ဖေဖေ "

"သမီး ကြာပသတေး နေ့ တောင် မြန်မြန် ရောက်ချင်နေပြီ "

" ပျော်လိုက်တာ "

"သမီးအိပ်တော့မယ်နော် "
image
ကိုရင်မောင် တယောက် မနားမနေ အလုပ်တွေ ကြိုးစားခဲ့ပေမဲ့ မိသားစုရဲ့  ပျော်ရွှင်ကြည်နူးစရာတွေကို သမီးလေးကိုပေးဖို့ မေ့နေတယ်ဆိုတာ သမီးလေးစကားကြောင့် ပြန်သတိရလာပါတော့တယ်။မိသားစု အတွက် ပိုက်ဆံ ရှာပေးတာနဲ့  မလုံလောက်ပဲ ဖခင်တယောက်ရဲ့  ချစ်ခင် ကြင်နာမှု နွေးထွေးမှုတွေ လိုအပ်တယ်ဆိုတာ ကိုရင်မောင် သဘောပေါက်သွားမိပါတော့တယ်။

ရေးသားသူ ဖြိုးဝေအောင်

Credit :google photo
Author @phyowaiaung
MSC-115
received_1178917088909060.gif

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Follo me

ရေးထားတာအရမ်းကောင်းပါတယ်sl

ခုလို အားပေးတာ ကျေးဇူးပါ အမ

ဘဝသရုပ်​​ဖော်​​ပေါ့​နော်

သရုပ်ဖော်တာ ဟုတ်ဘူး အပြင်မှ အယ်အတိုင်းလေး ဘေးကနေ ခံစားရလို့  တွေးပြီးရေးထားတာ

အရမ်း​ကောင်း။ပုံ​တွေလည်း​ကောင်း။

ကျေးဇူး ပါ အမ@eieikhing

warmly family လေး ဖြစ်ဖို့ မိသားစုဝင်တိုင်းမာ တာဝန်ရှိပါတယ်

သေချာတာပေါ့ဟာ မိသားစုဝင်တိုင်း မှတာဝန်ရှိပါတယ်

ကောင်းတယ်။

ကျေးဇူးပါ ဗျာ

This post has received a 0.07 % upvote from @drotto thanks to: @banjo.

ဟုတ်ပါတယ်ဗျာ မြန်မာလယ်သမားတွေရဲ့နေ့စဉ်ဘဝတစ်ခုပါ ဒါပေမယ့် နွေးထွေးမှုကိုရတဲ့သူတွေက ကံကောင်းကြပါတယ်

နွေးထွေးမှု ရှိတဲ့  မိသားစု ဘဝလေးတွေ ပဲပိုင်ဆိုင်စေချင်ပါတယ်

ကောင်းတယ်​​ဗျာ

ကျေးဇူးပါ ဗျာ

ဖခင်မေတ္တာကလည်း မိခင်မေတ္တာလိုရေးဖွဲ့ရမှာပါ ၊အမေဘယ်လောက်ချစ်ချစ် အဖေရိုက်တာက လည်းရင်မှာစွဲစရာပါ၊အဖေ့ကြောင့်သာ ပညာတတ်တွေဖြစ်လာခဲ့ရတော့လေ

ဟုတ် ကိုစိုးရေ ခု လိုဝေဖန်ပေးတာ ကျေးဇူးပါ

အရမ်းတော်ပါလား သုတ နဲ့ ရသ နှစ်ခုလုံးပါတယ်

နင်လောက် မတော်သေးပါဘူးဟာ ခုလို စာတပုဒ် ရဖို့ စာအုပ်တခုလုံး လဲ အကြမ်းရေးထားတာတွေ ပြည့်နေပြီ ၂ရက်လောက် ပြင်ယူရတယ်

သရုပ်ဖော်ရေးနည်းကောင်းဗျားး ကျွန်တော်တော့ သရုပ်ဖော်ရေးနည်းမှာအားနဲတယ် plz v and c me back @mgtoetat

သရုပ်ဖော် တာတော့ ဟုတ်ဘူး အပြင်မှ တွေ့ မိတာလေးကို ရေးလိုက်တာပါ

ကြိုက်​တယ်​ဗျာ သင်​​ပေးဦး

ကို သက်က ဘာတွေ ကြိုက်နေတာလဲဗျာ

စာ​ရေး​ကောင်းတဲ့အ​တွေး

ငွေကအရေးပါတာမှန်ပေမယ့် နေရာတကာတော့မဖြေရှင်းနိုင်ပါဘူး

အရာ ရာကို ငွေ နဲ့ မဖြေရှင်းနိုင်ပါဘူး

Care is love

မိသားစု နွေးထွေးမှုဟာ မဖြစ်မနေ လိုအပ်ပါတယ် ကိုဖြိုးရေ ။

နွေးထွေး တဲ့ မိသားစု ဘဝ လေးတွေ ကို အားကျမိတယ်

Good တယ် bro

ကျေးဇူး ညီရေ

မိသားစုမှာ ပိုက်ဆံအပြင်နွေးထွေးမှု့ကလည်းအရေးကြီးဗျ။ပိုက်ဆံတော့ရှိပါရဲ့ နွေးထွေးမှုမရှိတော့ အိမ်မကပ်ချင်သူတွေ အများကြီး။

မိသားစုမှ နွေးထွေးမှု လိုအပ်ပါတယ်

နွေးထွေးမှုကို ဘာနဲ့မှ မလဲနိုင်ဘူးဗျာ
ထပ်တူခံစားမိတယ်

နွေးထွေးတဲ့ မိသားစု ဘဝလေးက တန်ဖိုးမဖြတ်နိုင်ပါဘူး

ရေးထားတ​ကောင်းတယ်​bro

ကျေးဇူးတင်ပါတယ်ဗျာ ခုလို အားပေးတာ