ဗုဒ္ဓ ပူဇနိယ ပွဲ​တော်​အတွက်​ပြင်​ဆင်​ခြင်း

in myanmar •  7 years ago  (edited)

Myanmar Steemit သူ​တော်​​ကောင်း မိတ်​​ဆွေ အ​ပေါင်းတို့ "မင်္ဂလာပါ" ဟု နှုတ်​ခွန်း ဆက်​သပါ၏။ဤ post​လေးတွင်​ ပထမဦးစွာအ​နေဖြင့်​ တ​ပေါင်းလ၊ မြတ်​စွယ်​​တော်​ ဘုရားပွဲ ကျင်း​ပရန်​အတွက်​ တစ်​ဖက်​ တစ်​လမ်းက လိုအပ်​​သော အကူအညီအား လုပ်​​ဆောင်​​ပုံ၊ ဒုတိယအ​နေဖြင့်​ဘုရား ပွဲအတွက်​ တာဝန်​ ခွဲ​ဝေယူကြပုံနှင့်​ ကျုံမ​ငေးမြို့ မြတ်​စွယ်​​တော်​ သမိုင်းအ​ကြောင်းကို မျှ​ဝေတင်​ပြချင်​မိပါသည်​။

DQmRdihNoTNRsUBBTrMEtASnPQixv2DzmUTyLAXUm68KGmU-picsay.png

နှစ်​စဉ်​ အတုလဗုဒ္ဓ မဟာစွယ်​​တော်​မြတ်​ ဘုရားပွဲ​တော်​အား တ​ပေါင်းလ္ဆန်း (၁၂)ရက်​​နေ့မှ တ​ပေါင်းလပြည့်ေ​ကျာ်​(၄) ရက်​​နေ့အထိ (၈)ည တိုင်​တိုင်​ ဧရာဝတီတိုင်း၊ဝါးခယ်​မမြို့နယ်​ ကျုံမ​ငေးမြို့တွင်​ ကျင်းပပူ​ဇော်​ လျက်​ ရှိပါသည်​။ များမကြာမိတွင်​ ကျင်းပ​တော့မည်​ ဖြစ်​​သော ဘုရားပွဲ အတွက်​ ကျွနု​ပ်​တို့ ဘုရားလူငယ်​ အဖွဲ့များ ယခုရက်​မှ စတင်​ပြီး ဘုရားပွဲမတိုင်​မှိ မိမိကျရာ တာဝန်​များတွင်​ အသီးသီး တာဝန်​ယူစစ်​​ဆေးပြင်​ဆင်​ ကြရပါ​တော့သည်​။ ကျွနု​ပ်​သည်​ ဆိမ်းသာမီးလင်း​ရေးနှင့်​ ဆီမီး​မျှောပွဲတွင်​ တာဝန်​ယူရ​သော အဖွဲ့ဝင်​တစ်​ဦး ဖြစ်​သည်​။

ကျွနု​ပ်​တို့မြို့၏ ​မြေပုံဖွဲ့စည်းပုံ အပိုင်းအ​စ​လေးတစ်​ပိုင်း​ဖော်​ပြပါမည်​။ မြတ်​စွယ်​​တော်​ ဘုရားတန်​​ဆောင်း​တော်​ကြီး
၏လက်​ယာ ဘက်​တွင်​ မြို့မလမ်​ဟု၍ရှိသည်​။ လက်​ဝဲဘက်​တွင်​ ​ပြည့်​သူ​ဆေးရုံကြီးလမ်း၊ ကားလမ်း နှင့်​ အားကစားကွင်းလမ်းရှိသည်​။ တန်​​ဆောင်​​တော်​ကြီး ၏ မျက်​နှာမူရာ အရပ်​တွင်​ဖြင့်​ မူလတန်း​ကျောင်းနှင့်​ ဆိပ်​ ကမ်းသာလမ်းဟု၍ ရှိပါသည်​။ ​အောက်​​ဖော်​ပြပါ map တွင်​ ကြည့်​ရှူ့၍သိနိုင်​ပါသည်​။ www.googlemap.com တွင်​လည်း ​သေးစိတ်​ကြည့်​ရှူ့နိုင်​ပြီး kyonmangay ဟုသာ ရိုက်​ရှာသငိ့ပါသည်​။ အ​ကြောင်းမူကား kyonmange ဟု၍ အာလားတူရှိ​နေ​သော​ကြောင့်​ ဖြစ်​ပါသည်​။

IMG_20180209_111408-01.jpeg

ရက်​ပိုင်းသာလို​တော့သည်​ဖြစ်​​သော ဘုရားပွဲအတွက်​ မိမိတို့ ကျရာတာဝန်​များကိုဖြင့်​ ကြိုတင်​ပြင်​ဆင်​ စစ်​​ဆေး​ကြသည်​။ကျွနု​ပ်​တို့ဆိပ်​ကမ်းသာအဖွဲ့သည်​ မနှစ်​ကအသုံးပြုပြီး သိမ်းဆည်းထား​​သော လျှပ်​စစ်​ accessories ကိုပြန်​လည်​ ထုတ်​ယူကာ မ​ကောင်း​သော ပစ္စည်းများပြန်​လည်​လဲလှဲကြသည်​။ လျှပ်​စစ်ဝါယာကြိုးများကိုဖြင့်​ သွယ်​တန်းမှူ ပျက်​​တောက်​ချင်းရှိမရှိနှင့်​ ​ကြေးနန်းကြိုးများ ပူတွဲ​လျော့ကျ​နေမှူ ရှိမရှိအား ​သေချာ​စေ့စပ်​စွာ စစ်​​ဆေးပြုပြင်​ကြသည်​။

တစ်​နှစ်​အကြာ အသုံးပြုချင်းမရှိဘဲ သိမ်းဆည်းထား​သော ပစ္စည်​များဖြစ်​၍ ဝါယာကြိုးများ၏ တစ်​ချို့​သော​နေရာ များတွင်​ သွယ်​တန်းမှူပျက်​​တောက်​ခြင်းများလည်းရှိသည်​။ ထိုကဲ့သို့ ဝါယာကြိုးများအား ဆက်​လက်​အသုံးပြုခြင်းရ နိုင်​ မရနိုင်​အား စစ်​​ဆေးပြီး အသုံးပြု၍ ရနိုင်​​သေးပါက ပြုပြင်​မွမ်းမံ ဖာ​ထေးဆက်​​တောက်​ပြီးပြူ်​ဆင်​ကြသည်​။

အချို​သော မီးလုံး​လေးများဟာလည်း ​ဆေးကွာသည်​ကတစ်​မျိုး၊ ကွဲသည်​က ကွဲတစ်​ဖုံ အမျိုးမျိုး​သော ပြစ်​ချက်​ များကိုလည်း ​တွေ့ရှိ လဲလှယ်​ရ​သေးသည်​။ 5.W မီးလုံး​​လေးများကို အပြိုင်​သွယ်​တန်းထားသည်​ဖြစ်​၍ စမ်းသပ်​ စစ်​​ဆေးရာတွင်​ များစွာအဆင်​​ပြေသည်​ဟု ဆိုရ​ပေမည်​...။ဤတွင်​ မီးလုံး​လေးများတပ်​၍ မီးစမ်း​သောအခါမီးလုံး တပ်​ဆင်​​သော မီး​ခေါင်း​လေးအတွင်း ​ရှော့ကျ​နေ၍ မီးခိုးတလူလူ ဖြင့်​ ​ညှော်​နံတစ်​​ထောင်း​ထောင်း ဖြစ်​ခဲ့ရ​သေး သည်​။

IMG_0704.JPG

နေ့လည်​ နှစ်​နာရီ မှစ၍ မီးလုံး ဝါယာကြိုးများ led ကြိုးတန်း​လေးများ စစ်​​ဆေးကြရာ ည​နေ ငါးနာရီ သုံးဆယ်​မိနစ်​တွင်​ အားလုံး ​အဆင်​​ပြေ​ကောင်းမွန်​စွာပြီးဆုံးခဲ့​တော့သည်​။

ဘုရားပွဲ ​အောင်​မြင်​စွာ ဖြစ်​​မြောက်​ရန်​အတွက်​ အဖွဲအသီးသီမှ ကျရာတာဝန်​များကို​ကျေပွန်​စွာ ထမ်း​ဆောင်​ကြရ သည်​။ ဘဏ္ဌာထိန်းတာဝန်​၊ ဘုရားပွဲ ဆိုင်​ခန်းခွဲ​ဝေ​ရောင်းချ​ရေး​ကော်​မတီ၊ ကြီးကြပ်​​ရေး​ကော်​မတီ၊ ဇာတ်​ခုံနှင့်​ ဇာတ်​သဘင်​ ​ဆောင်​ရွက်​​ရေး၊ လုံခြုံ​ရေး၊ မီးသတ်​၊ လျှပ်​စစ်​မီးရရှိ​ရေးနှင့်​ လျှပ်​စစ်​မီးလင်း​ရေး အဖွဲများဟု၍ အသီးသီး အဖွဲ့ ၂၀ခန့်​ ခွဲ​ဝေ ​ဆောင်​ရွက်​ကြသည်​။

အတုလဗုဒ္ဓ လက်​ဝဲစွယ်​​တော်​မြတ်​ဘုရားအားကျုံမ​ငေးမြို့တွင်​ ပူ​ဇော်​ပွဲကျင်းပခဲ့သည်​မှာ (၁၃၇၃)ခုနှစ်​တွင်​ ၈၃နှစ်​တိုင်​ဖြစ်​ခဲ့ပြီး ဖြစ်​ပါသည်​။ ဗုဒ္ဓပူဇနိယပွဲ​တော်​အား စတင်​လွှဲ​ပြောင်း​ပေးအပ်​ခဲ့သည့်​(၁၂၉၀)ခုနှစ်​မှ စတင်​ကျင်းပခဲ့ခြင်းဖြစ်​သည်​။ကျွနု​ပ်​တို့ ကျုံမ​ငေးမြို့တွင်​ စွယ်​​တော်​မြတ်​ကြီးအား ဖူး​မျှော်​ခွင်​ရ​ခြင်း၏ ပဓာန ​ကျေးဇူးဇူရှင်​မှာ ဆရာ​တော်​ ဦးဥတ္တမ အရှင်​သူမြတ်​ပင်​ဖြစ်​​ပေသည်​။

IMG_0744.JPG

သီဟိုဠ်​ ၌​ ​ရှေး​ဟောင်းမြို့​တော်​ ကန္ဒီမြို့ (....)​ကျောင်း​တော်​အတွင်းရှိ (​​ကျောင်းေ​တ်ာအမည်အားမိမိမှတ်ဥာဏ်​ နည်းပါး၍ေ​ဖ်ာပြ​​ပေးနိုင်ခြင်းမရှိ​​တော့ပါ)စွယ်​​တော်​တိုက်​မှ သစ္စာအဓိဌာန်​ပြု၍ပွားယူပူ​ဇော်​ခဲ့ခြင်းဖြစ်​သည်​။ သစ္စာ အဓိဌာန်​ပြု၍ တစ်​စုတည်း​သော စွယ်​​တော်​ ကိန်းဝပ်​ရာ ရတနာ​ရွှေကျုတ်​အတွင်း၌ ​ရောင်​ခြည်​​တော်​​ခြောက်​ပါးတို့ ဖြင့်​ အလွန်​တင့်​တယ်​၍ အရွယ်​ အဆင်း အလျင်းတူ​သော စွယ်​​တော်​နှစ်​ဆူအားဖူး​တွေ့​ရ​လေ​သည်​။

ဤ​လောက်​နှင့်​မျှ မပြီး အရှင်​သည်​ မိမိနှစ်​သက်​​သော စွယ်​​တော်​အစစ်​ကိုသာ ပင့်​ယူလို၍ထပ်​မံ အဓိဋ္ဌာန်​ ​လေ​သေည်​။ဆရာ​တော်​ အရှင်​သူမြတ်​သည်​ ရို​သေစွာ သစ္စာ အဓိဋ္ဌာန်​ ပြု​တောင်းပန်​ ပြီး​သော်​ စွယ်​​တော်​ဓာတ်​သည်​ ထူးခြားစွာရတနာ ​ရွှေကျုတ်​အတွင်းမှ ထွက်​၍ ဆရာ​တော်​အရှင်​သူမြတ်​၏ ဦးထိပ်​၌ထား​သော လက်​ဝါး​ပေါ်ရှိ သင်္ကန်း ထက်​သို့ကြွ​တော်​မူ​လေသည်​။

ဤသို့ ဖြင့်​ယ​နေ့ထိ ကျွနု​ပ်​တို့ တစ်နှစ်​တစ်​ခါပူ​ဇော်​ဖူး​မျှော်​ရ​သော မြတ်​စွယ်​​တော်​အားပင့်​​ ​ဆောင်ယူေ​​တာ်​ မူခဲ့​သောဆရာ​တောအရှင်​ ဦးဥတ္တမအား ကျွနု​ပ်​တို့မြို့သူ မြိုသားများ မည်​သို့မျှ ​မေ့မည်​မဟုတ်​ပါ။"ဆရာ​တော်​၏ ​ကျေးဇူးကား ကြီးမားလှပါသည်​ဘုရား" ။
(ခင်​မင်​​လေးစားစွာဖြင့်​-ဖြိုး​ဇော်​ဦး)

Photo by phyozawoo
Writer by phyozawoo
@phyozawooburmes
MSC-071

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good post

Thank

Good writing.

Thank bro.

ဆီမီးမျှောရင် လှမာပဲ အာ့ကျ post ထက်ရေးအုံး ပုံလှတွေနဲ့

သိပ်​လှတာ​ပေါ့မမရဲ့ တင်​ဦးမှာ ဘုရားဖွင့်​တဲ့ရက်​ကစ ​နေ့တိုင်း ပိတ်​ရက်​ထိ ဆက်​တိုက်​တင်​မယ်​မမ.။

စွယ်တော် အကြောင်းလေးသိခွင့်ရတာကျေးဇူးပါ။Good post!

ကျေးဇူးပါ အစ်​ကို ​နောက်​ရက်​​တွေလည်း စွယ်​​တော်​ နဲ့ပတ်​သတ်​တာ​လေး တင်​ပြ​ပေးပါဦးမည်​။

Good writing & post

Thank,

ဝိုး လာလည်အုန်းမယ် ကြုံတဲ့အခါပေါ့

ကြိုဆိုပါတယ်​အစ်ကို 😊။

thanks for sharing bro

Thank

ကုသိုလ်‌‌တွေ တိုး‌စေပါတယ်‌။

ဟုတ်ကဲ့

ဆရာတော် ဦးဥတ္တမ ထူးခြားစွာ စွယ်တော်ပင့်ပုံ သိရတာ ကျေးဇူးပါ နော် ..
Upvoted!

ဟုတ်​ကဲ့ တီတီ၊​နောက်​ခါကျ မြတ်​စွယ်​​တော်​ သမိုင်းအားကိုးကားပြီး အပြည်​အစုံတင်​ပြ​ပေးပါမယ်​။

ဖတ်ရတာအရသာရှိပါပေ၏

ဟုတ်ကဲ့။

သာဓု

သာဓုသာဓုသာဓု။

မြတ်စွယ်တော်ဖူးချင်ပါတယ်

ဘုရားပွဲဖွင့်​တာ​နေ့ ​နေ့စဉ်​ ဖူး​မျှော်​နိုင်​​အောင်​ကြိုးစာပြီး postတင်​​ပေးပါမယ်​အစ်​ကို။

သာဓု သာဓု သာဓု

သာဓု သာဓု သာဓု

ဘုရားပွဲဆိုပျော်တယ်ဝေ့

ဟုတ်ကဲ့

Thank for share

Yes,

ဆီးမီးကုသိုလ်အတွက် သာဓုပါရှင်

ဟုတ်ကဲ့ခင်ဗျ

Thz sharing

ဟုတ်

ခုလို ဘာသာရေးလိုက်စားတဲ့အတွက်လေးစားပါတယ်@phyo

ကျေးဇူးပါ အစ်​ကို။

ဖတ်ရတာကောင်းတယ် bro

ဟုတ်​ကဲ့

ဗဟုသုတရော
လေ့လာမှတ်သားဖို့ အတွက်ပါ
အကျိုးရှိတဲ့postပါဗျာ

ကျေးဇူးပါ။

သာဓုပါ

သာဓု သာဓု သာဓု

သာဓုပါအကို

ဟုတ်​ကဲ့

ကောင်းမွန်တဲ့အတွေ့အကြုံမျှဝေချက်ပါဗျာ

ဟုတ်​ကဲ့ ​ကောင်းချီး​ပေးမူကို ဝမ်း​မြောက်​ပါရ​စေအစ်​ကို။

သာဓုသာဓုသာဓု

🙏🙏🙏

v100%$0.06

good post.brothet

Good idea.မန့်ရင်
မောင်သူရကလည်း good postပါပဲကွာ

ပျော်စရာပွဲတော်လေးပေါ့..