သာသနာနှစ် ၂၅၆၂၊ သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လ ပြည့်ကျော် ၆ရက်နေ(့11,5,2018)×××××(5,5,2018 Satသူမ၏မွေးနေ့) တွင်ကွယ်လွန်သွားရှာသော မ____ အားရည်စူး၍ကျန်ရစ်သူ မိသာစုနှင့် သူငယ်ချင်း များသည် အလှူဒါန ပေးလှူ၍ အမျှပေးဝေပါသည်။ အမျှ အမျှ မျှ ယူလော့မူ ကြပါကုန် သာဓု သာဓု သာဓု၊ အမျှ အမျှ အမျှ ယူလော့မူကြ ပါကုန် သာဓု သာဓု သာဓု၊ အမျှ အမျှ အမျှ ယူလော့မူကြပါ ကုန် သာဓု သာဓု သာဓု။ သူငယ်ချင်းရေ ဖြစ်လေရာ ဘဝ တိုင်းမှာ ခုလို အဖြစ်ဆုံးနှင့် ကွေ့ကွင်းပါစေကွာ၊ကျွန်ုပ်တို့အား လုံး၏ နှလုံးသားထဲတွင် နာကျင်ဝမ်းနည်း နှမျောတသစွာဖြင့် ကွယ်လွန်သွားရှာသော သူငယ်ချင်း၏ ရက်လည်အလှူတွင် အမျှ ပေးဝေနေကြသည်။ သူမ၏ မိဘများ၊ အမျိုးသား နှင့် ကျွန်ုပ်တို့သူငယ်ချင်းတစ်စု၏ မျက်ဝန်းများတွင် ဝမ်းနည်းလွန်လှ၍ ဖြစ်ပေါ်လာသော မျက်ရည်စများအား ထိန်းမထားနိုင်ခဲ့ချေ။
မြချယ်ကလေးသည် 1999 may,5 ရက်နေ့တွင် မွေးဖွား ခဲ့ပြီး ယခု 2018 may,5ရက်နေ့တွင် ၁၉နှစ်ပြည့်ခဲ့ပေပြီ။ ကျွန်ုပ်၏ အသက်အောက် ၂နှစ်ခန့်ငယ်ရွယ်ပြီး သူမ၏ အမျိားသားနှင့်ပတ်သက်၍ ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးခဲ့ကြ လေသည်။ အိမ်ထောင်သက်မှာ ၁နှစ်ကျော်မျှသာရှိပြီး လူငယ်တို့သဘာဝ စိတ်တိုင်းမကျတိုင်း ဇနီးမောင်နှံ ခဏခဏ စကားများတတ်ကြပေသည်။ အဆိုးဆုံးဟု၍မျိုးတော့မဟုတ်။ သိုသော်လည်း ခဏနေ ပြန်တည့်ကာ အတူတူပင် ဖြစ်ကြပြန် သည်။ သူမသည် အိမ်ထောင်ကျပြီးသည်နှင့် ယောင်နောက်ဆံထုံးပါ ဆိုသည့်တိုင်း သူမ၏ အမျိုးသားမိများ အိမ်သို့လိုက်ပါနေခဲ့သည်။ သူမအမျိုးသား၏ မိဘများသည်လည်း ပြည့်စုံသည်ဟု ဆိုရပေမည်။ ကိုယ်ပိုင် ခြံမြေ လယ်ယာများနှင့် အခြားသော စီးပွားရေးများလည်း ရှိပေသည်။
သူမတို့ဇနီးမောင်နှံသည် ၎င်းတို့အိမ်ဆိုင်(အိမ်ရှေ့ဈေး ဆိုင်တည်)ကလေးတွင် ဝိုင်းဝန်း ကူညီ လုပ်ကြသည်။ လယ်ယာလုပ်ငန်းရှင်တို့ဖြစ်သည့်နယ် အိမ်ထဲသင်တော်ရာ နေရာအချို့တွင် ဆန်အိတ်များ၊ စပါးအိတ်များ ရှိတတ်ပေ သည်။ သူမတို့ ဇနီးမောင်နှံ သည် ညနေနေအေးချိန်များတွင် မြို့ထဲသို့ ညင်သာစွာဆိုင်ကယ်လှည့်ပတ်စီးနင်းတတ်ကြသည်။ ကျွန်ုပ်တို့နှင့် လမ်းမာဆုံလျှင်တောင် `အရင်လိုဘဲလား ရန်ဖြစ် ကြသေးလား´ဟုတောင် စနောက် တတ်သည်။
မချယ်သည် ထမင်းဝိုင်းပြင်ကာရေမိုးချိုးပြီး သနပ်ခါးလိမ်းနေ သည်။ သူမ၏ အမျိုးသားသည် ဈေးဆိုင်ထဲတွင်ရောင်းလက်စ customer အား ငွေရှင်းပြန်အမ်း လက်စသတ်သည်။ သူမ၏ ယောက္ခမ နှစ်ဦးသည် ထမင်းဝိုင်းတွင် သားနှင့်သမီး ချွေးမအား စောင့်ဆိုင်းကာနေသည်။ မြချယ်သည် သနပ်ခါးလူး အဝတ်စားလဲပီးသော် လက်ဆေးရန်အတွက် နောက်ဖေး သို့သွားမည်အပြု စပါးအိတ်ဘေးတွင်ထားသော ဖိနပ်အား အလျင်မြန်စီးလေရာ စပါးအိတ်ဘေးတွင် အသင်ရှိနေသော 1liter ရေသန့်ဘူးအဖုံးသာသာခန့်ရှိသော မဲမဲရှည်ရှည် ပိုးကောင်သည် မြချယ်၏ ချေခုံအထက်သို့ထိလေသည်။
သိသည်နှင့် ယောက္ခမနှစ်ပါသည် အပြေးလာကာ ခြေသလုံးဝယ် ကြိုးဖြင့်တင်းတင်ချည်နှောင်လေသည်။ စိတ် ထဲတွင်လည်း တပြိုက်နက် ငါ့ချွေးမအား အနီးရှိ မြန်မာမြွေဆရာထံပို့မည်လော ဆေးရုံသို့ပြေးရ မည်လော တွေးလေသည်။ မိမိ သား/သမီးအရင်းမဟုတ်သည့်နယ် တစ်ခုခုလွဲချော်ကာမူ မိမိအပြစ်ဖြစ်မည်ဆိုးသောကြောင့် ဆေးရုံသို့သာ ပိုဆောင်ရန် လျှင်မြန်စွာ ဆုံးဖြတ်ခဲ့ပြီး ဆိုင်ကယ်ဖြင့် ဆေးရုံသို့ အပြင်းနှင်ခဲ့လေသည်။
၎င်းပိုးကောင်သည်လည်း အဘယ်သို့ရွေ့သည်မသိခဲ့ချေ။ ၅မိနစ်ခန့်ကြာ ဆေးရုံသို့ရောက်လေသည်။ သူမပိုးထိ လာကြောင်း ဆရာဝန်များနှင့် ဆရာဝန်မများအား အသိ ပေးလေရာ ကုတင်ပေါ်တွင်ထိုင်ခိုင်းစေပြီး ဘာမြွေကိုက် တာလဲ ဘယ်နေရာလဲဆရာဝန်ကမေးသည်။ သူမသည် အဆိပ်တတ်သည် လက္ခဏာ မပြသေး၍ သူမကိုယ်တိုင်ပင် သမီးခြေထောက်ကိုပါဆရာ မြွေက မဲမဲရှည်ရှည် အလုံးက ဘယ်လောက်ဟု လက်ဖြင့်ဝိုင်းပြသည်။ ဆရာဝန်သည် ဆရာမများအား ခြေထောက်တွင်ချည်လာသောကြိုးအား ဖြည်ခိုင်းစေပြီး စောင့်ကြည့်ထားဟု မာကြားကာ နားနေခန်းသို့ ထွက်သွားလေသည်။
ဆရာမများကလည်း ချည်နှောင်ထားသော ကြိုးကိုဖြည်ပြီးချင်း လက် ထိတ်အားသွေးဖောက် ဖောက်ကာစစ်ဆေးသည်။ ဆီးအားလည်းတောင်း၍ စစ်ဆေးသည်။ သို့သော် မည်သည့် လက္ခဏာ မှမပြချေ။ မဆိုးရိမ်ရပါ ဟုပြော၍ စောင့်ကြည့် ထားခိုင်းပြန်သေးသည်။ ဆေးရုံတတ်ရမည်ဟုပြောသဖြင့် သူမ၏ အမျိုသားအား လိုအပ်သော ပစ္စည်းများ အပြန်ယူခိုင်းပြန်သည်။ သူမအမျိုးသား၏ အဖေသည် သမီးဘယ်လိုနေလဲ ဟု ခဏခဏ ဘေးထိုင်ကာမေးချေသည်။ နာရီဝက် ခန့်ကြာသော ခေါင်းမူတယ် ပြောလာသည်။ ထိုဦးလေးကြီး သည် ဆရာမအားပြေး၍ ပြောပြသည်၊ ကလေးမလေး ခေါင်း မူးလာတယ် ဟု သတင်းပို့သည်၊ ဆရာမများသည် မည်သို့ အမူအရာမရှိ ကလေးရှိရာလည်း လာမကြည့်။ နောက်၁၀ မိနစ်ခန့်ကြာ အန်ချင်သည် ပြောလာ၍ သူမ အဖေ သည် အိပ်ခုတင်ပေါ် အန်ချခိုင်းလေသည်။ ဤတွင် အဝါရောင် အရည်များ အန်ချလေသည်။
ဒုတိယ အကြိမ် ဦးလေးကြီးသည် ဆရာမထံ ပြေး၍ ပြောသည် ထိုအခါမှ ဆရာဝန်မတို့သည် ဆေးလေးတစ်လုံးလာထိုးပေးပြီး ၂နာရီစောင့်ကြည့်မည်ဟာပြောပြန်သည်။ စုစုပေါင်းတစ်နာရီ အတွင်းတွင် ကလေးမလေးသည် အကြိမ်ပေါင်းများစွာ အန်ချေတော့သည်။ ထိုအခါ ဆရာဝန်သည် အခြား ဆေးရုံ ဝါးခယ်မ(ကျုံမငေးနှင့်၁၂မိုင်အကွာ) သို့လွှဲလေသည်။ ဝါးခယ်မရောက်သော် ဝါးခယ်မဆေးရုံမှ ရန်ကုန်သို့ လွှဲချေပြန်သည်။ လမ်းတွင်ကလေးသည် အချေ အနေစိုးရိမ်ရ၍ ပန်းတနော်ဆေးရုံသို့ဝင်ခဲ့ သည်။ ဆေးရုံမှ ဆရာမကြီးက အခြေအနေ မကောင်းဘူး မြွေဟောက်ကိုက်တဲ့ လက္ခဏာ နှလုံးကိုရောက်နေပြီပြောပြီး ဆေးသုံးလုံးထိုးကာ ဆရာဝန်မ သုံးဦးထည့်ပေး၍ ရန်ကုန်သို့အလျှင်အမြန် သွားရန် မှာကြားသည်။
သို့သော် ကံမကောင်းစွာဖြင့် မြချယ်ကလေးသည် ရန်ကုန်မ ရောက်မှီး မိုင်ပေါင်းများစွာအလို လမ်း၌ပင် တစ်ချက် လူးလွန့်ကာ ကွယ်လွန်သွားရှာပေတော့သည်။ ထိုသတင်း ကြားရသူ မြို့သူမြို့သားအပေါင်းတို့ပင် များစွာ ဝမ်းနည်းမူခံစား ရချေသည်။ သူမ၏ မိဘ၊ အမျိုးသားတို့၏ ရင်ထဲဝယ်..........။
- ရှောင်လွှဲ၍ မရတိုက်ဆိုင်လာ၍ အဆိပ်ရှိသော သတ္တ၀ါအချို့ထိခဲ့သော် ဇီဝိတဒါနဖြင့် အောက်ပါ နည်းလမ်းအချို့အား ပြန်လည်မျှဝေပါသည်။
- ဒန္တသုခ (တောဓားပြ)ဆေးပင်

မြန်မာနိုင်ငံ နေရာ အနှံအပြားတွင်အများအားဖြင့် တွေ့မြင်ရပြီး အရွက်မှာ ဆေးခါးရွက်နှင့်ဆင်တူကာ အပွင့်မှာ ခရမ်းရောင် ပန်းကလေးများဖြစ်သည်။ အပင်ကလေးများသည် တစ်ထွာမှ သုံးပေ အထိ အမြင်ရှိပေသည်။ ရခိုင်ဆရာတော်တစ်ပါးမှ ဆေးပညာလိုက်စား၍ တွေ့ရှိခဲ့ရာ လွန်ခဲ့သော ၁၅နှစ်ခန်က စမ်းသပ်သုံးစွဲခဲ့ရာ ရာနုန်းအပြည့်အောင်မြင်ကြောင်းသိရသည်။
အဆိပ်ရှိသော သတ္တ၀ါ ဟုသမျှ ပျောက်ကင်းကြောင်းနှင့် အထူးသဖြင့် မြွေပွေး မြွေဟောက်ကဲ့သို့သော အဆိပ်ပြင်း များအား ၅မိနစ်အတွင်းသက်သာ ပျောက်ကင်း သည်ဟု ဖော်ပြ ထားပါသည်။
အရွက်အားခူး၍ ရေဆေးကာ ဝါးပါ။ ထွက်လာသောအရည် အား အနာဝတွင်သုတ်လိမ်း၍ အဖက်အားမြိုချပေးပါ။
- မြွေဟောက်ပင်
မြွေဟောက်ပင် သည် ရှားပါသော အပင်မျိုးဖြစ်သည်။ ပေါက်ကာ စတွင် မြေပင်မှ နှစ်ပေခန့်မြင်တတ်ပြီး ပြန်လည် ငိုက်ကျကာ မြေပြင်နှင့်ထိသည့်နေရာမှ အမြစ်ထွက် အတတ် ထွက်ပြီးပွားသော အပင်မျိုးဖြစ်သည်။
အရွက်သည် ခံတတ်ရွက်ထက် ဗျက်ကြီးပြီး မျက်နှာပြင် အပေါ်ဘက်တွင် သိသိသာသာ အမဲစက် တစ်စက်ရှိသည်။
အရွက်အား အရည်ညှစ်လိမ်း၍ ကပ်ပေးခြင်းဖြင့်သက်သာ ပျောက်ကင်းပေသည်။
ဤဆေးနည်း အချို့ဖြင် အဆိပ်သင့်ခြင်းအား ကာကွယ်နိုင်ကြပြီး။ ကုသချိန်အား ကြာရှည်အောင် ပြုနိုင်ကြပါစေ။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyozawoo
@phyozawooburmes
MSC-071
အနောက်တိုင်းဆေးနဲ့ ကုမရတဲ့ ရောဂါတော်တော်များများကို ကိုယ့်တိုင်းရင်းဆေးနဲ့မှကုလို့သက်သာတာတွေ တစ်ပုံကြီးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တာပေါ့ အစ်ကို လက်ခံပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာ့တိုင်းရင်းဆေးနဲ့ပါတ်သက်ပြီးတော်တော်လေ့လာထားတာဘဲ ခုလိုဝေမျှပေးလို့ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့အောက်လဲ မဟုတ်ပါဘူး အစ်မ နည်းပါးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I don't know about your post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုတိုင်းရင်းဆေးအစွမ်းသိရလို ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်ကို ဝမ်းနည်းလိုပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းစရာပါ😢...အရေးပေါ်အဆိပ်ပြေစေတဲ့ဆေးနည်းတွေမျှဝေပေးလို့ကျေးဇူးပါ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အနည်းဆုံးတော့ အချိန်ပိုရနိုင်တာပေါ့ အမရယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာလဲညေး ဆေးကုစားတော့မှာလား အိမ်ခေါ်အုံးမှပါ ဆေးဆရာကို😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟား သောက်စားရိတ် တာဝန်ယူရင် လိုက်မေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သနားပါတယ် သား😔😟
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
what mean of -----
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
She is mean "Sorry.!"
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သနာပါတယ် ဆေးရုံရောက်တာစောရဲ့သားနဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အစ်မ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါက ဆရာဝန်တွေရဲ့ပေါ့ဆမှုပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ညီလည်း အဲ့လိုဘဲ ထင်မိပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြွေဟောက်ပင်က တော့ …ကြားဖူးတယ်ဗျ စွမ်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းစရာပါဘဲဗျာ ကျန်းမာရေးဝန်ထမ်းတွေကလည်း ပေါ့လျော့လွန်းကြပါတယ် ကိုယ်ချင်းစာစိတ်နည်းပါးလှပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လိုတောင် ပြောရမလဲ မသိတော့ပါဘူး အစ်ကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာ့ဆေးစွမ်ကောင်းတစ်ခုကို ဖေါ်ပြပေးလို့ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါက ဆရာဝန်တွေနဲ့ ပိုဆိုင်နေသလိုပဲဗျာ။ဆေးပညာရပ်ကို မသိတော့လည်းခက်သားလား။ဘာပဲဖြစ်ဖြစ် မလွန်ဆန်နိုင်တဲ့ သေမင်းကြီးကတော့ ခေါ်ဆောင်သွားပြီဆိုတော့ ကံစီမံရာပေါ့ဗျာ။ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အစ်ကိုရာ ဝမ်းနည်းတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit