-ကိုယ်​​တော်​များနှင့်​ အလည်​တစ်​​ခေါက်​-

in myanmar •  7 years ago  (edited)

ချစ်​ခင်​​လေးစားရ​သော စတီးမစ်​မြန်​မာများ မင်္ဂလာပါ။

ဧပြီလ၈ရက်​​နေ့ မ​နေ့က​ပေါ့ ကျွန်​​တော်​အစီအစဉ်​မရှိဘဲ သွားဖြစ်​ခဲ့တဲ့ ခရီးတို​လေးတစ်​ခုအ​ကြောင်း အနည်းနည်း သီးကုံး​ရေးဖွဲ့ ချင်​မိပါတယ်​။ "ကို​ယ်​​တော်​များနှင့်​ အလည်​တစ်​​ခေါက်​" လို့ အမည်​​ပေးထားသည့်​ အတိုင်း ကျွန်​​တော်​တို့ ခရီးစဉ်​က​​လေးဟာ သံဃာ​တော်​များ ကို​ရင်​က​လေးများနှင့်​​ပေါ့။

IMG_1054-01.jpeg

နံနက်​ခင်း နိုးထလို့ဆိုင်​ထွက်​ဖို့ရန်​ ပြင်​ပြီး လမ်းမကြီးတစ်​ခု၏ လမ်းသွယ်​ ​လေးတစ်​မှာ ဖွင့်​ထားတဲ့ ကဖီးဆိုင်​​လေးကို အရင်​ဆုံးဝင်​ဖြစ်​ခဲ့သည်​။ ကဖီးဆိုင်​က​လေးကဖြင့်​ အရမ်းကြီးခန့်​ညားထည်​ဝါမူ မရှိ​သော်​လည်း ကျွန်​​တော်​တို့ နယ်​မြို့က​လေး အတွက်​​တော့ သင့်​​လျော်​ပါသည်​။

ကဖီး ဆိုင်​က​လေတွင်​ အတူထိုင်​​နေကျ သူငယ်​ချင်းနှင့့်​တွေ့ဆုံပြီး ဇလွန်​ဘုရာဖူးသွားရန်​ ဖိတ်​​ခေါ်သဖြင့်​ အတန်​ငယ်​ စဉ်​စားကာ ဆုံးဖြတ်​ချက်​တစ်​ခုချခဲ့သည်​။ ဆိုင်​ဖွင့်​ရန်​ ရှိ​သေးသည်​က တစ်​​ကြောင်း၊ ဇလွန်​ဟု​သော မြို့သို့တစ်​ခါ​မျှ မ​ရောက်​ဖူး​သေးသည်​ကတစ်​​ကြောင်း အ​တွေးနှစ်​ခုဖြင့်​ အပြန်​အလှန်​ လွန်​ဆွဲခဲ့ရသည်​။ ​နောက်​ဆုံးတွင်​ အဝတ်​အစား ပြန်​လဲကာ ဇလွန်​ ဘုရားဖူးသို့ ကျွနု​ပ်​လိုက်​ပါခဲ့​တော့သည်​။

ကျွနု​ပ်​တို့ Townace​ ​မော်​​တော်​ကားဖြင့်​ ကိုရင်​ က​လေး ၂၁ပါး လိုက်​ပါခဲ့ပြီး ကြက်​တူ​ရွေးကား က​​လေးတွင်​ ဘုန်းကြီး ၆ပါးခန့်​ လိုက်​ပါခဲ့ကြသည်​။ လမ်းခရီး တစ်​​လျောက်​တွင်​ ကိုရင်​က​လေးများ တစ်​ပါနှင့်​တစ်​ပါး ကျီစားသဖွယ်​ စ​နောက်​ ရယ်​​မော ​ပျော်​ရွှင်​​နေကြသည်​။ ဆိုးသည်​က အီး​ပေါက်​ခြင်းပင်​။အ​ရှေ့ဘက်​တွင်​ ထိုင်​​နေ​သော ကိုရင်​က​လေးများမှ အီး​ပေါက်​​ သော​ကြောင့်​ ​နောက်​တွင်​ ထိုင်​​သောကိုရင်​က​လေးများ ဒုက္ခ ​တွေ့ရ​တော့သည်​။ ကားတစ်​စီး လုံး အီးနံများပျံ့နှံ့ သွားသည်​။

IMG_1098-01.jpeg

ကျွနု​ပ်​မှာလည်း ကိုရင်​က​လေးများ အပြုအမူ အ​ပြောအဆို ​တွေအား မြင်​​တွေ့ ကြားရပြီး သ​ဘောပင်​ကျ​နေ​ပေ​သည်​။ နံနက်​ ၈နာရီမှ ကျုံမ​ငေးသို့စတင်​ထွက်​ခွာလာကြရာ ၁၁ နာရီ ခန့်​တွင်​ လမ်း၌​တွေ့ရာ ဘုန်းကြီး​ကျောင်း တစ်​​ကျောင်းသို့ ဝင်​​လျောက်​၍ သံဃာ​တော်​များ ကိုရင်​က​လေးများအား ဆွမ်းကပ်​၊ဆွမ်းစား ပြုလုပ်​ကြသည်​။ ဆွမ်းမစားမှီ ​ရေးချိုးသည့်​ ကိုယ်​​တော်​များ နှင့်​ သန့်​စင်​ခန်းဝင်​သည့်​ကိုယ်​​တော်​များဖြင့်​ ၄င်းဘုန်းကြီး​ကျောင်း​​လည်း သိုက်​သိုက်​မြိုက်​မြိုက်​ပင်​ရှိခဲ့သည်​။
IMG_1117-01.jpeg

ကိုယ်​​တော်​များဆွမ်းဘုန်းပြီးသည်​နှင့်​ ကျွနု​ပ်​တို့လည်း ခရီးဆက်​ခဲ့ သည်​။ ကျွနု​ပ်​တို့ ဘုန်းကြီး​ကျောင်းသားများကဖြင့်​ ကိုယ်​​တော်​များအား ဦးစား​ပေး ဆွမ်းကပ်​ခဲ့ခြင်းသားဖြစ်​ပြီး မိမိတို့ ​နေလည်​စာ စား​ငေါက်​ခြင်းမလုပ်​ခဲ့ပါ။လမ်းတစ်​​လျောက်​ ဓနုဖြူ စ​သော မြို့ရွာများအား ဖြတ်​သန်း​မောင်းနှင့်​ခဲ့ပြီး ​နေ့လည်​ ၁ နာရီ ၁၅ ခန့်​တွင်​ ဇလွန်​သို့ ​ရောက်​ရှိခဲ့သည်​။ ဦးစွာ ဇလွန်​ဘုရားသို့ဝင်​​ရောက်​ဖူး​မျှော်​ပြီး သံဃာ​တော်​များက ဘုရား ဝန်းတစ်​​လျောက်​နှင့်​ ​ဈေးတန်းတစ်​​လျောက်​ လှည့်​လည်​ဖူး​မျှော်​ ​ကြည့်​ရှူ့ အပန်း​ဖြေကြသည်​။ ကျွနု​ပ်​တို့ကဖြင့်​ ဘုရားဖူးပြီး မြို့ထဲတွင်​ ​နေလည်​စာ စား​သောက်​ကြသည်​။ စား​သောက်​ကြ သည်​​ပေါ့အဟီ။

IMG_1137-01.jpeg

IMG_1122-01.jpeg

ကျွနု​ပ်​ တို့စား​သောက်​​နေစဉ်​ လက်​စသတ်​ခါနီး သံဃာ​တော်​ များမှ ​ညောင်​​ချောင်း​သာ အပန်း​ဖြေစခန်းသို့ ခရီးဆက်​မည်​ ​ပြောသဖြင့်​ ခပ်​သွပ်​သွပ်​ ပင်​လက်စသတ်​ခဲ့ကြသည်​။ ကိုယ်​​ တော်​များအား ခတ္တ မျှ ​တောင်းပန်​ပြီး ​ဘုရားပွဲ​ဈေးတန်းသို့ ဘုန်းကြီး​ကျောင်းသားတစ်​သိုက်​ ဝယ်​ချမ်းစရာများ ဝယ်​ချမ်း ကာ ခရီးဆက်​ခဲ့သည်​။

IMG_1149.JPG

IMG_1150.JPG

အပြန်​လမ်းတွင်​ ဓနုဖြူမြို့ရှိ ဥမ္မာဒန္တီ ကမ်းခြေ သို့ဝင်​​ရောက်​ လည်​ပတ်​ခဲ့ကြ​သေးသည်​။ ဘုရာလည်း ဖူးခဲ့ကြသည်​။ ဤတွင်​ ​ထူးဆန်း​သော ​စေတီ တစ်​ဆူအားဖူး​မျှော်​ခွင့်​ရခဲ့သည်​။ထို​စေတီ​ တော်​ကန်​အတွင်းသို့ ​ရေမဖြည့်​ရဘဲအလိုအ​လျောက်​ ​ရေပြည့်​ လာခြင်း၊အလိုအ​လျောက်​​ရေကျသွားခြင်းဟု​သော ထူးခြားချက်​ ​ရှိ​ပေသည်​။

IMG_1163-01.jpeg

ဘုရားတွင်​ နာရီဝက်​ခန့်​ လှည့်​ပတ်​ဖူး​မျှော်​ကြရင်း ဖိုးသူ​တော်​ အရုပ်​ကြီးများ အ​ဆောက်​အဦးများ အား ဖမ်းယူရိုက်​ကူးခဲ့ ကြ သည်​။ ပြီး​နောက်​ လူပြန်​စုကာ ​ညောင်​​ချောင်းသာသို့ ခရီးဆက်​ ​ခဲ့ကြပြန်​သည်​။ ​ညောင်​​ချောင်းသာသို့ ​ညောင်​တုန်းလမ်းကွဲမှ သွား​ရောက်​ရပြီး၊ ရန်​ကုန်​နှင့်​ဆိုလျင်​ ၄၅မိနစ်​ခန့်​သာ ​မောင်း နှင့်​ရသည်​။

IMG_1208-01.jpeg

ညောင်​​ချောင်းသာတွင်​ အ​ပျော်​ဆုံးသူများမှာ ကိုရင်​ငယ်​က​လေး
များသာဖြစ်​​ချေ​တော့သည်​။ ၄င်းကမ်း​ခြေတွင်​ ​​၆​ယောက်​ထိုင်​ ​ဖိုက်​ဘာခုံတစ်​ဝိုင်းလျှင်​ ၁၀၀၀၀(တစ်​​သောင်း)​ပေးရပြီး ကိုယ်​​တော်​များအတွက်​၅ ​ထောင်​ဖြင့်​ ​ဈေး​လျော့​ပေး​ချေသည်​။ကိုရင်​က​လေး များက​တော့ ​ရောက်​သည်​နှင့်​ သင်္ကန်းများလဲကာ ကမ်း​​ခြေတစ်​​လျောက်​ ​ပြေးလွှား​ဆော့ကစား​နေ​လေရဲ့ ။

IMG_1199-01.jpeg

ကျွနု​ပ်​တို့​ကျောင်းသား သုံးဦးမှာ​တော့ ​နေကလည်းပူ ကား​မောင်း ထားသည်​မှာလည်းပန်း ​နေ​သော​ကြောင့်​ ​ရေထဲဆင်​မည်​အပြု အဝတ်​အစားက အပိုမပါ။ ​ဘောင်းဘီ ​လေးတစ်​​ယောက်​ တစ်​ထည်​စီ ဝယ်​မည်​လုပိ​တော့ သုံးထည်​ကို တစ်​​သောင်းခွဲ​လောက်​ကျလိမ့်​မည်​။ထိုကမ်း​ခြတွင်​ အစစ အရာရာ ​ဈေး အလွန်​​ပေးရသည်​။

မထူး​တော့ တစ်​​သောင်းခွဲ​လောက်​ကုန်​မည့်​အတူတူ ​ရေထဲဆင်းမ​နေ​တော့ ငါးကင်​တစ်​​ကောင်​မှာပြီး အ​အေးသာ ထိုင်​​သောက်​​နေ​တော့သည်​။(မြန်​မာဘီယာ အ​အေး) ဘုန်းကြီး​တွေနှင့်​ မသင့်​​တော်​​သော​ကြောင့်​ အဟမ်း ​ဘေးနား သဲ​သောင်​ပြင်​​ပေါ်မှာဘဲ သုံး​ယောက်​သား ဘီဘီ သုံးလုံးကစ်​ လိုက်​​​ပေ​တော့တယ်​။ ထိတိုင်​​အောင်​ထိုင်​ခုံ ငှါးသူကလည်း ​ဈေး​လျော့​ပေးမယ်​ ထိုင်​ခုံယူဦးမလား လာစပ်​​နေ​သေးသည်​။

IMG_1204.JPG

ည​နေ​စောင်းလို့ မိုးချုပ်​စပြု​နေပြီ ကိုရင်​က​လေး​တွေ ခုထိ​ရေ ထဲကတက်​မလာကျ​သေး စာချကိုယ်​​တော်​ ကိုယ်​တိုင်​ ​ရေထဲဆင်း၍ တုတ်​ကိုင်​မှသာ ကိုရင်​က​လေးများ ​ရေထဲ မှတတ်​လာကြသည်​။ ​ရေစို သင်္ကန်း​တွေလဲ သင်းပိုင်​​တွေလဲပီး အပြန်​လမ်းကို စတင်​ချီတတ်​ကြ​တော့သည်​။ အပြန်​လမ်း တစ်​​လျောက်​ ကိုရင်​က​လေးများ အလာ​ကဲ့သို့မတတ်​ကြွ​တော့ ​ချေ။ ​ရေကစားထား၍ ပန်းသည်​က​တစ်​​ကြောင်း၊တစ်​​နေကုန်​ ကားစီးရ၍ ပန်းသည်​ကတစ်​​ကြောင်း ည ၈ နာရီထိုးသည်​နှင့်​ သင်္ကန်းများခြုံကာ မှိန်း​နေကြ​တော့သည်​။ ည ၁၁ နာရီတွင်​ ကျွနု​ပ်​တို့မြို့သို့ ​မော်​​တော်​ကား ဆိုက်​ကပ်​ပြီး ကိုရင်​များ ကိုယ်​​တော်​များ အသီးသီး မိမိအ​ဆောင်​ သို့ချီတတ်​ကာ အနားယူကြ​တော့​လေသည်​။

ကျွနု​ပ်​တို့လည်း မိမိအိမ်​သို့ ပြန်​ခဲ့ကြပြီး တစ်​​နေ့တာ ​ပျော်​ရွှင်​ ​စရာများ ရယ်​​မောစရာများဖြင့်​ အိပ်​စက်​ အနားယူ ကြ​တော့​ ချေသည်​။

(ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး)
Photo by me.
MSC-071
@phyozawooburmes

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကုသိုလ်လည်းရ ဝမ်းလည်းဝ လိပ်ဥကောတူးခဲ့သေးလားဗျ

လိပ်​မ က​လေး​တွေ​တော့ ​တွေ့ခဲ့သား။

WARNING! The comment below by @upvotebott leads to a known phishing site that could steal your account.
Do not open links from users you do not trust. Do not provide your private keys to any third party websites.

ခရီးစဉ်​​ကောင်းပါ...​ပျော်​ဖို့​ကောင်းပါတယ်​...ကမ်း​ခြေလည်းလှတယ်​...

ဟုတ်​တယ်​ အစ်​မ ကမ်း​ခြေ​လေးက လည်း လှပါတယ်​။

ဇလွန်‌ ပြည်‌‌တော်‌ပြန်‌ ဘုရားကို ဖူးချင်‌‌တယ်‌ဗျာ။

လာဖူးလှည့်​​လေ အစ်​ကို..😊IMG_1122-01.jpeg

အရမ်း​ပျော်​ဖို့​ကောင်းတဲ့ ခရီးစဉ်​​လေးပါဘဲဗျ

Yes,

အားကျတယ် ဗျာ 😁😁

အဟား. လိုက်ခဲ့လေ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by phyoaungoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘီဘီတော့ကြိုက်တယ်

ကစ်ပလိုက်။

အလည်​ထွက်​ရတာ​ကောင်းတာ​ပေါ့ဗျာ ဗဟုသုတရတာ​ပေါ့

ဒါပေါ့ အစ်ကိုရဲ့

Congratulations @phyozawooburmes! You have received a personal award!

Happy Easter 2018
Click on the badge to view your own Board of Honor on SteemitBoard.

Upvote this notificationto to help all Steemit users. Learn why here!

ရှေ့က ကိုရင်တွေလုပ်ထည့်လိုက်တာ ရယ်ရတယ်ဗျာ

အသွား​ရော အပြန်​​ရောကစ်​ လိုက်​ကြတာ ဟား။ နာ​ခေါင်း​တွေပိတ်​လို့ဗျာ။

အားဟားးးကုသိုလ်လည်းရ၀မိးလည်းဝပေါ့

အားဟား မှန်​တာ​ပေါ့၊ မှန်​တာ​ပေါ့။

လာလည်​မယ်​​နော်

လာလည်​ပါဗျာ။ လာလည်​ပါ။

တစ်ခါတစ်လေ ဒီလိုသွားရတာလဲပျော်စရာကောင်းပါတယ်။ကမ်းခြေသွားတာငါ့အစ်ကိုက ရေထဲမဆင်းဘူးလားဗျာ

မဆင်းဖြစ်​ဘူး အစ်​ကို​ယေ။ ​ဘောင်းဘီ ကကားထဲကျန်​ခဲ့လို့။ဘုန်းဘုန်းကလည်း ဝယ်​မ​ပေးဘူး​ယေ ခ်​ခ်​။

ကုသိုလ်လည်းရ ပျော်ရွှင်မှုလည်းရပေါ့

ဒါ​ပေါ့ အစ်​ကို အရမ်း​ပျော်​ဖို့​ကောင်းတယ်​။

တစ်​ရက်​တာ​ပျော်​ရွှင်​မူဆို​ပေမဲ့ ပြန်​​တွေးကြည့်​တိုင်း
ပျော်​ရမည်​မှာတစ်​သက်​လုံး

ဟုတ်​တယ်​ အစ်​မ၊ ပြန်​​တွေတိုင်း အမှတ်​ရစရာ​ပေါ့။

ပျော်စရာကောင်းတာပါရား မမခေး.😁

ပါတာ​ပေါ့မမ အရမ်း​ပျော်​စရာ​ကောင်းတယ်​။ ☺☺

ခရီးသွားရတာတော့ပျော်စရာကောင်းမယ်
နေကပူလာပြီ ဆိုတော့ သွားရလာရ ပူလွန်းတယ်

ပွင့်​လင်းရာသီ ဆို​တော့လည်း အပူခံ သွားရတာ​ပေါ့​အေ။ ခ်​ခ်​။

ပျော်ဖို့ကောင်းနေရောဘဲ ဖတ်ရတာနဲ့တင် သွားခြင်စိတ်ပေါက်တယ်

ကုသိုလ်​လည်းရ​ပျော်​စရာခရီးလည်းဖြစ်​​ပေါ့ရှင်​။

ဟုတ်တာပေါ့မအိ။ ဗဟုသုတလည်းရ ။