"သမီး အစင်သင့် ဖြစ်ပြီလား ဧည့်သည်တွေစုံနေပြီ"
"ဟုတ်ကဲ့ အမေ သမီးခဏနေ ဆင်းခဲ့မယ်နော်"
ကြွရောက်လာသော ဧည့်သည်များကို ဧည့်ခံသူက ဧည့်ခံ၊ ရေခဲမုန့် ခတ်သူက ခတ်ဖြင့် အသီးသီး အလုပ်ရှုပ်နေကြသည်။ အသံချဲ့စက်ဖွင့်ရန် အသင့်ရှိနေသော စက်ဆရာ က မင်္ဂလာသီချင်း ဟူသမျှ မထပ်ရလေအောင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေလေသည်။ အသံချဲ့စက်သံဖြင့် စီကားနေသော မင်္ဂလာနေအိမ်ကား ကျွန်ုပ် အဖိုး အဖွား ၏ မင်္ဂလာနေအိမ်ပင်ဖြစ်လေသည်။
ဘိတ်သိတ် ဆရာ၏......
"မင်္ဂလာ အခါတော် အချိန်အခါ အာဖြင့်......." ဟု အစချီကာ လက်ထပ် ထိမ်းမြှားခြင်း လုပ်ငန်းကို စတင်တော့သည်။
မင်္ဂလာပွဲသည်ကား အဖိုးနှင့်အမိဖွား ၏ သမီးအငယ်ဆုံးဖြစ်သော ကျွန်ုပ် ၏ အန်တီလေးပင်ဖြစ်သည်။အငယ်ဆုံလည်းဖြစ် မိဘ အပေါ်လည်းသိတတ်သောကြောင့် အကို များကလည်းချစ်ကြသည်။ လက်ပြီးတစ်ပတ်လောက်အကြာတွင် ရဲဝန်ထမ်းဖြစ်သူ ခင်ပွန်းသည် တာဝန်ကျရာ ပြင်စလူ ဒေသသို့ လိုက်သွားရလေသည်။အဖိုးဖြစ်သူမှာ သမီးငယ်နှင့် တစ်ခါမျှ မခွဲဖူး သောကြောင့် လွမ်းဖျားနာ ကျကာ သုံးရက်လောက် အိပ်ယာထဲ လဲနေခဲ့သည်။ကျွန်ုပ်၏ အဖွားဖြစ်သူမှာတော့ ခံနှိုင်ရည်ရှိသည် ရင်ထဲမကောင်သော်လည်း အဆင်ပြေအောင်နေတတ်သူဖြစ်သည်။
ကျွန်ုပ်အန်တီလေး၏ ခင်ပွန်းဖြစ်သူတာဝန်ကျရာ ပြင်စလူ ကျေးရွာ(ယခု မြို့)သည် ပင်လယ်ဒေသ ဖြစ်ပြီး ကျွန်ုပ်တို့နေထိုင်ရာဒေသနှင့် ဆိုလျှင် သင်္ဘောဖြင့် နေ့တစ်ဝက် (၁၂)နာရီ မောင်းနှင်ရသည်။ အန်တီလေး အိမ် ထောင်ကျပြီး (၅)နှစ်မျှ ကြာသော် ကလေး (၂)ယောက် ထွန်းကားသည်။ယောက်ျားလေး (၂)ယောက်ဖြစ်ပြီး တစ်ဦးမှာ လေးနှစ်၊ အငယ်တစ်ယောက်မှာ (၁၀)လ သားအရွယ် သာရှိသေးသည်။
ပြင်စလူ ဒေသ သည် ပင်လယ် အရပ်ဒေသဖြစ်ပြီး ဝေးလွန်းသောကြောင့် အပြောင်း အရွှေ့တင်ထားရာ နောက်(၃)လလောက်နေလျှင် ပြောင်းရတော့မည်ဖြစ်သည်။ ကလလေး ကလည်း လသား အရွယ်တွင်သာ ရှိသေးသောကြောင့် ကလေး (၁)ပြည့်နှင့် အတော်ပင် ဖြစ်သည်။ သို့ မတိုင်ခင် အဖြစ်ဆိုး တစ်ရပ်နှင့် ကြုံရမည်ကို မသိကြပေ။
အကြောင်းကား အခြားမဟုတ် လူတိုင်း၏ ရင်ထဲတွင် အမှတ်ရစေခဲ့သော (နာဂစ်) မုန်းတိုင်းကြောင့်ပင်ဖြစ်သည်။ကျွန်ုပ် ၏မိသားစု တော်တော်များများသည် ထိုမုန်တိုင်း ကြောင့် ဒုက္ခ များစွာ ခံစားခဲ့ရဖူးသည်။ဤ ထဲတွင်မှ ယခု အန်တီလေး၏ အဖြစ်အပျက်ကိုရေးသား ထားပါသည်။
လပွတ္တာတွင် အန်တီလေး၏ အကို ကျွန်ုပ်၏ ဦးလေး တစ်ယောက်ရှိသောကြောင့်လပွတ္တာ သို့ အပြောင်အရွှေ့တင်ထားရာ ပြောင်းရတော့ မည်မှာ လပိုင်းသာ လိုတော့သည်။ မုန်တိုင်း တိုင်ခတ်သည့်နေ့တွင် အန်တီလေး၏ ခင်ပွန်းသည် တာဝန် ဖြင့် ခရီးလွန်နေသည်။
လေပြင်းများ စတင် တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာ သွန်းလေသည်။အိမ်တွင်မှာကား အန်တီလေးနှင့် သားငယ် နှစ်ယောက်သာ ရှိနေသည်။ "မေမေ သားကြောက်တယ်" အကြီးကောင်ကလေးက ပြောတော့ "မိုးက မကြာခင် တိတ်သွားမှာပါ သားလေးရဲ့" ဟုသာ ပြန်လည် နှစ်သိမ့် ခဲ့ပေမယ် အန်တိလေးလည်း နည်းနည်းတော့အားငယ်နေလေရဲ့။ဖြစ်ကောင်း ဖြစ်နိုင်သည် အားကိုးရမည်ခင်ပွန်း မှာလည်း အနားတွင်မရှိသည်ကိုး..။
တဖြည်းဖြည်းနှင့် ပင်လယ်ရေမျက်နှာပြင်ဟာ သိသိသာသာ ကုန်းမြေပြင်ထက် ၃ ပေ ခန့်မြင့်တတ်လာသည်။အိပ်ပျော် နေသော လေးနှစ်သား အရွယ် ကလေးတစ်ယောက်ကို နှိုး၍ လသားအရွယ် ကလေး လေးကိုရင်ထဲတွင်ပိုက်ထားသည်။ ပင်လယ်ရေဟာ တဖြည်းဖြည်းနှင့် အိမ်ပေါ်တွင် မတ်တပ်ရပ်နေသော အန်တီလေး၏ ခြေခြင်းဝတ်သို့ တတ်လာလေသည်။ထိုမှ တဆင့်ချင်းတတ်လာရာ နောက်ဆုံး လူတစ်ရပ်မက မြင့်တတ်လာသည်။ အန်တီလေးနှင့်ကလေးနှစ်ယောက်လည်း မြင့်တတ်လာသော ရေနှင့်အတူ အိမ်၏ ထုပ်တန်းပေါ် သို့ရောက်မှန်းမသိ ရောက်လာခဲ့သည်။
လက်တစ်ဖက်တည်းဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ကို ထုပ်တန်းပေါ်သို့ မတင်ပေးပြီး မိမိသည်လည်း ကလေးတစ်ဖက်ဖြင့် ခဲရာခဲစစ် တတ်ခဲ့ရသည်။ထို အချိန်တွင် လေများပိုမိုပြင်း ထန်လာ၍ ရေလှိုင်း ကလည်း မငြိမ်သတ်တော့ပေ။ ဒီရေ နှင့် လေနီ ကြမ်း တို့သသည် အတားဆီးမှန်သမျှကို ဖြိုခွဲ တော့လေသည်။ အချိန်သည်ကား ည (၉)နာရီ တင်းတင်း ရှချေပြီ။ပတ်ဝန်းကျင်တစ်ခုလုံးလဲ ပိတ်မှောင်နေ၍ ဘာဆိုဘာကိုမှ မမြင်ရတော့ပေ။ ဘေးနားတွင် အသံတစ်ခု ကြားရသည်။ အသံကြားရ၍သာ ဘေးနား မလှမ်းမကမ်း တွင် လူရှိကြောင်းသိ၍ အားတတ်ခဲ့သည်။ လျှပ်စီး လတ်မှသာ မြင်ရသော မြင်းကွင်းတစ်ခုလုံးက လှိုင်းဒဏ် လေဒဏ်ကြောင့် ပျက်စီးနေကြပြီ။
အန်တီလေးသည် မိုးထဲ လေထဲ ထုပ်တန်းပေါ်တွင် မည်မျှ ကြာခဲ့ပြီ မသိ လူမှာတော့ စိုရွှဲကား ခိုက်ခိုက်တုန်အောင် အေးနေပြီ။ ကလေး ငယ်လေးကို ပါသမျှ အ၀တ်တို့ဖြင့် အနွေးဓာတ် ရစေရန် အလိုငှာ ထွေး ပိုက်ထားပြီး ဘေးမှ သားတစ်ယောက်ကိုလည်း စောက်ေ၇ှာက် ရသေးသည်။ လက်လေး လုံး သာသာ သာ ရှိသော တန်းလေးပေါ်တွင် ထိုင်နေရသည့်ကြောင့် လက်များ ထုံကျင်လာကာ သတိတစ်ချက်လွတ်ပြီး ကလေးငယ်လေးသည် ရေထဲသို့ လွတ်ကျပါ လေ တောံသည်။ အန်တီလေးမှာ အသိပြန်ဝင်လာကာ ဘေးတွင် ထိုင်နေသော သားကြီးကို မြဲမြဲ ကိုင်ထားစေလျှက် ရေထဲသို့ ခုန်ဆင်ခဲ့လေသည်။
ရေထဲတွင် မှန်းကာ လိုက်၍ စမ်းခဲ့ရာ ကံကောင်းစွာဖြင့် ကလေး အနှီးအား ကိုသ်မိလေသည်။လျှင်မြန်စွာ ဆွဲပွေ့ပြီး ရေပေါ်သိုပြန်တတ်ခဲ့ လေသည်။မပြင် မစမ်းဖြင့် တတ်သလောက် ကလေးငယ် အားပြုစုရင်း တစချက် နှစ်ချက် လူးလွန့်ရင်း ကလေးငယ်မှာ ပုံမှန် အသက် ပြန်ရှူလာခဲ့သည်။ ထိုမှ သာ စိတ်ဖြောင့် ပြီး အချိန်မည်မျှ ရှိသည် မသိ မုန်တိုင်ကြားတွင် ရုန်းကန်နေရသည်။ မိုးလေစဲ၍ ပင်လယ်ရေများ တဖြည်းဖြည်း ပြန်ကျသွားလေသည်။ များမကြာမီ မိုးစင်စင် လင်းခဲ့ရာ ရာသီဥတုဟာဖြင့် သာသာယာယာ ရှိနေခဲ့သည်။သိုသော် ပတ်ဝန်း ကျင် တစ်ခုလုံးမှာ ကား ကျေနပ်စရာ မရှိအောင် ပျက်ဆီး နေပြီး တစ်ချို့ နေရာတွင် လူသေ အလောင်းများပင် ရှိနေသည်။
ရွာ ထဲတွင် ရှိသော သူများက သက်ကြီးရွယ်အိုများ အမျိုးသမီးများ ကလေးများ နေန် အတွက် ဖြစ်သလိုနည်းဖြင့် တဲအိမ်လေးများပြုလုပ် ပေးပြီး နေရာချထားပေးသည်။ အနည်းငယ် ကျန်ရှိနေသော စားသောက်ဖွယ်ရာလေးများကို ဝေ ငှ ပေး၍ အစာပြေသာ ဖြစ်သလိုစားခဲ့
ရသည်။နောက် တစ်နေ့ တွင် လပွတ္တာမှ ကယ်ဆယ်ရေး သင်္ဘောများ ရောက်ရှိလာပြီး ဒုက္ခသည် အားလုံးကိုခေါ်ဆောင်သွားလေသည်။
လပွတ္တာတွင် အကိုဖြစ်သူမှ ရှာဖွေပြီး ကျွေးမွေးပြုစုကာ အဖိုးနှင့်အဖွားရှိရာ သို့ ပြန်ပို့ပေးခဲ့သည်။
သို့မှ သာ ပူပင်သောက ရောက်နေရသော မိဘ နှစ်ပါးလည်း ငိုယိုပြီး ဆီးကြိုလေသည်။အန်တီလေး ၏ခင်ပွန်းဖြစ်သူမှာလည်း ပြင်စလူ သို့ သွားရောက်ခဲ့ပြီး အိမ်ပြန်ရောက်နေသည်ဟု သတင်းပို့ခဲ့၍ ဇနီူနှင့် သားများရှိရာပြန်လာခဲ့လေသည်။
ဤတွင် နိဂုံးချုပ်ပါည်။
နာဂစ် မုန်တိုင်းကြောင့် ဆင်းရဲ့ ဒုက္ခ ကြုံတွေ့ရ သော ကျွန်ုပ်၏ မိသားစု အကြောင်းကို နောက်ထပ် post တွင် ဆက်လက်ဖော်ပြပါဦးမည်။
@phyozawooburmes
MSC-071
Photo credit ; Google imageage
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာလုံးပေါင်းတစ်ချို့မှားနေပါတယ်ဗျ ကျွန်တော်လည်းbeginner ဆိုတော့မှားတာရှိရင်ထောက်ပြလို့ရပါတယ်ဗျ...ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့အကို ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နာမည်ရဲ့အောက်မှာ MSC No တပ်ပေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်တကြိမ် မလာပါနဲ့ နာဂစ်ရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မလာပါနဲ့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာများအား တတ်နိုင်သမျှ အမှားအယွင်းနည်းစေရန်အတွက် စစ်ဆေးပြီးတင်စေချင်ပါတယ်ဗျာ ရေးသားသူ အောက်မှာလည်း MSC REG No လေးထည့်ပေးပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လည်း မုန်တိုင်းဒဏ်ကို ရခိုင်ကမ်းရိုးတန်းတွင် နှစ်အတော်ကြာ ကြုံခဲ့ဖူး၍ ကိုယ်ချင်းစာမိပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သြော် ဟုတ်ကဲ့ ကိုယ်ချင်းစာပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
so sad
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါတယ်ဗျာ စာလုံးပေါင်းလေးတွေ ဂရုစိုက်ပေးပါဗျာ ပြောတာပြောတယ် ကျွှန်တော်လဲမှားတုန်းပါ ဖုန်းနဲ့ ဆိုတော့ ဒီလိုပါ တစ်ခါတစ်လေ ရိုက်တာတစ်ခြား ထွက်တာတစ်ခြား ဖြစ်တတ်ပါတယ် ပြန်စစ်နေရတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာပြောရမယ်လည်းဗျာ
တစ်နိုင်ငံလုံးတုန်လှုတ်သွားခဲ့ရတာဗျာ
ကျန်ရှိသူသာကံထူးရှင်လို့သာပြောရပေမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ် အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နာဂစ် ဆိုတဲ့အသံကြားတာနဲ့ အလိုလိုဝမ်းနည်းလာတယ် 😭
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ့်ကိုဝမ်းနည်းရတဲ့ဖြစ်ရပ်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit