"မြင့်မိုရ်ဦး ပမာ ဖခင်မေတ္တာ"steemCreated with Sketch.

in myanmar •  7 years ago 

ဒီကနေ့ ဆေးရုံရောက်တော့ ကြားလိုက်မိတယ် ... ဆရာမရေ အရင်နေက ဆရာမတို့ တာဝန်ချိန်မှာ မွေးပေးလိုက်တဲ့ တစ်ရက်သား သာသာ မွေးကင်းစ သမီးလေးဖျားနေလို့ ဆေးရုံးအုပ်ကြီးကလဲ ကြပ်ကြပ်မှတ်မှတ် ဂရုစိုက်ပေးကြဖို့မှာထားတယ်ဆရာမရေ , ပြီးတော့ ...
image
ကျမသိလိုက်တာပေါ့ မွေးခန်းထဲမှာ သန့်ရှင်းရေး အမိုး (ကရင်အဒေါ်ကြီး)ဦးဆောင်တဲ့ သန့်ရှင်းရေး ဝန်းထမ်းသုံးဦး နှင့် အတူတာဝန်ကြ သားဖွားသူနာပြု ညီးမလေး တစ်ဦး အပါ ကျမတို့ ၅ ဦးသား အပျိုဗိုက်သမီးဦးလေးကို ၂ နာရီခန့် ကြိုးကြိုး စားစားမွေးပေးလိုက်တဲ့ ကလေးလေးပဲ မွေးလားတော့ ကလေးလေးက ဆံပင်လေးတွေ နတ်မှောင်သန်းစွမ်းပြီး မျက်လုံးလေးကလဲစို ,အသားကလေးကလဲ ထုတ်ထားတဲ့ အနှီး အလား ဖြူဖွေးနေတဲ့ ချစ်စရာသမီးလေးကိုမြင်ရလို့ ပင်ပန်းသော်လဲ ပီတိဖြစ်ရပါတယ် ခုတော့ ဘလိုဖြစ်လို့ ဖျားတာပါလိမ့် , သြော် ဆရာမ ပြီးတော့ဘာဖြစ်လဲ ဆက်ပြောပါအုန်း ဆရာမ , အတော် စိုးရိမ်းရသလား ရှင့် ... ဟုတ်ကဲ့ ဆရာမ စိုးရိမ်ရတာ သမီးလေးမဟုတ်ဖူး အဖေဆိုတဲ့ ရာထူးကိုရထားစ သမီးလေးရဲ့ ဖေဖေ ပါ ,... သြော် ... ဆက်ပြောပါအုန်း ကလေးအဖေက ဘယ်လိုဖြစ်လို့လဲ ? ဆရာမရေ သူတို့ မိသားစုလေးက ဒီမှာကလေး အဖေ ရယ် ကလေး အမေရယ် နှစ်ယောက်ထဲရှိပြီး ကလေးအမေဘက်က အသက် ၆၀ ခန့် အဖွား တစ်ယောက်ပဲ ရှိတာတဲ့ ကလေးအဖေ ဘက်က အဖိုးဖွားတွေက လဲ နယ်ကဆိုလားပဲ ဝေးတော့ မလာနိုင်ကြဘူး တဲ့ ဆေးရုံကို စရောက် တဲ့ ရက်ကတည်းက နေ့နေ့ ညည ကလေးမိခင်ကို အနီးကပ်စောင့်ရှောက်လာလိုက်တာ အပျိုဗိုက်ကလဲဖြစ်တော့ ၃ ရက်မြောက် ည နေ ဆရာမတို့ တာဝန်ချိန်မှာ မှမွေးတာ မဟုတ်လား? အခုလဲ ကြည့်လေ ၃ ရက် လောက်မနား ရတဲ့ ကလေးဖေဖေ အသစ်လေးက ဖျားနေတဲ့ သူ့သမီးလေးပေါ်မှာ ထားရှိတဲ့ မေတ္တာစိတ် တန်ခိုးနဲ့ မနေ့ညကလဲ တစ်ညလုံး မအိပ်ပဲ ကလေးလေးကို သူ့လက်ပေါ်မှာပဲ သိပ်ပြီးတစ်ညလုံးထိုင်စောင့်နေရှာတယ် ညီမတောင် ညက တာဝန်လှည့်ရင်းနဲ့ ကလေးကို ချသိပ်ပါ အဲ့လောက်ထိ အပင်ပန်းမခံ ဖို့ နဲ့ သာမန် ဖျားတာပဲဖြစ်လို့ မစိုးရိမ်ရပါဘူး လို့ ပြောသော်လဲ ပြောလို့ မရ ကလေးမိခင်ကလဲ ချုပ်ရိုးအနာ မကျက်တော့ လှုပ်လှုပ်ရှားရှားက လုပ်မရ နဲ့ ကလေးအဖေ တစ်ယောက်ထဲ ဇနီးသည်ကို တစ်လှည့် သမီးလေးကို တလှည့် ပြု စုနေရှာတယ် တကယ်တော့ သားသမီးဇောနဲ့ သာပြုစုနေရှာတာ အတွေကြုံကလဲမရှိတော့ ကလေးဖျားတာ ရေဖတ်တိုက်ပေးရတယ် ဆိုတာလေးတောင်မှ မသိရှာ ဘူး အော်ငေါက် ဆူမိဖို့ နေနေသာသာ သူ့ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ဆရာမရေ ညီမလဲ သမီးလေးကို သူ့ထံမှခေါ်ယူပြီး ရေပတ်တိုက်ပေးလိုက်တော့ ကိုယ်ပူနည်းနည်းတော့ ကျသွားတယ် သြော်ဆရာမ စကားကောင်းနေလိုက်တာ တာဝန်ပြီးလို့ အိမ်ပြန် ဖယ်ရီးကားလဲရောက်နေပြီး ညီမလဲ ပြန်လိုက် အုန်းမယ် ဆရာမရယ် ... ဟုတ်ကဲ့ဆရာမ။
image
ကျမနဲ့ Duty change လိုက်တဲ့ ဆရာမ ပြန်သွားတာနဲ့ ကျမလဲ နားကြပ် လေးနဲ့ လိုအပ်တာလေးတွေယူပြီးသားဖွားဆောင်ဘက်သို့ ခက်သွက်သွက်ကလေးလှမ်းခဲ့မိသည် ။
image
ဟောတွေ့ ပါပြီ ကိုတော်ချောကစောစောစီးစီး သန့်ကျော့လို့ အီးအီးပါထားတဲ့ သူ့သမီးလေးကို သန့်ရှင်းရေးလုပ်ပေးနေရှာတယ် ။ ကျမလဲ မိခင်းကို အရင် ဆုံး သွေးပေါင်တိုင်းရင် လှမ်းပြောလိုက်တယ် ရှင်ပြန်မအိပ်ဖူးလား လူလဲပြီးစောင့်ပေးဖို့ မရှိဘူးလားလို့ မေးတော့... ခဏနေရင် အမေလာမယ်တဲ့ , ဒါနဲ့ရှင်ကသန်ကျော့လို့ ဘယ်သွားမလို့တုန်း လို့ ကျမမေးတော့ . . . နေရာတကာဝင်ပါနေတဲ့ ကျမကိုအမြင်ကြည်ပုံမပေါ် ကျနော်မြို့ထဲသွားစရာရှိလို့တဲ့ မကြည်သလိုလေသံနဲ့ ပြောတယ် ... သူ့ကြည့်တော့ လူဘလန်လေး ဒီလောက်အိပ်ရေးပျက်တာ မနားပဲ သွားစရာရှိတယ် လို့ တာ မကျေနပ်လို့ ကျမအော်လိုက်မိသေးတယ် ။ ရှင်ကိုယ့်ကိုယ်ကိုလဲ ပြန်ကြည့်ပါအုန်း ကြာရှင် ရှင်မလွယ်ဘူး ကလေးက စိုရိမ်စရာမရှိဘူး ရှင်ပဲ လုံးပါးပါးသွားမယ်လို့ ပြောလိုက်မှ . . . မဟုတ်ဖူးဆရာမ ကျနော်လဲ သွားချင်လို့ သွားတယ်ထင်လို့ လား လွန်ခဲ့တဲ့ တစ်ပတ်ထဲ က အလုပ်ကိစ္စချိန်းထားတာ မသွားလို့ မရလို့ ပါတဲ့ ကျနော် မကြာပါဘူး အလုပ်ကိစ္စပြီးတာနဲ့ အမြန်ပြန်လာမှာပါဆရာမရယ်တဲ့ ကျနော်လဲ မဖြစ်လို့သွားရပေမဲ့ စိတ်မဖြော့င်ပါဘူးတဲ့ ... အော်လိုက်မိတဲ့ ကျမတောင် ရှုက်မိသွားတယ် တကယ်တော့ ကျမဆိုလိုတာသူ့ကိုနားသင်တယ်ထင်လို့ ပါ သူကတော့ သူ့ ဇနီး နဲ့ သမီး ဇောနဲ့ သားစရာရှိတာတောင်စိတ် မဖြောင့်နိုင်ရှာပါလား ကဲကဲ ဟုတ်ပါပြီး ဂရုစိုက်တော့သွားပါ လက်ရှိ အခြေနေ မှာ လူနာ ထက်ရှင်ကပိုပြီးစိုးရိပ်ရတဲ့ အခြေနေဖြစ်နေလို့ ပြောမိတာပါ စိတ်ဖြောင့်ဖြောင့်သွာသွားပါ ကျမတို့ တွေလဲ ရှိတာပဲ ပစ်မထားပါဘူး လို့ ဆိုလိုက်မှ စိတ်သက်သာသွာဟန်ဖြင့် ဘေးမှာချထားတဲ့ သူ့ကျောပိုးအိပ်ကလေးလွယ်ပြီး ကျေးဇူးတင်ပါတယ် ဆရာမရယ် ခွင့်ပြု ပါအုန်းဆိုပြီးထွက်သွားရှာတယ် ... ကျမစိတ်မကောင်းစွာဖြင့် လေးစားမိတယ် ဒီလောက်ပင်ပန်းတာတောင် အလုပ်ကခွင်ယူလို့မရဘူးလားမေးတော့ ကျနော် က အလုပ်ကိုတန်ဖိုးထားမှ ကျနော်လုပ်တဲ့ အလုပ်လဲ တန်ဖိုးရှိ မယ် တဲ့ အလုပ်ရှုပ်တာ အလုပ်များတာ ကျနော် မမှု့ပါဘူးတဲ့ အလုပ်များတာ အလုပ်တာ အလုပ်လုပ်နေတဲ့အတွက်ကြောင့်ပါတဲ့ လုပ်နိုင်တုန်းလုပ်ထားတာ မမှားပါဘူးတဲ့ ... လေးစားပါတယ် အသစ်စက်စက် ကလေးအဖေလေးရယ် ရှင့်လိုယောကျာ်းမျိုးနဲ့ ဖူးစာဆုံခဲ့တဲ့ ဇနီးသည် နဲ့ သန္ဓေတည် မွေးဖွားလာတဲ့ သမီးလေး , သူ့တို့ မိသားစု ဘဝလေးရဲ့ အနာဂတ်ကိုမှန်းမျော်ရင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် "မြင့်မိုရ်ဦး ပမာ ဖခင်မေတ္တာ" ဆိုတဲ့ဆောင်းပါး လေးဖြင့် အဆိုပါ အမျိုးကောင်းသားလေး နဲ့ သူ့ကိုမွေးဖွားခဲ့တဲ့ နယ်မှ မိဘ နှစ်ပါး တို့ ဂါရဝပြုရင်း မှတ်တမ်းတင်လိုက်ပါရစေရှင့် ...

Own Writer ; @poewuttyee
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တကယ်ကောင်း တယ်ဗျာ

ဖခင်မေတ္တာတရားကို လေးစားပါတယ်။

very good article... keep posting the original content... good job

thanks ဆရာ

အားပေးနေတယ်ဗျာ

I follow you for your next voice.

အမက တကယ် သူနာပြုလား

အရမ်း​ကောင်းပါတယ်
Sis promotion ပါလာပြီ ဆိုတာအခုမှကြည့်​မိတယ်

thanks for sharing about father love.mostly people write about mother. good post.