လေ့ကျင့်​ခန်း လုပ်​ခြင်းသည်​ ကျန်းမာ​ရေးကို များစွာအကျိုးပြု​စေသည်

in myanmar •  7 years ago 

image
ခေတ်​​တွေတိုးတက်​လာနဲ့အမျှ လူသားတို့၌ အ၀လွန်​​ရောဂါ၊ ဆီးချို​ရောဂါ ၊ ​သွေးတိုး​ရောဂါ၊ နှလုံး​သွေး​ကြောကျဉ်း​ရောဂါ စသည့်​​ရောဂါအမျိုးမျိုး တွယ်​ကပ်​လာကြ​ပေသည်​။အဆ်ုပါ​ရောဂါများသည်​ အဖြစ်​များဆုံး​ရောဂါများ ဖြစ်​​ပေမယ့်​ ​ဆေးဝါးများဖြင့်​ ကုသ​သော်​လည်း အမြစ်​ပြတ်​ မကုနိုင်​​သေး​ပေ....သူ​ဌေး​ရောဂါဆိုသလိုပင်​ ​ပြောရ​ပေမည်​။ကုသစရိတ်​ အလွန်​ကုန်​ကျများ​သော ​ရောဂါများဖြစ်​​ပေရာ အထူးပင်​ ဂရုစိုက်​သင့်​​ပေသည်​....
image
သို့​ပေမယ့်​ ဒီ​ရောဂါများကို မဖြစ်​ပွား​အောင်​ ကာကွယ်​လို့ရပါတယ်​။ ဖြစ်​​စေတဲ့အ​ကြောင်းရာ​တွေထဲမှာ အစားစာနဲ့​နေထိုင်​မှု ပုံစံ​တွေက အဓိကကျပါတယ်​.....​ခေတ်​​တွေ​ပြောင်းလဲတိုးတက်​လာ​တော့ လူတို့ဟာ ငြိမ်​ငြိမ်​​နေတဲ့ အထိုင်​ပုံစံဘက်​ကို တဖြည်းဖြည်း ​ပြောင်းလဲလာကြ​ပေသည်​။ ​လေ့ကျင့်​ခန်းဘက်​ကို အားနည်းလာကြသည်​။ ​တ​နေကုန်​ ထိုင်​​နေပီးအ​ညောင်း​တွေ မိလာကြသည်​။ တစ်​​နေ့ကို အနည်းဆုံး နာရီဝက်​​လောက်​​တော့ ​လေ့ကျင့်​ခန်း ပုံမှန်​လုပ်​​ပေးသင့်​သည်​။ ​လေ့ကျင့်​ခန်း ပုံမှန်​လုပ်​​ပေးခြင်းဟာ အထက်​ပါ​ရောဂါများကို ကာကွယ်​တားဆီး ​ပေးသလို အသက်​ပင်​လည်း ​ရှည်​​စေသည်​။ဘ၀မှာ ​ပျော်​ရွှင်​ကျန်းမာ​နေဖို့သာ အဓိကပါ။ ကျန်းမာမှ မိမိတို့ဘ၀မှာ သာယာမှု​တွေနဲ့ရင်​ဆိုင်​ကြရမှာပါ...ကျန်းမာ​ရေး မ​ကောင်းလျှင်​ စိတ်​ဆင်းရဲမယ်​၊ ​ငွေ​ကြေးကုန်​ကျမယ်​၊ မိမိ​နေမ​ကောင်းဖြစ်​တာနဲတခြားလူ​​တွေပါ စိတ်​ဆင်းရဲရမယ်​။ ထို့​ကြောင့်​ ကျန်းမာ​ရေးကို တခြားအရာ​တွေထက်​ ပိုပီး​အ​လေးထား ဂရုစိုက်​သင့်​တယ်​။
image
လူ့ခန္ဓာကိုယ်​ထဲမှာ နှလုံးဟာ အလွန်​ပင်​အ​ရေးပါလှသည်​။ ​သွေးလည်​ပတ်​မှု​ကောင်းမှသာ နှလုံးကလည်း ပုံမှန်​အလုပ်​လုပ်​နိုင်​မည်​။ ထိုသို့လည်​ပတ်​နိုင်​ဖို့ကလည်း ​လေ့ကျင့်​ခန်းမှန်​မှန်​ လုပ်​ရမည်​......မိမိတို့ရဲ့ ကိုယ်​ခန္ဓာအတွင်းမှာ ရှိ​နေတဲ့ အရာ​တွေ ပုံမှန်​လည်​ပတ်​​စေဖို့အတွက်​ အ​ရေးကြီးဆုံးဖြစ်​တယ်​။ ​လေ့ကျင့်​ခန်းပုံမှန်​ လုပ်​​ကြပါစို့ ဟု တိုက်​တွန်းလိုက်​ပါတယ်​ဗျာ

Author>>>>>>>>pyaesoneaung

MSC NO - 023

Credit photo from Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အားကစားလုပ်ရမှာတောင် ပျင်းနေတယ်။

ကျန်းမာရေးသိပ်မလိုက်စားဖြစ်ဘူးဗျာ လူကတဖြည်းဖြည်းဝ လာပြီ 😑

ဝလာပီလား လမ်းများများ​လျှောက်​ ၀ိတ်​ကျတယ်

Gym ​တောင်​​ဆော့​နေပီ

ချချ ​ကောင်းတယ်

Gym သွားဆော့အုံးမယ်

ချချ အ​ကောင်းဆုံးပဲ

လေ့ကျင့်ခန်းပုံမှန်လုပ်နိုင်အောင်ကြိုးစားသင့်တယ်

အ​ကောင်းဆုံး​ပေါ့ဗျာ ပုံမှန်​လုပ်​ပါ အသက်​ရှည်​မယ်

ကျန်းမာရေးတော့ သိပ်မလုပ်ဖြစ်ဘူးဗျာ

များများလုပ်ပါ အဲ့တာမှ အသက်ရှည်မှာလေ ဖိုက်တင်းးးးး

လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ်

လုပ်​ထလိုက်​ပါ​တော့ဗျာ

အပျင်းကြီး​နေတာများ​နေတယ်​။အချိန်​​ပေးပြီးလုပ်​ဖြစ်​​အောင်​​ကြိုးစားရဦးမယ်

စာ​တွေ​ရေးနိုင်​သ​လောက်​တာ ​လေ့ကျင့်​ခန်းလုပ်​မယ်​ဆိုရင်​😁😁😁

လေ့ကျင့်ခန်းကပဲသွေးတိုးဆီးချိုတွေကို ကာကွယ်နိုင်တာပါ

အမှန်​ပါပဲဗျာ ​ရောဂါကင်း​ဝေး​စေဖို့ ​လေ့ကျင့်​ခန်း လုပ်​ကြစို့

မနက်တိုင်းပြေးဖြစ်ပါတယ် ခင်ဗျ

အကောင်းဆုံးပေါ့ဗျာ......ကျနော်ဆို ပြင်းနေတာက များတယ်ဗျာ...

တစ်နေ့ကိုအနည်းဆုံးနာရီဝက်လောက်တော့လုပ်ဖြစ်ပါတယ်ဗျ