ကဆုန်​လပြည့်​ ​ညောင်​​ရေသွန်းပွဲ

in myanmar •  7 years ago 

image
မန်​မာလူမျိုးတို့၏ အဆင်​အလာ ဓ​လေ့ထုံးတမ်းအရ ကဆုန်​လပြည့်​​နေ့မှာ ​ညောင်​​ရေသွန်းပြီး ကုသိုလ်​ပြုကြ​လေ့ရှိ​ပေသည်​။ ​ကောင်းမှုကုသိုလ်​တစ်​ရပ်​ အဖြစ်​ ​နှစ်​စဉ်​​နေ့တိုင်း ပြုလုပ်​ကြ​ပေသည်​။
image
သစ်ပင်ပန်းမန်များကလည်း အလွန်ပူပြင်းလွန်း၍ ညှိုးနွမ်းခြောက်သွေ့နေကြပါသည်။ ကဆုန်လဟူသည် "တစ်ခူးရေကုန် ကဆုန်ရေခမ်း" လို့ ဆိုစမှတ်ပြုသည့်အတိုင်း အပူပြင်းဆုံး လတစ်လလည်း ဖြစ်ပေသည်။ ဤလသည် မြတ်စွာဘုရား၏ ဖွားဖက်တော် ဗောဓိညောင်ပင် ရှင်သန်စိမ်းစိုနေဖို့ရာ ညောင်ရေသွန်းပွဲတော် ပြုလုပ်ကြပါသည်။တစ်နိုင်ငံလုံးရှိ လူအများ ရေအိုးကိုယ်စီဖြင့် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ အလှူဒါန မျိုးစုံလည်း ပြုလုပ်ကြပါသေးသည်။
image
image
ကဆုန်​လပြည့်​​နေ့သည်​ ဗုဒ္ဓဘာသာဝင်​တို့၏ အဓိက​နေ့​ကောင်း​နေ့မြတ်​​လေးတစ်​ရက်​ဖြစ်​​ပေသည်​။ ဘုရား​မွေး​နေ့သည်​လည်း ကဆုန်​လပြည့်​​နေ့၊ ပရိတ်​နိဗ္ဗာန်​စံ​သော ​နေ့ကလည်း ကဆုန်​လပြည့်​​နေ့ဖြစ်​​ပေရာ ထို့​နေ့ကို ရက်​​ကောင်းရက်​မြတ်​​နေ့တစ်​ရက်​ဟူ၍ မြန်​မာလူမျိုးက သတ်​မှတ်​ထားကြ​ပေသည်​........
image
ထို့ပြင်​ ဘုရားသို့ ​ညောင်​​ရေသွန်းလာကြ​သော သူများကို စတုဒီတာ များဖြင့်​လည်း ​ကျွေး​မွေးကြသည်​။ အလွန်​ပင်​ ကျက်​သ​ရေ မင်္ဂလာအ​ပေါင်းနှင့်​ ပြည့်​စုံကြ​သော ​နေ့​လေးတစ်​​နေ့ဖြစ်​​သော​ကြောင့်​ လူအများ ကိုယ်​စီအသီးသီး ကုသိုလ်​ယူကြ​ပေသည်​။ ကဆုန်​လပြည့်​​နေ့မှာ ​ညောင်​​ရေသွန်းရင်​ ကုသိုလ်​ယူကြပါလို့ တိုက်​တွန်းလိုက်​ပါသည်​။
image

Author>>>>>>@pyaesone101
MSC - 023
Credit photo from Facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရိုးရာအစဉ်​အလာ ချစ်​စရာ

ဟုတ်​ပါ့ဗျာ

လပြည့်နေ့မှာ ညောင်ရေလောင်းရင်းကုသိုလ်ယူရတာပေါ့

ဟုတ်​ပါတယ်​ ကနုစုး​ရေ ကူသနုလ်​ယူကြမယ်​​လေ

ညောင်ရေသွန်းကုသိုလ်ရပါစေဗျာ

ဟုတ်​ကဲ့ပါ ကိုယ်​​ကျော်​လည်း ထပ်​တူရပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါတယ်​ဗျာ

ညောင်ရေသွန်းပွဲ မနွှဲဖြစ်တာ ကြာပြီဗျာ။ရွာမှာ နွှဲခဲ့တာ သတိရသွားပြီ။

စာဉ​လေးနဲ့ကနု သတိရ​နေတာလားဗျ ဟဲဟဲ စတာပါ

ကုသိုလ်​​တွေ၇ပါ​စေဗျာ

ထပ်​တူ ရကြပါ​စေဗျာ

ခု​လေးတင်​​ညောင်​​ရေသွန်းပြီးပြ န်​လာတာရှင့်

ကုသိုလ်​​တွေ အများကြီးရပါ​စေဗျာ

သာဓုပါဗျာ...

သာဓုပါဗျာ

Goodတယ်ျော

ကျေးဇူးပါပဲဗျ

သာဓုပါ

သာဓုပါဗျာ

မျှ​ဝေ​ရေးသား​ပေးတာ ​ကျေးဇူးပါ။

ကျေးဇူးပါပဲဗျ