အဖိုးနဲ့Bပြည့်

in myanmar •  7 years ago 

Steemit သူငယ်ချင်းများ မင်္ဂလာပါရှင် ။
နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေနေကြတော့ အဆင်မပြေမှုများတခါတရံရှိတတ်ကြမယ်ထင်ပါတယ် ။ စိတ်ပျော်ရွှင်စေရန်အလို့ ငှာ ဟာသဖြစ်စေမယ့်ဆန္ဒတစ်ခုနဲ့ တင်ပြချင်တာက ငယ်ငယ်ထဲကကြားခဲ့ဘူးသော စကားလေးတစ်ခုအကြောင်းပါ ။

အဲ့ဒီစကားပုံကို စမသိသိခင်မှာ အမှတ်တရအဖြစ် အဖိုးက စကားပုံထဲလို ခပ်ဖွဖွလေးရိုက်ပြီး စကားပုံထဲကလို မေးပါတယ် ။ ကျမကလည်း စကားပုံကိုမကြားဘူးသေးတော့ စိတ်ထဲကအရှိအတိုင်းဘဲ အဖိုးကိုပြန်ဖြေ အဖိုးကလဲဖွဖွလေးရိုက်ပေါ့ ။

အဖိုးက ကျမ၆တန်းနှစ်ကျောင်းပိတ်တော့ ကျမကိုမေးတယ် ။ ငါ့မြေးလေးကိုလက်စွပ်လှလှလေးဝယ်ပေးရမယ် ဝတ်မှာလားကွယ်တဲ့ ။ ကျမကလဲ ဘယ်စဉ်းစားနေတော့မလဲ ချက်ချင်းပြန်ဖြေလိုက်တာ ဝတ်မှာပေါ့အဖိုးရယ်လို့  ။

အဖိုးကဆက်မေးတယ် ။ လက်စွပ်ရရင်ဘယ်လက်ကိုဝတ်မလဲတဲ့။ ကျမကလဲ လက်သန်းကြွယ်မှာ ဝတ်မှာပေါ့လို့ ဖြေတာ ။ အဖိုးက ကျမကိုကြည့်ပြီး ဆက်မေးပြန်ရော ။

လက်စွပ်ဝတ်ပြီးရင်ရော လူတွေကိုကြွားမှာလားတဲ့ ။ ကျမကလဲ ထုံးစံအတိုင်းပေါ့ အဖိုးကလဲ အိမ်လာလည်တဲ့လူတွေမြင်အောင် လက်ကလေးပြပြီး ကြွားမှာပေါ့လို့  အဖိုးဝယ်ပေးတာလို့ ပြောပြီး ကြွားမှာလေဆိုတော့ ကျမကိုအဖိုးက ခေါင်းကိုခပ်ဖွဖွလေးထုပြီး ငကြွားမလေး အဲ့လိုကြွားတော့ လူတွေအမြင်ကပ်မှာပေါ့ မကြဃားရဘူးလေ လို့ ပြောပါတယ် ။

အဖိုးကထပ်ပြီး ကျမကိုမေးတာက လက်စွပ်ဝတ်ပြီး အိမ်အပြင်တွေထွက်ပြီးလျှောက်လည်ခိုင်းရင်ရော အလည်သွားမလားမေးပြန်တယ် ။ ကျမက အိမ်ကလည်ခွင့်ပေးမှတော့ လည်မှာပေါ့အဖိုးရလို့ ပြောတော့ ကျမကို ထပ်ပြီးခေါင်းကိုထုပြန်တယ် ။ ကျမဒီတခါတော့ အဖိုးကလဲ ဘာလို့ ခေါင်းကိုထုတာလဲ အိမ်ကလည်ခိုင်းတာ လည်မှာပေါ့လို့ ပြန်ပြောတာပေါ့ ။

အဖိုးက ဒေါသဖြစ်ချင်ယောင်ဆောင်းပြီး ငါ့မြေးက လက်စွပ်ဝတ်ထားပြီး အိမ်အပြင်တွေထွက်ပြီး လျှောက်လည်နေမှတော့ ကလေးဖမ်းတွေကဖမ်းပြီး လက်စွပ်ချွတ်ယူကြမှာပေါ့ဆိုပြီး ကျမခေါင်းကို ထပ်ထုတာ ။ ကျမစိတ်တွေဆိုးပြီး အော်ငိုတော့တာ လက်စွပ်လဲတကယ်ဝယ်မပေးသေးဘဲ ခနခနခေါင်းအထုခံရတာဆိုပြီး ပြောလိုက် ငိုလိုက်လုပ်တော့တာ ။ အဖိုးက အဲ့ဒီလိုကျမပြောငိုတော့ တဟားဟားရီပြီး အဲ့ဒီအကြောင်းသိချင်ရင် ငါ့မြေးအမေကိုမေးတဲ့ပြောလိုက်သေးတာ ။

ကျမငိုသံလဲကြား အဖိုးရီသံလဲကြားတော့ မာမီက လာခဲ့သမီး အဲ့ဒီအကြောင်းပြောပြမယ် ။ အဖိုးကိုစိတ်မဆိုးရဘူး ။ မာမီငယ်ငယ်ကလဲ သမီးလိုဘဲငိုရတာလို့ ပြောပြီး ကျမကိုလှမ်းခေါ်တာ ကျမလဲ အဖိုးရီနေတော့ ဘာလဲသိချင်လာပြီး မာမီဆီသွားနားထောင်တာပေါ့ ။

မာမီက သူငယ်ငယ်ကလဲ ကျမလိုအဖိုးကမေးပြီး ခေါင်းထုတာဘဲ ပြီးတော့ လက်စွပ်တကယ်ဝယ်ပေးနာနော်သမီး စိတ်မဆိုးရဘူးလို့  အစချီပြောပါတယ် ။ ဟိုးတုန်းက ဦးကြူလို့ အမည်ရတဲ့ သားအဖနှစ်ယောက်ရှိတယ် ။ သူ့ သမီးကိုသူ့ အဖေက လက်စွပ်ဝယ်ပေးမယ်ဆိုပြီး အဖိုးလိုမေးတယ် ။ သူ့ သမီးကလည်း သမီးလိုပြန်ဖြေတယ် ။ ဦးကြူကလည်း သူ့ သမီးကို လက်စွပ်ဝယ်မပေးသေးဘဲရိုက်တာပေါ့ ။ လက်စွပ်ဝတ်ပြီးအပြင်သွားရင် လက်စွပ်ပျောက်မယ်ဆိုပြီးတော့ပေါ့ ။ အဲ့ဒီတုန်းက သမီးအဖိုးကကြားပြီး ဦးကြူကိုပြောတာ မင်းကလက်စွပ်ကဘယ်နေမှန်းမသိဘူး ကလေးကိုရိုက်နေတယ်ဆိုပြီးလေ ။ အဖိုးက အဲ့ဒီအကြောင်းလေးကို သတိပြန်ရပြီး သမီးကိုစတာပါလို့  ပြောပြတော့မှ ကျမလဲသဘောပေါက်ပြီး ရီတော့တာ ။

image

အဖိုးဆီကို ကျမပြန်သွားပြီး လက်စွပ်တကယ်ဝယ်ပေးဘို့  ပူဆာတော့ ခုနမေးတဲ့မေးခွန်းတွေကို အဖိုးကထပ်မေးတာ ကျမက ဒီတခါတော့ အကင်းပါးပြီလေ ။ မကြွားပါဘူး အပြင်လဲမထွက်ပါဘူး လက်စွပ်ပျောက်မှာကြောက်ပါတယ်ဆိုပြီး
ဖြေပီး ကျမတို့ မြေးအဖိုးနှသ်ယောက် တဟားဟားနဲ့ရီနေတော့တာပေါ့ ။

@pyaesonekhinkhin

MSC - 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အဲ့လက်စွပ်ရှိသေးလားဟင်

ရှိတော့ပု steemဝယ်စုလို့  ရောင်းလိုက်ပီ

အယ်

ဖိုးဖိုး ပုံလေး တင်ပေးပါ အယ်ပုံကြီးတင်ပါနဲ့ steemit ကလူတွေ ကအသဲငယ်တတ်လို့ ပါ။😜😜လန့်မှ ဆိုးလို့ပါ။😜😜

ဟားး

မနောက်ပါနက် အူးလေးရာ ခ်ခ်

ကျမငိုသံလဲကြား အဖိုးရီသံလဲကြားတော့ မာမီက လာခဲ့သမီး အဲ့ဒီအကြော

အမ်

လက်ထပ်လက်စွပ် လုပ်လိုက်

ဟီဟိ

ပျောက်တော့မပျောက်စေရပါဘူး၊ ပေါင်ပြီးဖဲရိုက်ဖို့တော့အာမ မခံနိုင်ဘူးဟေ့။

ဟီးး

  ·  7 years ago (edited)

သြော်...နောက်ဆုံးကြတော့လည်း
အဖိုးကိုလိမ်ပီး လက်စွပ်ဝယ်ခိုင်းပြန်တာပဲပေါ့
အဲ့ဒီအဖိုးတာ့ အလိမ်ခံရပြီဗျိုး😁😁😂😂

babyလက်စွပ်လေးရဖို့အတွက်ခေါင်းကိုအဖိုးကထုလိုက်ရိုက်လိုက်မေးလိုက်ဖြေလိုက်နဲ့နောက်ဆုံးရီသာနဲ့ပြီးသွားတယ် လက်စွပ်ရခဲ့သလားကွယ့်။ဟားဟာဟား

Good post

လှတယ်။

@minnowpondred has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an BiggerUpvote send 0.5 SBD to @minnowpond with your posts url as the memo
            To receive an BiggerUpvote and a reSteem send 1.25SBD to @minnowpond with your posts url as the memo
            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo