B Pyae ရဲ့အမှားများစွာ ……… ၂

in myanmar •  6 years ago  (edited)

မင်္ဂလာပါ MSC မှ အကိုအမများရှင် ။
B Pyae ရဲ့အမှားစီးရီးလေးကို ဆက်ရေးပြီး တင်အုံးမယ်နော် ။ သီးခံဖတ်ပေးကြပါလို့  တောင်းပန်ပါသည် ။

ပုဂံကကျောင်းမှာ မတည်းဘဲ B Pyaeတို့ က ညောင်ဦးက Hotel မှာတည်းတော့ wifi သုံးလို့ ရတော့ အဆင်ပြေသွားတယ်ပေါ့ ။

ဒီအဆင်ပြေမှုက ခနပါဘဲ ။ တနာရီလောက်ကြာကြာသုံးပီးတော့ လိုင်းကမကောင်းတော့ဘူး ။ အဲဒါနဲ့B Pyae လုပ်နေတဲ့ Airdrop ကို မနေ့ကအသင့်ဝယ်ထားတဲ့ bill 2000 ရဲ့mb ကို သုံးရတော့တာပေါ့ ။

Airdrop ကလည်း B Pyaeတို့ တရွာလုံးမှာခေတ်စားနေတဲ့စီးပွားရေးဆိုတော့ B Pyae လဲလုပ်ချင်တာပေါ့ ။ လုပ်တဲ့ aurdropတွေကလည်းစုံလွန်းလို့  မမှတ်မိအောင်ပါဘဲ ။

0e88b1869a52062d7580305f078e9d89.jpg

crd org source

ပုဂံမှာမြင်သမျှရိုက်လာတဲ့ပုံတွေလည်းတင် ဒါတင်အားမရသေးဘူး google က အရက်ပုလင်းတွေလည်း download ဆွဲနဲ့ ဇွဲနဲ့လုပ်လာလိုက်တာ အဝိုင်းလည်သွားမှရပ်တော့တာပါဘဲ ။ တေည်သေးတာပေါ့ အရက်ပုလင်းပုံ၂၀ဒေါင်းပြီးသွားလို့ ။

မနေ့ ကလိုဘဲ ထုံးစံအတိုင်း ဘေစစ်လိုက်ပါတယ် ။ ဟိုက် ! လုပ်ချလိုက်ပြန်ပီ oredoo က ။ bonus လဲကုန် ဝယ်ထားတဲ့ mb က လက်ကျန်20 mb တဲ့ ။ ဒါကြောင့်အဝိုင်းက လည်နေတာပါလားနော် ။

မှားပြန်ပြီ ဒီနေ့ လည်းပေါ့ ။ Airdrop လုပ်တာ လက်ရှိမှာ မသေချာသေးတဲ့ coin ကို ရင်တမမနဲ့မျှော်နေရတဲ့အလုပ်မှန်းသိရက်နဲ့ လုပ်မိတဲ့အမှား ။ လက်ရှိမှာက ကုန်လိုက်တဲ့ bill ။ ရတဲ့အခါမှ အမြတ်ပေါ့လေ ။

နောက်အမှားတခုက လက်ရှိရနေတဲ့ steemit ကျ ဈေးကျလို့  အရနည်းတယ် B Pyae စိတ်ထဲတွေးပြီး အရင်လို မရေးဖြစ်တော့ တပြားမှမရ ။ ရေးနေရင် လက်ရှိဝင်နေအုံးမှာကို မရေးမိလေခြင်းဆိုတဲ့ နောင်တရမိတာပေါ့ ။

B Pyae အမှားတွေကလဲ လက်ရှိရနေတာလဲ မရေးတင်တော့ မရတဲ့အပြင် လက်ရှိမသေချာသေးတဲ့ဟာလုပ်မိတော့ လက်ရှိမှာ ဘာမှမရတာတွေဘဲ များနေတော့တာပေါ့လေ ။

နောက်ထပ်အမှား အမှားတွေကို ဆက်ရန်ကျန်နေပါသေးတယ် ။ နောက်မှထပ်ရေးတင်ပါ့မယ်ရှင့် ။ MSC မှ အကိုအမများ ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ ။ လိုအင်ဆန္ဒများ ပြည့်ဝပြီး အောင်မြင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ။

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမှားနဲ့တော့ မကင်းကြပါဘူး အမှားသိလို့ ပြင်နိုင်ရင် ပညာရှိတဲ့ ငပြည့်လေးက တို့တွေထက်သာပါတယ် ။ ခုဟာက မှားတယ်လို့ချဉ်းလဲ တစ်အား မဟုတ်ပါဘူးလေ ။

air လုပ်တာ air မိတာပေါ့ လောလောဆယ်တော့အေ

ရောက်တတ်ရာရာ ဘာညာကွိကွ ... သို့ပေမယ့် ကိုယ့်အတွက်တော့ ဒိုင်ယာရီလေးတစ်မျက်နှာဖြစ်သွားပေတယ်

ဟုတ်တယ်အကို

မှားတဲ့အခါလည်း မှား​ပေမည်​​ပေါ့😂

နာမှားတာ ဘေလ်၂ခါကုန်တာအေ့

အမှား တွေ့မှ အမှန်သိတာ ဘီပြည့်ရေ အမှားကို မှန်အောင်ပြင်ဘို့တော့လိုတယ်နော်။

သမီးပြင်ပါတယ်အူးချပိန်ရ

Good

လူတိုင်း ကွိုင်နေကျတာပါ နပြည့်ရယ်

ခုထိတော့တပြားမှရဘူးသေးဘူးမမစုရေ

အမှားများသည်ကိုယ်၏ဆရာဟုမှတ်ယူပါ

ဟု အန်တီ

အဝိုင်းလေးလည် ပုဂံခေါ်သွားသပေါ့

သူက ကြိုရောက်နှင့်နေတာအူးထွေးရေ ဟားး

အရက်ပုလင်းတေ downပီးသောက်မို့လား... 😂

laptop နဲ့ internet သုံးရင် မလိုအပ်ဘဲ ဘေမကုန်အောင် တားတဲ့ ဆော့ဝဲလ်မျမရှိဘူးလား ငပြည့်ရေ

မသုံးပဲ ပိတ်ထားရင် ရပါတယ် ဘုရား
😂
Laptop မှာဆို pc setting ထဲက auto update တွေ ပိတ်ထားပါဗျ။

ဟားး

လေပြုတ်ကျတွေ က တော်တော်မောတာ မပြည့်ရေ ခုထိတော့ သားမှာ သေချာ ရတာမရှိသေးဘူး လုပ်တော့ လုပ်မေတာပဲ့ဗျို့

မှားရင် မှားတယ်ပြောပါ ☺☺

ပြောကြပါအုံး အဲဒီလိုလေးလဲ