ဘကြီးစံရဲ့ရေအိုးစင်လေးsteemCreated with Sketch.

in myanmar •  7 years ago 

ရေအကျိုး ၁၀ ပါးဟူ၍ ရှိပါတယ်
ရေကို လှူဒါန်းမှုပြုလုပ်ခြင်းဖြင့် ရနိုင်ပါတယ်
နေရာတိုင်းမှာ အိမ်ရှေ့တွင် ရေအိုးစင်များတည်ကာ အလှူဒါနပြုထားလေ့ရှိသည်ကိုလည်း မြင်နိုင်မှာပါ သွားရင်းလာရင် ရေဆာလို့ သောက်သုံးရန်အတွက် ရည်ရွယ်လှူဒါန်းထားခြင်းမျိုးပါ

ဒီလို ရေအိုးစင်လေးများတည်၍ သဒ္ဒါတရားဖြင့် လှူဒါန်းထားခြင်းအပေါ်ကို လူအမျိုးမျိုးက စိတ်အမျိုးမျိုးဖြင့် လှူဒါန်းသူအပေါ် ပီတိပေးခြင်း ဆုတောင်းပေးခြင်းနှင့် စိတ်အနှောက်ယှက်များပေးလျှက်ရှိပါတယ်
လမ်းမှာမြင်ခဲ့တဲ့ စပါးပင်တွေစိုက်ထားတဲ့ရေအိုးစင်လေးလှူဒါန်းထားကို မြင်မိပြီး ကျမရဲ့အိမ်ဘေးက လှူဒါန်းတဲ့ ဘကြီးစံရဲ့ ရေအိုးစင်လေးအကြောင်းကို တင်ပြပါရစေ

ဘကြီးစံက အသက်၅၀ကျော်ပါ စိတ်ကလဲအလွန်တိုတတ်ပြီး ကုသိုလ်ဒါနလဲ လုပ်လေ့ရှိသူဖြစ်ပါတယ် တနေ့ မှာသူ့စိတ်ကူးပေါ်လာပြီး သူ့ အိမ်ရှေ့မှာ အများသူငါသောက်သုံးရန်ရည်ရွယ်၍ ရေအိုးစင်လေးတည်ပြီး လှူဒါန်းခဲ့ပါတယ် မနက်တိုင်းလည်း ရေအိုးများကို ပွတ်တိုက်သန့် စင်ကာ ရေဖြည့်ပြီး သောက်ရေခွက် သောက်ရေဖုံးတွေကို ဆေးပေးလေ့ရှိပါတယ် သန့် သန့် ရှင်းရှင်းနဲ့လှူဒါန်းထားလို့  ရေအိုးစင်လေးမြင်ပြီး သောက်ချင်စရာဖြစ်နေစေပါတယ် ဖြတ်သွားဖြတ်လာသူလူအများက ဘကြီးစံရဲ့ ရေအိုးစင်မှရေကို သောက်သုံးရင်း ရေအကျိုး၁၀ပါး ပြည့်ဝစွာရပါစေ သာဓု သာဓု သာဓု ဆုပေးသံကြားရလေ့ရှိပါတယ် ထိုသို့ ဆုပေးတိုင်း ဘကြီးစံကြားမိရင် ပြုံးပြုံးကြီး ပီတိဖြစ်နေတတ်ပါတယ်

နွေရာသီ မန်းလေးမှာက အလွန်ပူတာကြောင့် ရေအိုးစင်က ရေအိုးတွေက ခြောက်သလိုလိုဖြစ်နေတော့ ဘကြီးစံက သောက်သုံးသူတွေ ရေအေးအေးမသောက်ရမှာကို ပူပန်လာပါတယ် ဘကြီးစံက သူလှူထားတဲ့ရေအိုးစင်က ရေအိုးတွေကို ကုက္ကိုပင်က အရွက်တွေပတ်ပြီး ရေဖျန်းထားကာ ရေအိုးကိုအေးစေရန်နှင့် အပူဒဏ်လဲခံနိုင်အောင် စိတ်ကူးပြီး ဘကြီးစံရဲ့ အကြံက ဆွဲဆောင်မှုတမျိုးပေါ့ ကုက္ကိုရွက်ရဲ့အစိမ်းရောင်နဲ့ရေစိုနေတဲ့ ရေအိုးစင်လေးက နွေရာသီအပူကြောင့် မြင်ရသူကို ရေသောက်ချင်စိတ်ပေါက်အောင် အေးမြစေပါတယ်

လမ်းဖြတ်သွားသူများကလည်း ဘကြီးစံရေအိုးစင်ကလေးက စိမ်းစိုနေတာဘဲ သောက်ချင်စရာလေးပြောသံကြားတိုင်း ပြုံးနေတတ်သူက ဘကြီးစံပေါ့ နေ့တိုင်းရေအိုးစင်ကို ရေဖြည့်သန့် ရှင်းလုပ်ပြီး ကုက္ကိုရွက်များညှိုးနေရင်လဲ အသစ်လဲပတ်လုပ်နေတာ မြင်တွေ့နေရပါတယ် ဘကြီးစံရဲ့ စိတ်တိုတတ်ရင် အော်လေ့ရှိတဲ့အသံတောင် မကြားမိတော့ပါဘူး လှူဒါန်းသူရော သောက်သုံးသူရော ဆုတောင်းသံတွေနဲ့အတူ ကုသိုလ်ရနေတဲ့ ရေအိုးစင်လေးပါ

ပြောလို့ မဆုံးသေးဘူး နောက်တနေ့ မှာတော့ ဘကြီးစံရဲ့အော်သံကို ကြားရပါတော့တယ် ဘာလဲသိချင်တော့ထွက်ကြည့်မိတာပေါ့ကျမလဲ
ဘကြီးစံရဲ့ လှူဒါန်းထားတဲ့ ရေအိုး၂လုံးကလဲကွဲ ကုက္ကိုရွက်တွေကလည်း ပြန့် ကျဲပြီး သောက်ရေခွက်တွေ ရေအိုးဖုံးတွေလဲမရှိတော့လို့  ဘကြီးစံစိတ်တိုပေါက်ကွဲနေတာမြင်ရပါတယ် ကုသိုလ်လိုချင်လို့ လှူဒါန်းတဲ့သူကို သက်သက်မဲ့ အကုသိုလ်ပေးခြင်းမျိုးပါ ရေခွက်နှင့် ရေအိုးဖုံးတို့ ကို မိမိအိမ်မှာမရှိလို့  ယူသွားရင်တောင် ခွင့်လွှတ်နိုင်ပါသေးတယ် ရေအိုး၂လုံးကို မိမိတို့ အသုံးပြုရန်အတွက်လည်း ယူမသွားဘဲ ရိုက်ခွဲသွားသည်ကိုတော့ ပြုလုပ်သူတွေမကောင်းကြပါဘူး တဖက်သားရဲ့ကုသိုလ်ယူခြင်းကို ကူညီထောက်ပံ့မှုမပြုလျှင်နေပါ အနှောက်အယှက်ပေးတာတော့ မသင့်တော်ပါဘူး

ဘေးအိမ်ကလူတွေကလည်း ဘကြီးစံစိတ်တိုနေတာကို ဖျောင်းဖျကြပြီး လူအမျိုးမျိုး အကျင့်စရိုက်အမျိုးမျိုးရှိသောကြောင့် ဒေါသကိုထိန်းပြီး နောက်ထပ်ရေအလှူပြုရန် တိုက်တွန်းကြတာပေါ့ ဘကြီးစံလဲ ကျေနပ်ပြီး သူ့ အိမ်ထဲပြန်ဝင်ပြီး နောက်ထပ် ရေကုသိုလ်ပြုရအုံးမယ် တကယ်သောက်သုံးသူတွေအတွက် လှူဒါန်းပေးအုံးမယ်လို့ လဲပြောပါတယ် ဒီနေ့ အတွက် သူ့ ရေအိုးစင်လေးမရှိတော့တာ စိတ်မကောင်းဖြစ်နေပါတော့တယ်
နောက်တနေ့ မှာတော့ ဘကြီးစံရဲ့ ရေအိုးစင်လေးပြန်လည်စိမ်းစိုနေတာမြင်ရပါတယ် ဘကြီးစံရဲ့ကုသိုလ်တွေအတွက် ဝမ်းသာမိပါတယ် သာဓုလဲခေါ်ပါတယ်

image

steemit friends များမင်္ဂလာပါရှင် ချမ်းသာကိုယ်စိတ်မြဲကြပြီး အောင်မြင်ကြပါစေလို့  ဆုတောင်းပေးပါတယ် ကျမနဲ့အတူ ဘကြီးစံရဲ့ရေအိုးစင်လေး နောက်ထပ်ဖျက်ဆီးသူများ မလာစေရန် လိုအပ်၍သောက်သုံးသူများကိုယ်စား ဆုတောင်းပေးကြရအောင်နော်

ဘကြီးစံရဲ့ရေအိုးစင်လေး ကြာရှည်စွာရှိနေပါစေ ဖျက်ဆီးသူများ မလာပါစေနဲ့ရှင်

@pyaesonekhinkhin
MSC ( 021 )

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရေအကျိုး ၁၀ ပါး မတောင်းပဲ ပြည့်၏ တဲ့။
သာဓုပါ ဗျာ။
ပုံဖော် ရေးသားပေးသူလည်း တော်ပါ၏။

thank you ပါ

Good post ! Thank for sharing !

thanks

100%နဲ့ vote​ပေမဲ့ $မတက်​ရင်​ စိတ်​မဆိုးပါနဲ့
အသစ်​​လေးမို့ပါ

ရေလှူ ရတဲ့ အကျိုးဆယ်ပါး အပြည့်အဝ ရပါစေ

nice writing

ရေအကျိုးဆယ်ပါးမတောင်းဘဲပြည့်သဗျာ

မှန်တာပေါ့ရှင်

,ဟိုး အရင်​က ​ရေအိုးစင်​​လေးများသတိရမိတာ
သောက်​ချင်စရာ​ စပါးပင်​​လေး​တွေနဲ့

ဟုတ်တယ်နော်

ခု​တော့ အဲ့ဓ​လေ့​လေး​တွေရှားသွားသလိုပါပဲ။

ရပ်ကွက်ထိပ်မှာ ရှိပါသေးတယ်ရှင်

  ·  7 years ago (edited)

တော်လိုက်တဲ့ပြည့်စုံပါလား တတ်ထှာအေ ရေအိုးစင်လေး အမြဲရှိပြီး အဖျက်အဆီးကင်းဝေးပါစေ

အဟေးးဟေးး
တော်ပါတယ်ဆိုနေမှ အ့လောက်မချီးကျူးနဲ့ ရှက်တယ်ဂျ

This is incredible! @pyaesonekhinkhin

wow!

Nice Story

thank you

nice nice nice

thank thank thanks

တော်​လက်​တာ​အေ

ဟီးး

great post

ရေအကျိုး ၁၀ ပါးရတယ် ဘာမှအရင်းသိပ်မစိုက်ရဘူးနော် ဆွမ်းအကျိုး ၅ ပါးပဲရတယ် အာ့ဆက်ရေးပေးပါ မမပြည့်ခင်ဗျား

long live >> ဘကြီးစံရဲ့ရေအိုးစင်လေး

it is beautiful post.

Nice ဆက်​​ရေးပါ အား​ပေး​နေပါတယ်​ အမဖန်​ပါ