ဒီနေ့ တော့ ဦးဦးဒေါ်ဒေါ် ကိုကိုမမ မောင်လေးညီမလေးများနဲ့ ဖိုးဖိုးဖွားဖွားတို့ ကို စပ်မိစပ်ရာဖတ်မိသမျှ steemit post လေးတွေအကြောင်းကို ဟာသရေးပြီး ပြောပြတော့မယ် မရီရရင်တော့ခွင့်လွှတ်နော် ။
ပြီးခဲ့တဲ့အပတ်က stemit myanmar မိသားစုရွာကြီးကို မနှောင်းက မလှိမ့်တပတ်လုပ်တာခံလိုက်ရတယ် ။ B ပြည့်လဲ ရှေ့ဆုံးကပါတော့ စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်ထွက်လာခဲ့တာ ဟိုဘက်ရွာက ဆူသံညံသံကြားတော့ နဂိုထဲက စပ်စုချင်တဲ့ဝါသနာလေးကရှိနေလေတော့ နားစွင့်လိုက်မိတာ ။
မနှောင်းတင်ဘယ်ဟုတ်မလဲ ဟိုဘက်ရွာထဲ ဝေလငါးကြီး ဝင်သောင်းကျန်းသွားတာ ပိုးလိုးပက်လက်တွေကိုလန်လို့  ။
ဟိုဘက်ရွာထက်စာရင် ကိုယ့်ရွာက တော်ပါသေးလို့ တွေးရင်းလမ်းဆက်လျှောက်လာခဲ့တာ ကိုဖိုးတုတ်အော်သံကြားမှ ရွာစွန်ထိရောက်နေတာ သတိထားမိတယ် ။ ဒီနေ့ မှကိုဖိုးတုတ်ကလဲ ထူးထူးဆန်းဆန်း အော်ဟစ်နေတယ် ။ အရင်ကအော်နေကြဖြစ်တဲ့ ငါလိုလူ ဇဗ္ဗူမှာရှာမှရှား ဆိုတဲ့အော်သံမဟုတ်တော့ဘဲ ဘုရားဂုဏ်တော်ဂါထာတွေရွတ်နေသံကြားရတော့ ကုသိုလ်လေးမှရရ ဆိုပြီး သာဓု၃ခွန်းခေါ်ခဲ့ရင်း အိမ်ဘက်အသာလှည့်ပြန်ခဲ့လိုက်တယ် ။ ကိုဖိုးတုတ်ရဲ့ စိတ်မနှံ့ဘဲအော်တတ်တာ အကုန်သိနေကြပြီးသားပါလေ ။
အိမ်ပြန်ရောက်ရင်တော့ ရွာကလူတွေကို တဆင့်ပြောပြပြီး အားပေးအုံးမယ် စိတ်ကူးထားမိတယ် ။ ဘာကြောင့်လဲဆို ဟိုဘက်ကရွာမှာက မနှောင်းရော ဝေလငါးကြီးရော နှောက်ယှက်လို့  သွေးတွေပျက်ပြီး ဂယောင်ကတန်းတွေအော်နေကြတာ ကိုယ်ကလက်တွေ့ကြားလာရတော့ ကိုယ့်ရွာက သိပ်မဆိုးသေးဘူးလေ ။
အိမ်ရောက်ခါနီး ကလေးတွေဝိုင်းအုံနေတာ ဘာလဲမသိ စပ်စုအုံးမှဆိုပြီး သွားကြည့်လိုက်သေးတာ ။ ဟိုဘက်ရွာက ဒေါ်ဘုမ ခြေဆင်းငိုနေတာ ဝိုင်းကြည့်နေတယ် ။ သူငိုတာ သူ့ ရွာကသိမှာကြောက်လို့ တဲ့ ဒီဘက်ရွာလာငိုရတယ်လို့  ကြုံဘူးပေါင်တော် ။ အောင်မလေး ဘုမအဖြစ်က ပိုဆိုးပါတယ်တော့ ။ မနှောင်းနဲ့ဝေလငါး တင်မကပါဘူး စုဆောင်းထားတဲ့ ကြောင်အိမ်ထဲက စတီးတွေပါ သံချေးကိုက်ကုန်လို့  ဆိုပြီး အသံပြဲကြီးနဲ့ အော်ငိုနေတာ ။
စိတ်ညစ်လို့ လမ်းလျှောက်ထွက်လာမိကာမှ ကိုယ့်ထက်ဆိုးတဲ့လူတွေနဲ့ချည်း တွေ့ခဲ့ရတယ် ။ အိမ်လဲရောက်ပြီ ကိုယ့်ဘာသာကိုယ် အခန်းထဲစာလေးဘာလေးရေးတာ ကောင်းပါတယ်လေလို့ တွေးမိပြီး ပြတင်းပေါက်ဖွင့် စားပွဲလေးချ နေရာပြင်ဆင်လိုက်တယ် ။ အိမ်ဘေးက နွားက ထအော်တာ လန့် တောင်လန့် တယ် ။ ဘွတ်အုံးးးးး ဘွတ်အုံးးးး တဲ့ ။ နကိုကမှ စီးပွားရေးအခြေအနေမကောင်းပါဘူးဆို သူက ခုမှ ဘွတ်အုံး ထအော်နေတော့ အမြင်ကပ်ပြီး ပြန်အော်လိုက်တာ ဘယ်ရမလဲ Bပြည်တဲ့ " ဘာဘာ ဘာမှ ဘွတ်ဖူးးးး မနှောင်းရယ် ရက်စက်တယ် ဝေလငါးကထပ်နှိပ်စက်တယ် စတီးတွေလဲသံချေးတက်တယ် ဟိုဘက်ရွာမှာ ဘုရားစာရွတ်နေတယ် ဘာဘာ ဘာမှ ဘွတ်တော့ဘူးးးး " လို့  ။
MSC 021
အများတေ ခွေးမွေးချိန် စမီးက ဝက်မွေးတဲ့အကြောင်းလေး လင်းပါဦး အိုင်ဆေးb pyae
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😏

ဝေလငါကြီးကိုစိတ်ဝင်စားတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟားး နိတို့ရွာက ဝေလငါးအကျိုးပေးတာကိုး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါလည်း post ဖြစ်တာပဲ ကိုဟင်လည်း ဘွတ်ဖူးတဲ့
ဟိဟိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိ

ဘာဖစ်တာလား ဟွင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခိခိ

ဘယ်လိုတေတောင် ရေးပြသွားတာလဲ အယ်မရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားမလည်ပုလား ခ်ခ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လမ်းလျှောက်တော့ အနည်းဆုံး အညောင်းလေးတော့ ပြေပါတယ် ပြည့်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုကဲ့မမ

မဘွတ်ဘူး ဟုတ်လား
ဟုတ်ပီလေ ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခ်ခ် ဘာဘာ ဘာမှ ဘွတ်မာလို့ စ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငဇင်ဇတ်လောက်ပဲကောင်းပါတယ်အေ ဝေလငါးက ကြီးနေတယ် မနိုင်ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်တယ်ဝေလငါး