ခေတ် ………

in myanmar •  6 years ago 

ပုဂံသွားဘို့ စကားနဲ့ အကိုတယောက်နဲ့B Pyae စပ်မိစပ်ရာလေးတွေပြောဖြစ်ခဲ့ကြပါတယ် ။

B Pyae ကျူရှင်တက်တဲ့အကြောင်းတွေထည့်ပြောကြရင်း အကုန်ကြုံရသမျှလေးတွေပါ ပြောဖြစ်သွားတော့ ခုလိုပိုစ့်လေး တပုဒ်အဖြစ် B Pyae က ဖန်တီးလိုက်ပါတယ် ။

အဲ့ဒီအကိုရဲ့စကားတွေကို ကောက်နှုတ်ရင်း Steemit Post အဖြစ် ဖြည့်စွက်လိုက်တာကတော့ ……

တကယ်​​တော့ ..
အ​သုံးမကျတဲ့ သူတ​ယောက်​အဖြစ်
ရပ်​တည်​နိုင်​ဖို့ ​မလွယ်​ပါဘူး။
သူတို့​တွေမှာလဲ ဖြတ်​သန်းခဲ့ရတဲ့
ခေတ်​ဆိုတာရှိတယ်​။
အဲဒါ​တွေကို နားလည်​သွားရင်
အသုံးမကျသူ​တွေကို
ကိုယ်​ချင်းစာတတ်​သွားလိမ့်​မယ်​။
သင်​ကိုယ်​တိုင်​ ဖြတ်​သန်းဖူးရင်​​တော့
သင်​အသုံးမကျဘူးဆိုတာ
ဝန်​ခံမိပါလိမ့်​မယ်​။
................
သိတတ်​စအရွယ်​မှာ မိဘလူကြီး​တွေက
သားကြီးရင်​ သမီးကြီးရင်​ ဘာလုပ်​မှာလဲ?
ဆရာဝန်​ကြီးလား စစ်​ဗိုလ်​ကြီးလား
အင်​ဂျင်​နီယာကြီးလား ဆိုပြီး လမ်း​ကြောင်း​ပေးတဲ့
အ​မေး​တွေ​ မေးတတ်​ကြတဲ့ ​ခေတ်​ ……

အတန်းထဲမှာ စာဘယ်​​လောက်​ညံ့ညံ့ 
ကျောင်း​ခေါ်ချိန်​မပြည့်​ရင်​​တောင်​ ကျုရှင်​မှန်​မှန်​တက်​ထားရင်​ Aခန်းမှာအမြဲ​နေရပီး အတန်းတိုင်း​အောင်​​တဲ့ ခေတ်​ ……

ဆယ်​တန်းကျမှာကို ​သေမ​လောက်​ ​ကြောက်​တတ်​ကြပြီး နတ်​ကြီးတယ်​လို့ ​ပြောတတ်​ကြတဲ့ ဆယ်​တန်းကို လမ်း​ကြောင်းမှန်​မှန်​နဲ့ ပူ​ဇော်​ပသတတ်​ရင်
အောဒီနဲ့​တောင်​ ​အောင်​လို့ရတဲ့ ​ခေတ်​ ……

တက္ကသိုလ်​မှာ ​မေဂျာ​ရွေးတဲ့အခါ အမှတ်​နဲ့မဆိုင်​ ဝါသနာနဲ့တလွဲ ​ခေါင်းပန်းလှန်​သလို ကျချင်​ရာကျ​​ရွေးတတ်​ကြပီး တက်​ရပီး​ရောဆိုတဲ့ ​ခေတ်​ ……

တက္ကသိုလ်​​ကျောင်းတက်​ရခြင်းရဲ့ အဓိကရည်​ရွယ်​ချက်​မှာ ဘွဲ့တစ်​ခုခုရဖို့ဖြစ်​ပြီး ကျောင်းပြီးဘွဲ့ရတဲ့တ​နေ့​နေ့ ဘွဲ့ဓာတ်​ပုံကို အိမ်​တိုင်​မှာချိတ်​ဆွဲနိုင်​ရမည်​ဟု ကြုံးဝါးကာ ဘွဲ့ရမှ လူရာဝင်​မယ်​ဆိုတဲ့အသိတစ်​ခုက အရိုးစွဲ​နေကြခြင်း​ကြောင့်​ ​ဘွဲ့တခုခုရဖို့ အသဲအသန်
လုံးပန်းကြရတဲ့ ​ခေတ်​ ……

ကျောင်းပြီးဘွဲ့ရ​တော့ ဘွဲ့​တော်​လက်​မှတ်​ကို ကိုင်​ဆွဲကာ ပညာမာန်​တခွဲသားနဲ့ အလုပ်​ထဲဝင်​ကာမှ
ရခဲ့တဲ့ဘွဲ့​တော်​ကြီးဟာ ​သုံးစားလို့မရ​မှန်းသိသွားပြီး သောက်​တလွဲ ဖြစ်​​နေပါကလားးရယ်​လို့ အချိန်​လွန်​​နောင်​တရတတ်​ကြတဲ့ ​ခေတ်​ ……

ဒီခေတ်ကြီးကို တွန်းလှန်ရင်း အသုံးကျတဲ့သူတယောက်ဖြစ်ဖို့  B Pyae ကြိုးစားရတော့မယ်လို့  ဆုံးဖြတ်လိုက်မိတယ် ။

3325483_S.jpg

image credit source

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good writing

thank you brother

ကတိနော်ပြောပြီးရင်ဖြစ်အောင်လုပ်

ဟုတ်

အမှန်ကန်အတွေးနဲ့အရေး

မှန်လွန်းရင်ဘေးထွက်နေရတတ်တာကျ မပြောပု

ဟား ဟားး

ရီစရာပေါ့လေ နော့

ကြိုးစားထား အားတင်းထား ဖိုက်​တင်း
ဒေါ် ပြည့်

ဟုတ်ကဲ့ thank you

hi

hello

မှန်သောစကားများပါ

ဟုတ်အန်တီ

အမြင်တေမှန်လာပီ

ဟဟ

MSC မှာတော့ အသုံးကျ အသုံးဝင် အသုံးတည့် သူ B Pyae လေးပါ
ပုဂံကြရင် မုန့် ကျွေးနော်😁😁😁

ဟုတ်ကဲ့

5tin

ဟုကဲ့

သိပေမယ့်လဲ မပြင်နိုင် အရိုးစွဲနေတဲ့ခေတ်

ဒီလိုနဲ့ဖြည်းဖြည်းပြင်ရမှာပေါ့လေ

အမှန်​ပါဘဲ.. ..

ဟုတ်ကဲ့

စပါယ်ရှယ် အသုံးကျတဲ့သူ ဖြစ်ပါစေခွယ်

ပေးတဲ့ဆုပြည့်အောင် ကြိုးစားပါ့မယ်ရှင့်

ခတ်​ပျက်​ကြီးပဲလား သိ​တော့ဘူး ☺ ☺

အေးကွယ့် အသုံးဝင်တဲ့လူဖြစ်ဘို့ အတော်ခက်တာ။ ကြိုးစားကွယ်။

အဲဒါတွေအားလုံး ပြောင်းပြန်ဖြစ်သွားအောင် လုပ်မဲ့ခေတ် ရောက်ချင်မှရောက်လိမ့်မယ်။ဒါပေမဲ့ အဲဒါတွေကို သိပြီးမိမိဘာလုပ်သင့်လဲဆိုတာကတော့ အခုအစ်မရေးပြပြီး ကြိုးစားတော့မယ်ဆိုတာလေးကိုပဲ မှတ်သားလိုက်နာ ကြရမှာပေါ့။ကောင်းမွန်သော post လေးတစ်ခုပါ။

Good ညီမ ရေးထားတာလေး ကြွေ😊

Postအသစ်ရှိပြီလားလို့ဝင်ရှာရင်း
အမှက်မထင်ဖတ်ခဲ့သည်😁😁
ကြိုးစားညီမလေးရေ fighting.....