နေတတ်ရင်ကျေနပ်စရာချည်းပါ

in myanmar •  7 years ago 

အကျင့်ကောင်းလေးများမွေးဘို့  ကိုယ့်ကိုယ်ကိုပြင်ဆင်ရပေမည် ။ ပြင်ဆင်ရအုံးမယ်ဆိုလို့  အစက အကျင့်မကောင်းဘူးလားလို့ တော့ မမေးနဲ့နော် ။ ကောင်းသည်ထက် ပိုကောင်းအောင်လာအောင် ပြင်ဆင်ရအုံးမယ်လို့  ဆိုလိုခြင်းပါ ။

ဒါဆို အမြဲတမ်းအကျင့်ကောင်းနေတာလားလို့ လဲ ကပ်သီးကပ်ဖဲ့ ထပ်မမေးပါနဲ့အုံးလေ ။ အမြဲတမ်းတော့ အကျင့်မကောင်းခဲ့ပါဘူး ဝန်ခံပါတယ် ။ B ပြည့်လဲ ပုထုဇဉ်လေ တခါတလေတော့ စိတ်က ထစ်ကနဲဆို ငါ့ကိုဒီလိုလုပ်ရမလား ငါကကောင်းနေတာကို ဒီလိုပြောရမလား ဆိုပြီးတော့ ဒေါသတွေထွက် တုန့် ပြန့် ချင်တဲ့စိတ်ကလေးတော့ ပေါ်မိတာပေါ့ ။

ဆိုရိုးစကားရှိပါတယ်လေ ။ အမှားကို မှားမှန်းသိရင် ဝန်ခံရဲရမယ်ဆိုတာနဲ့ အမှားကို အမှားလို့ သိပြီးရင် အမှန်ကိုပြင်ဆင်ရမယ် ဆိုတာလေ ။ ဒီတော့ Bပြည့် ဖြစ်တတ်တာကို ဝန်ခံပြီးပြီဆိုတော့ အမှန်ကိုပြင်ဘို့ သာ ကျန်တော့တာပေါ့ ။

B ပြည့်ရဲ့ အကျင့်ဆိုးလေးတွေရှိတတ်တဲ့ လက်တုန့် ပြန်ချင်တဲ့စိတ်ကို ပြင်တော့မယ် ။ ဘယ်လိုပြင်ရမလဲ ကိုယ့်ဘာကိုယ် လုပ်နိုင်တာလေးက စပြီး စဉ်းစားလိုက်မိတယ် ။ လူကြီးတွေကလည်း ဆုံးမထားကြတာဆိုတော့ ကိုယ့်ကို မကောင်းပြောနေသူကို သူဘာပြောပြော မကြားမိအောင် ကိုယ်ကနေပြလိုက်မယ် ။ ကိုယ်ဒီလိုနေပြလို့ မှ ထပ်ကြားလာအောင် ကိုယ့်ဆီလာပြောသူများကိုလည်း မပြောကြဘို့  တားမြစ်လိုက်မယ် ။ ဒါဆို သူဘာပြောပြော ကိုယ်မကြား မသိရတော့ ဒေါသလည်းမဖြစ်တော့ဘူး ။ ဒေါသမဖြစ်တော့ တုန့်ပြန်ချင်တွေလည်း မရှိတော့ဘူးလေ ။ ကဲ ဘယ်လောက်ငြိမ်းချမ်းသွားလဲလေ ။

သူ့ဘက်က ဘာတွေဘယ်လို ကိုယ့်ကို မကောင်းပြောနေပါစေ သူမောရင် ရပ်သွားမှာပါ ။ အမောပြေလို့ သူထပ်ပြောလာပါစေအုံး ကိုယ်က မကြားနိုင်အောင် တားမြစ်ထားနိုင်ခဲ့လို့  သူသာလျှင် သူပြောသမျှ
ကိုယ်မကြားလေခြင်းရယ်လို့  ဒေါသတွေထပ်ခါထပ်ခါဖြစ်ရင်းနဲ့ သူသာလတ်တလောကြုံတွေ့ရမယ့် အပူတွေတိုးနေတော့မှာပါ ။

ဒီတော့ ဒီနေ့ ကစပြီး B ပြည့်ရဲ့အကျင့်ဆိုးကို ပြင်ပါပြီ ။ B ပြည့်လိုစိတ်ရှိကြသူများလည်း အကျင့်တူများလည်း ပြင်နိုင်ပါက ပိုကောင်းပါမယ်လို့ အကြံလေးပေးပါရစေ ။ နေတတ်ရင် လောကကြီးဟာ ကျေနပ်စရာချည်းပါ ။ နေရတဲ့အချိန်ခဏလေးမှာ မိမိရှင်သန်နေရတဲ့ဘဝကို ဒေါသတွေနဲ့ ပင်ပန်းစွာဖြတ်သန်းနေမယ့်အစား ပျော်ရွှင်စွာဖြတ်သန်းသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ ။

IMG_20180109_181324.JPG

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Living young, wild and free 😍

right bro

ဒါ​ပေါ့အန်​တီရာ😁

ဟုကဲ့အဖိုး

မန်းလေးသူ ညိုချောလား

ဟားး လာvoteအူးမှပါ ညိုချောဆိုလို့ 

ကို​ယ့်​ဘက်​ကအဲ့ဒီလိုစိတ်​မျိုးနဲ့​နေ​ပေးနိုင်ရင်​​ကောင်းပါတယ်
ဒါ​ပေမဲ့ သီးမခံနိုင်​တဲ့တ​နေ့ကို​ရောက်​ရှိခဲ့မယ်​ဆိုရင်​​တော့
အရူံးဆိုတဲ့ရလဒ်​တစ်​ခုကိုရင်​ဆိုင်​ရလိမ့်​မယ်​ ပြည့်​..

ဟုတ်တယ် ထိန်းမှစိတ်ကမလွယ်ဘူး

B ပြည့်ဆိုတာလေးတစ်ခုပဲ့ နားမလည်ဘူး

Bပြည့် is baby pyae လေ

အိုကွယ် baby တဲ့လား မမရယ်

တကယ်နော်

တကယ်ပါဆို

ပုထုဇဉ်ဆိုတော့လည်း ခက်တယ် ပြည့်ရေ
ကိုယ့်ကိုပြောဆိုလာရင် မခံချင်ဘူးရယ်
ဒါပေမဲ့ အတက်နိုင်ဆုံးတော့ သည်းခံနေပါတယ်

ဟုတ်ကဲ့မမစု

Nice post
I follow you Follow mee back plz
vote my post

ok thank you

နေတတ်​ရင်​​ကျေနပ်​စရာကြီးပါ

မနေတတ်လို့ မှမရတာလေနော့အကိုတာ

သီးခံ ပါတယ် ဟာ ။ ဘာမှ ပြန်မလုပ်တာ နင်သိပါတယ် ။ အတူတူလက်တွဲ သွားကျမယ် msc အနာဂတ်လေး ထွန်းတောက်လာအောင်။

အဟေး ဟေး

အားပေးပါတယ်ညီမလေး၊ သူများပြော့ဆိုတာထက်ကိုယ်တိုင်ပြင်ချင်စိတ်ရှိတာပိုကောင်းတယ်

ဟုတ်ကိုကို

တကယ်ပြင်ပြီပေါ့

ဟုကဲ့

စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေပေါ်လာစဉ်းစားပြီး မေးခွန်းလေးတွေဖြေပါ(ဟေမာ)
ကောင်းပြီဆိုရင် ခံရပြီသာမှတ်(မောင်သာရ)

ဗြဲ

လှလိုက်တာဆို မင်းသမီးကျလို့😁😁

ကျေးဇူးပါ မမkyi လဲလှပါတယ်ရှင်

You got a 0.37% upvote from @upme requested by: @pyaesonekhinkhin.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

မမြင်တာကြာလို့…မလွမ်းပို…

ဟားး

ညီမရေ အလည်လာသွားတယ်ကွယ်

ညီမလေးလည်း ညကျလာလည်ပါ့မယ်ရှင်

ပုထုဇဉ်တိုင်းက အရူးကြီးပဲလို့  ဆိုစကားရှိတယ်ခင်ဗျ
အစ်မကျတော့ အရူးနဲ့လည်းမတူဘူးနော်
စကားပုံများ မှားသလားပဲ ဟဲဟဲ သားကစတာနော်

aww

စာက​ကောင်းရဲ့သားနဲ့ပုံက လန့်​တာ​အေ

မကျေနပ်တာတွေအောင်းထားရင် နှလုံးလေဖြတ်တတ်တယ်လေ၊ မကျေနပ်လဲကျေနပ်တော့။