Feeling - bored

in myanmar •  7 years ago 

အချိန်နဲနဲ ( တနေကုန် ) အားနေတဲ့ B Pyae တယောက် ဘာလုပ်ရမယ်စဉ်းစားနေတုန်းမှာ chat box ကနေ ဟေ့ ဆိုတဲ့အသံ ဟုတ်ပေါင် ဟေ့ဆိုတဲ့စာကြောင့် လန့် ပြီး noti လှမ်းဖတ်လိုက်တာ ယွခမကြီးတံမြက်စည်း ဖြစ်နေလေတော့ အားနာပါးနာနဲ့ reply လိုက်တာ တနေ့လည်လုံး ပြောဖြစ်ခဲ့ကြတယ် ။

သူများအကြောင်းမပါပါဘူး အားနေတဲ့အချိန်တွေမှာ ပျင်းနေတာကြောင့် အခုတလော တဂီးဂီးပြောနေကြတဲ့ Gese ကို အပျင်းပြေအကောင့်ဖွင့်ပြီး လုပ်ကြဘို့ ပါ ။

Gese account ဖွင့်ပြီး ပိုစ့်တွေတင်လိုက် ကွန့် မန့် တွေရေးလိုက်ကြနဲ့ အပျင်းတော့ပြေခဲ့ပါတယ် ။ Gese မှာက အရက်နဲ့ဆိုင်တာတွေကို သီးသန့်တင်ကြတာပါ ။

Steemit လို copy ဘာညာ စည်းကမ်းမသတ်မှတ်တော့ google က အရက်မျိုးစုံရိုက်ရှာပြီး copy တင်ကြတာ အပြိုင်အဆိုင်ပါဘဲ ။

chat box ကနေ ဟာသတွေထုတ်ကြရင်း တဂီးဂီးလုပ်နေကြတာက ခနတော့အပျင်းပြေပြီး ပျော်စရာကောင်းပါတယ် ။

၃ရက်မြောက် post တင်လဲပီးရော အခုဆက်တင်လို့ မရတော့ဘူး ။ ဖွဲမီးလိုပါဘဲ အခုတော့လဲ ။ အပျင်းပြေစရာ နောက်ထပ်တခုထပ်ရှာရအုံးတော့မယ် ။

အသက်ရှင်နေထိုင်ခိုက်မှာ စိတ်ညစ်စရာတွေကိုမေ့ထားပြီး ပျော်ပျော်နေနိုင်အောင်က မိမိဘာသာရှာပြီး မိမိဘာသာ နေထိုင်မှရမှာလေ ။ game ဆော့ မုန့် စားရတာလည်း ပျင်းလာပြီ ။

fd9ecadf6b9afeea2a45814136d52211.jpg

crd org source

@pyaesonekhinkhin

MSC021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နှစ်ရက်တစ်ခါ 10 ပို့စ် တင်ခွင့်
Reply 50
Upvote 20 ရပါတယ်အေ
ပုံတင်နည်း ပြောမယ်ဆိုပြီး chat box မှာ ပြန်လည်ပြောဘူးနော်

cb လာပါပု အကိုကလဲအေ

သမီးပျင်းလာရင်သူငယ်ချင်းတွေနဲ့ကလိုက်အပျော်တွေကူးစက်သွားမှာ

အန်တီမော်လမြိုင်မှာဘဲလား
ပုဂံကအပြန်လာစရာရှိတယ် မော်လမြိုင်ကိုလေ

ဟုတ်လာပါသမီးဧည့်ခံပါ့မယ်

Game ဆော့
မုန့်စား ဒါကိုပျင်းသေးတယ်ပေါ့
မန်းလေး လာခဲ့မယ်လေ သီချင်းသွားဆိုရအောင်

လာခဲ့ပါဖွားချစ်ရေ
ဆိုကြမယ်ပျော်ကြမယ်လေ

ကောင်းပ