Me&My friends …… 1

in myanmar •  7 years ago 

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် B Pyae တို့ သူငယ်ချင်းတစု ဆုံကြရန် တဦးနှင့်တဦး ဖုန်းဆက်ကြပါတယ် ။ B Pyae အိမ်မှာဆုံကြတာများသောကြောင့် မာမီမရှိ၍ ပျင်းနေသော B Pyae က သူငယ်ချင်းများကို နှိုးဆော်ပါတော့တယ် ။

သူငယ်ချင်း၎ဦးထံ ဖုန်းဆက်ပြီး ခနအကြာမှာ တဦးရောက်လာပါတယ် ။ ကျန်သူုငယ်ချင်းများကိုစောင့်ရင်း B Pyae တို့ စကားပြောဖြစ်ကြပါတယ် ။

ဟိးုတပတ်က B Pyae တို့ သူငယ်ချင်းတစု ပြင်ဦးလွင်သွားတဲ့အကြောင်းကို ဖုန်းထဲက ရိုက်ခဲ့တဲ့ပုံတွေပြန်ကြည့်ရင်းနဲ့ သူ့အကြောင်းကို သူငယ်ချင်းက ပြောပြတိုင်ပါတယ် ။

သူပြောပြတာက သူ့ ချစ်သူနဲ့သူ အဆင်မပြေတာလေးတွေပေါ့ ။ သူ့ချစ်သူက
** အစစအရာရာသူ့ ကိုအလိုလိုက်ကြောင်း

** ဘာမဆို သီးခံအလျှော့ပေးကြောင်း

** အလွန်ချစ်တတ်ကြောင်းအစုံအလင်ပေါ့ ။

B Pyae နားထောင်နေရင်း သူ့ ကိုမေးလိုက်ပါတယ် ။ " ဒါဆိုဘာအဆင်မပြေတာလဲ ? ဒီလောက်ချစ်တတ်ပြီး အလိုလိုက်နေတာကို နင်ကိုကလွန်တာပေါ့အေ " ဆိုတော့ သူငယ်ချင်းက သူ့ချစ်သူအူတိုတတ်လို့ ဆိုပြီး ဖြေပါတယ် ။

" အမယ်လေး ဒါလေးများအေ ။ ချစ်လို့ အူတိုတာ တိုပါစေ ဘာဖြစ်လဲပေါ့ " B Pyae ပြန်ဖြေအပြီးမှာ သူငယ်ချင်းက ကြောင်တောင်တောင်ကြည့်နေပြီး " ငါတို့အကြောင်း နင်မသိဘဲဟာ ရမ်းပြောနေတယ် " လို့ ထပ်ပြောပါတယ် ။

B Pyae လည်း " ဟ! မသိလို့ ပေါ့ နင်ပြောတာနားထောင်းပြီး နင်တို့ အတွဲကို ဆုံးဖြတ်ကြည့်တာလေ " လို့ ပြန်ပြောလိုက်တာပေါ့ ။

သူငယ်ချင်းက " ငါမပြောချင်လို့  " တဲ့ ။
B Pyae နဲ့ အဲဒီမှာစတွေ့တော့ပါဘဲ ။ မပြောချင်တဲ့အရာဆို ပိုသိချင်တာလေ ။ မရဘူးပြောရမယ် ဇွတ်မေးတော့တာပေါ့ ။ သူကလဲ မပြောဘူးငြင်းပြီး အိုက်တင်ခံနေသေးတာ ။

received_285973225306741.jpeg

ဒီလိုနဲ့သူပြောပြမယ်ပြင်နေတုန်းမှာ တခြားသူငယ်ချင်းတွေရောက်လာတော့ စကားပြတ်သွားခဲ့တာပေါ့ ။ ညမှဖုန်းဆက်ပြီး မရမကကို မေးရအုန်းမယ်ဟု B Pyae တွေးထားလိုက်ပြီး ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာစားကြသောက်ကြ ပျော်ကြဘို့ အစီအစဉ် စလိုက်ပါတယ် ။

ဆက်ရန်ကို မနက်ဖြန်မှ ထပ်ရေးမယ်နော် ……

MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အယ်ကွယ်

ခ်ခ်

တန်းလန်းရီး😌😌

လာမယ်မမရေ မကြာမှီမျှော် ခ်ခ်

ဒီမှာလာ အတင်းအုပ်တော့မယ်ပေါ့😁😁😁😁

ဟုတ်တယ် အတင်းတွေရေးပြမှာ ဟားး

ခုတော့ အတင်း အစား သတင်း ဖြစ်ပေါ့
😂

သစ်ရွက်လှုပ်တိုင်းရင်ခုန်သောအရွယ်

ဟုတ် အန်တီ

သူငယ်​ချင်း​တွေနဲ့စား​သောက်​လိုက်​၊စကား​ပြောလိုက်​​ပျော်​စရာပါ....ဆက်​ဖတ်​မယ်​​နော့...

ကျေးဇူးပါမမရေ

ဟဲဟဲ b pyae ခမျာ သိပ်မသိချင်ရှာဖူးနော် ထပ်တူပါပဲ သိချင်ပါတယ်လို့ 

ညကျဖုန်းဆက်မေးထားတာ စာစီအုန်းမယ်ဘုန်းရေ

သဝန်တိုတက်လွန်းရင်လည်း တဖက်သားသိက္ခာကို ထိပါးရာရောက်တယ်

မမစုရေ သူတို့  အတူတူ ဘူဘူချင်းတစ်လုပ်နေတာ ခ်ခ်

ညီမက ဘယ်‌လိုအ‌ကြောင်းအရာ ဖြစ်‌ ဖြစ်‌‌ရေးတတ်‌ပါတယ်‌ဆိုတာ မှန်‌ဘူးလား။

အကိုတယောက်ထဲ ညီမလေးကို ရေးတတ်တယ်အားပေးတယ် thank you so much ပါ

လက်ကုန်ဘဲ

#အပေါ်ကမန့်အဆက် :P

ကျန်သေးတယ် မကုန်သေးပါ

ကွီးယားကားကြည့်​ရသလို့ပဲ့😒

သီးခံဖတ်အေ :(

မေးဖြစ်အောင်မေးနော်

ဟုဟု

အဲလယ်​ ☺ ☺

ခ်ခ်

နင်တို့ အကဲ ငါးယောက် ဘယ်လောက်တောင်ကဲနေကြသလဲဟ။

အူးချပိန် viber hi ထားတယ်

အွမ်း ဘိုက်ဘာသုံးရင် ဗိုက်နာတတ်တယ် ဟိဟိ။

ဖုန်းဆက်မေးပြီးရင် ပြောပြအုံးနော်။စာဖတ်ပြီးတော့ သိချင်တာပေါ့။အားပေးနေပါ့မယ်။

ဟုကဲ့

  ·  7 years ago (edited)

ဘယ်လိုတောင်လားအေ ငါတော့ဓါတ်ပုံလေး သဘောကျတယ် အတွေးကောင်းတယ် ။ နောက်ဆုံး တစ်ယောက်နေက အလင်းလေးသာ မပြန်နေရင် အတော်ရှယ်တဲ့ပုံလေးဖြစ်မှာ ။

အဲ့ ဒါ သက်သက်လူလည်ကျသွားဒါ

ဟားး ဟားး အပိုင်ဆက်ရေးချင်တာပေါ့ သူညားတေလိုလေ