ငယ်စဉ်ကအပြုံး

in myanmar •  7 years ago  (edited)

ပိုစ့်ကဘာရေးရမှန်းမသိတာနဲ့ စာရေးဘို့ အတွက် အထောက်အကူရမယ့်ဟာလိုက်ရှာတာလဲ မတွေ့ ။ ကျောင်းကလဲပိတ်ထားတော့ ပျင်းပျင်းရှိ အိပ်ယာထဲလှဲအိပ်နေတာ အရင်နေ့တွေက ကိုယ့်အခန်းကိုယ် သတိမထားမိခဲ့ပါ ။ နေ့စဉ်မြင်တွေ့နေကျဖြစ်တာရယ် ပိုစ့်ကလဲ ရေးစရာတွေရှိနေတာရယ်ဆိုတော့ အေးဆေးပေါ့ ။ ဒီနေ့ ရေးစရာမရှိသလို ခေါင်းထဲဗလာဖြစ်နေတော့မှ ပြာယာခတ်နေမိတာပါ ။

B Pyae ကံကောင်းတယ်ဆိုရမယ်လေ ရေးစရာတွေ့ပြီ ။ ကိုယ့်အိပ်ယာလေးမှာ ထောင်ထားတဲ့ ကိုယ်ငယ်ငယ် ၇နှစ်အရွယ်က ဓာတ်ပုံလေးကို သတိထားမိတော့ ရေးစရာရသွားတယ် ။

facebook post လိုတင်မယ်ဆိုရင်တော့ ဒီပုံကို စာရေးသူငယ်စဉ်ကလို့ ရေးလိုက်ရုံပါ ။ သို့ သော် ယခုတင်မှာက steemit post အတွက်ဆိုတော့ leader ကလဲ သမီးခရုလားဆို No vote လဲကြောက်တယ်လေ ။

ဒါနဲ့ ဒီပုံအကြောင်းပြန်စဉ်းစားတော့တာပါ ။ B Pyae ဒုတိယတန်းစားမေးပွဲဖြေအပြီးမှာ စစ်ကိုင်းကဘုန်းဘုန်းကြီး ဦးသုမနရဲ့ မိုးကုတ်ရိပ်သာမှာ မယ်သီလရှင်ဝတ်ပြီး ကုသိုလ်ယူဖြစ်ခဲ့ပါတယ် ။ သီလရှင် ၁၀ရက်ဝတ်ပြီးထွက်လာတော့ ကတုံးလေးနဲ့ဆိုတော့ ဦးထုတ်တကိုင်ကိုင်နဲ့ သွားလေရာဆောင်းထားရတာပေါ့ ။

တလလောက်အကြာမှာ ဘုန်းဘုန်းကြီးကျောင်းကိုအလည်သွားဖြစ်တော့ ဘုန်းဘုန်းကြီးရဲ့သာဝကဖြစ်တဲ့ ဦးမင်းက ရိုက်ပေးတဲ့ပုံလေးပါဘဲ ။ ဒီပုံကိုကြည့်ရင်း ငယ်ဘဝရဲ့အမှတ်တရတွေကို ပြန်သတိရပြီး ဝမ်းနည်းမှုပုံရိပ်ကိုလည်းပြန်မြင်လာပါတယ် ။

သူများတွေငယ်ဘဝကိုပြန်လိုချင်ကြသလို B Pyae တော့မလိုချင်ပါဘူး ။ ဘာကြောင့်လဲဆို ကိုယ့်အကြောင်းနဲ့ကိုယ်လို့ ဘဲ ပြောချင်ပါတယ် ။ လူတိုင်းဟာ သာယာတဲ့ဘဝကိုလိုလားကြတာပါ ။ ဒီပုံရိုက်ပြီး အိမ်အပြန်မှာ အမှတ်တရဝမ်းနည်းစရာရှိခဲ့လို့ ပေါ့ဟုသာ ပြောချင်ပါတယ် ။

B Pyae လိုချင်ခဲ့တာက ဒီပုံထဲက အပြုံးလေးပါဘဲ ။ ဒီပုံထဲလိုအပြုံးဟာ B Pyae ဘယ်လောက်ဘဲ ဓာတ်ပုံတွေရိုက်ပြီး ပြုံးပြုံး မတူတော့တာကို B Pyae ကိုယ်တိုင်သာ အသိဆုံးမို့  လိုချင်မိတာပါ ။

IMG_20180603_072203.jpg

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အကုန်လုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူးကိုယ့်ဘဝကိုယ်အပစ်တင်မနေဘဲအကောင်းမြင်စိတ်နဲ့သူများထက်သာတဲ့အရာတွေအပေါ်ကျေနပ်ပါ။ အသက်ရှင်ရတာအဓိပ္ပါယ်ရှိအောင်ဘဝမှာပျော်ပျော်နေဖို့လိုတယ်ကိုယ်လုပ်ယူလို့မရတဲ့အရတွေအတွက်စိတ်ညစ်ပြီးလက်ရှိအချိန်တွေအကုန်မခံပါနဲ့ညစ်စရာတွေလွှတ်ချပြီးပျော်ပျော်နေလိုက်ပါ။

ဟုတ်ကဲ့

o dear ... this thing still could use a translate button :p :p

I wrote my child life ;
this photo was 11 years old

This post has received a 0.12 % upvote from @drotto thanks to: @rudyardcatling.

thank for your support

သမီးငယ်ငယ်တုန်းကပုံလေးကိုကြည့်ရတာ..အေးချမ်းလိုက်တာ။အန်တီလဲ..သမီးလိုဘဲ..ဖြတ်သန်းခဲ့တဲ့ဘယ်ဘဝကိုမှ..မလိုခြင်ဘူး။လက်ရှိပစ္စပ္ပူန်နဲ့အနာဂါတ်ကို..တတ်စွမ်းသလောက်..အကောင်းဆုံးလုပ်သွားမယ်..။

ဟုတ်တယ် ငယ်ဘဝက မခံစားတတ် မတွေးတတ်တော့ ချောင်ထဲကုပ်ပြီးငိုခဲ့ရတယ် ကြီးလာတော့ အဆင်ပြေရာ စဉ်းစားဖြေတတ်လာတယ်လို့ ထင်လို့ ပါ

You got a 1.98% upvote from @postpromoter courtesy of @pyaesonekhinkhin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

it's okay :) i rarely see people from myanmar here so far :))

Cute တယ် ခရုတယ် မမတော့ ချစ်ယူ ညယေး😊😊

မမကိုလည်း ချစ်ပါတယ်
မမလဲ ခရုတယ်လေ

ဟယ်. မမစကန်ထရီကပုံချေ့စာယေး😍😍

အယ်မယ် အယ်မယ် ဟုတ်လို့ လား

ဟုတ် ရယ် . အဟိ😊😊

ကလေးဘဝဆိုတာ ဖြူစင်တယ်။
ဒါပေမယ့် ကလေးတိုင်းတော့ အပြစ်ကင်းတာ မဟုတ်ဘူး။
ကလေးဘဝက အေးချမ်းတယ်။
ဒါပေမယ့် ကလေးတိုင်းတော့ ပြည့်စုံတာ မဟုတ်ဘူး။
ကလေးတွေကို ပန်းကလေးတွေလို့တင်စားမယ်ဆိုရင်....
ဥယျာဉ်ကြီးထဲက လန်းဆန်းဝေဆာနေတဲ့ ပန်းကလေးတွေကိုပဲ ပြေးမြင်ကြမှာပါ။
နွမ်းလို့ပဲဖြစ်ဖြစ်၊ လူတကာမနမ်းချင်တဲ့ပန်းပဲဖြစ်ဖြစ်၊
ပန်းဆိုတာကပန်းပါပဲ ....

little-girl-in-dandelion-field_600x600_shutterstock_105527189.jpg

အခုပုံစံနဲ့အတူတူပါပဲမို့ ငယ်ငယ်ကအသွင်ပျောက်ဆုံးမသွားပါ
ပြုံးနေပုံလေးက ချစ်စရာပါသမီးလေး