She is My Father ……

in myanmar •  7 years ago 

တညလုံးမိုးရွာတဲ့အပြင် တမနက်လုံးပါရွာနေတဲ့မိုးကြောင့် ကျောင်းပို့ ရမလွယ်ကူခဲ့ပါ ။ B Pyae မောင်မောင်လေးကို ကျောင်းပို့တော့ မာမိညည်းတွားသံလေးပေါ့ ။

ကျောင်းလဲပို့ ပြီးရော မိုးကတိတ်သွားလိုက်တာ သူရွာထားတာမဟုတ်သလိုပါဘဲ နေကပူလို့  ။ မနက်အစောထပြီး ပြန်အိပ်မယ်စိတ်ကူးပြီး အခန်းထဲဝင်ရင်း MSC post ရေးအုံးမှ သတိက ရလာတော့ မနေ့ ကအဆက် အမှားစီးရီးလေးကို ဆက်ရေးဖြစ်ခဲ့ပါတယ် ။

အိမ်ထဲက မာမီက " အူဝဲရေ ခနလာပါအူး " ခေါ်သံကြားတော့ ရေးလက်စလေးချထားပြီး မာမိဆီထွက်အလာမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲစို့ နင့်လာရပါတယ် ။

မာမီဘာလဲဟင် မေးလိုက်တော့ သူ့ ကို ကွမ်းတယာယူပြီးခွံ့ကျွေးပါတဲ့ ။ ကွမ်းထုတ်ထဲက ကွမ်းတယာယူပြီး ခွံ့ကျွေးရင်း မာမီရယ် မလုပ်ပါနဲ့လားလို့  မတားမိ ။

IMG20180810141836.jpg

တားလဲမရသော မာမီစိတ်ကိုသိထားတာရယ် ကိုယ့် family အကြောင်းရယ်သတိရလာတာကြောင့် စိတ်မကောင်းစွာ အခန်းထဲပြန်ဝင်လာခဲ့ပါတယ် ။ ရေးလက်စကိုလဲ ဆက်မရေးချင်တော့ဘဲ အိပ်ယာထဲ လှဲနေရင်း မာမိရဲ့ ပုံရိပ်ကို မျက်စိထဲမြင်နေမိတော့တာပါ ။

ခနလောက်အကြာမှာ မာမီဘာတွေလုပ်နေလဲဆိုတာ မမကိုပြဘို့  ဓာတ်ပုံခိုးရိုက်လိုက်မိပါတယ် ။ ရိုက်ပြီးတဲ့ပုံလေးကိုကြည့်ပြီး မမကိုမပြခင် B Pyae မျက်ရည်တွေကျလာမိတယ် ။ သနားလိုက်တာ မာမီရယ် ။

Broken family တခုရဲ့ တချို့နေရာတွေမှာ အဆင်မပြေတဲ့ အချက်လေးတွေပေါ့ ။ B Pyae လို ဘဝတူသူတွေက အထူးပြောစရာမလိုပေမယ့် တချို့ family type မတူသူတွေကို Broken family တွေရဲ့ ဖြတ်သန်းရပုံတချို့ကို သိစေချင်မိတာပါ ။

မိုးဖွဲကျနေတော့ အပြင်မသွားတဲ့မာမီဟာ အိမ်မှာ အလုပ်တခုကို လုပ်နေရမှစိတ်ပျော်တတ်တဲ့ သူ့ အကျင့်အတိုင်း အိမ်က အပ်ချုပ်စက်ကို ဆေးသုပ်နေတာပါဘဲ ။ ဒီအလုပ်ဟာ များသောအားဖြင့် မိသားစုတခုမှာ အဖေဖြစ်သူကလုပ်ပေးလေ့ရှိတဲ့အလုပ်ပါ ။

အခုတော့ သူကိုယ်တိုင်ဆေးသုပ်နေရှာတယ်လေ ။ ဆေးသုပ်နေရင်း လက်ကပေနေတော့ သူဝါးနေကျ ကွမ်းယာကို B Pyae ကိုခေါ်ပြီး ခွံ့ခိုင်းတယ် ။ သူ့ ကိုခိုးကြည့်ရင်း ရင်ထဲမှာ မဖော်ပြတတ်တဲ့ ခံစားမှုကို ခံစားရပါတယ် ။

B Pyae တို့ အတွက်တော့  မာမီတယောက်သည်She is my father ပါဘဲရှင် ။

FB_IMG_1533893522897.jpg

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒါနဲ့ ionlysay Accက postတင်တာမတွေ့ဘူးနော် ညီမလေး

msc မဝင်ထားတော့ ဒီတိုင်းရေးတင်တာ ဘာမှအလုပ်မဖြစ်ဖူးလေ bot ကောင်းမှတင်လို့ ပြောထားတာအကို

အင်း

5tin! Mom

😍😍

လူ့ဘဝခံစားချက်

😍

သမီးလိမ္မာလေးတစ်ယောက် အနားမှာရှိနေလို့ပေါ့
မဟုတ်ရင် အန်တီတော့ ကွမ်းယာစားရမှာတောင်မဟုတ်ဘူး😁😁😁

ဒါပေါ့ ဒါပေါ့ အဟက်

သမီးခွံပေးတဲ့ကွမ်းယာအဖွားလည်းစားချင်တယ်

bpyae ငါတို့ကိုပါ မျက်ရည်ချူသွားပြီ

ဟီးး sorry bro

အားငယ်စရာမလိုပါဘူးကွယ် ဖိုက်တင်း

ဟုကဲ့အူးထွေး

ဘဝဆိုတာ ဒီလိုပါဘဲ ညီမ​ရေ ဖိုက်​တင်း

ဟုအကို

မိဘကို နားလည်တဲ့ တက်သိလိမ္မာတဲ့ သမီးလေးဖြစ်ပါစေ ညီမရေ

ပေးတဲ့ဆုပြည့်ပါရစေ မမစု