စတီးမစ်ရွာ ၆

in myanmar •  7 years ago 

စတီးမစ်ရွာက ငွေအလွယ်ရနည်းကို သွားစုံစမ်းပြီးနောက် စတီးမစ်ရွာ MSC အဖွဲ့အစည်းရဲ့ အုပ်ချုပ်သူတွေအကြောင်း ကျမကြုံခဲ့ရတာလေးကို ပြောပြရအုံးမယ် ။ အတင်းတုတ်တာတော့မဟုတ်ပါဘူးနော် ။ ကွယ်ရာပြော အတင်းလို့ ဆိုထားတဲ့စာကလဲရှိပြန်တော့ အတင်းတုတ်သလိုဖြစ်ခဲ့ရင်လည်း ကြိုတောင်းပန်ပါရစေရှင့် ။

MSC ရဲ့စည်းကမ်းချက်တွေကို လိုက်နာပါ့မယ်လို့  ကျမလဲသူများနည်းတူ ကတိပေးပြီး MSC ကပေးတဲ့ ပရိုမိုးရှင်းအကူအညီကိုရဘို့  ကိုယ်ပိုင်ဆောင်းပါးတွေနဲ့တခြားကျမသိသမျှတွေကို ရေးတင်တော့တာပါ ။

ကျမပရိုမိုးရှင်းအကူအညီယူစဉ်က MSC က ဆောင်းပါးတပုဒ်ကို စာပိုဒ်၂၀၀ ရှိမှပါ ။ တခါတလေကျ ကျမရေးချင်တဲ့အကြောင်းအရာက ဆုံးနေပေမယ့် စာပိုဒ်၂၀၀က မပြည့်လောက်ဖူးထင်တာဘဲ ။ တိုနေသလို သတိထားမိတာပေါ့ ။ တခါတလေကျလဲ စာကရှည်တယ်ထင်မိတော့ ကျမထပ်မဖြည့်ခဲ့မိဘဲ ပရိုမိုးရှင်းတင်ခဲ့တာပေါ့ ။

အမလေး မပြည့်တာလဲသိတာဘဲ စစ်တဲ့MSCက အဖွဲ့ဝင် admin တွေတော်ချက်က ကျမ အမြင်ပါကပ်တယ် ခိခိ ။ အဆိုးဆုံးက admin @thatkozaw ဆိုတဲ့ အံ့ကျော်လိုလူကြမ်းကြီးပါဘဲ ။ နဲနဲလေးလိုလဲမရဘူး အတင်းအော်ပြီးဖြည့် ရေးခိုင်းတော့တာ ။ လိုချင်တော့လဲ ကျမရေးဖြည့်ခဲ့ရပါတယ်လေ ။

ဒီကြားထဲ နောက်ထပ် admin တဦးကလည်းရှိပါသေးတယ် ။ သူ့ နာမည်က @tinhlaingoo ဆိုတဲ့ ဘဘကြီးပါ ။ ကျမဘယ်ရေးရေးလေ အဲ့ဘဘကြီးက စိတ်တိုင်းမကျဘူးရှင့် ။ ကျမစာလုံးတွေကျန်နေရင် သတ်ပုံတွေမှားနေရင် ဘဘကြီးဖြစ်သလောက် မျက်စိမမှုန်ဘူး သူအကုန်မြင်ပြီး ထောက်ပြပြီး comment ရေးသွားတော့တာ ။

ကျမလဲ အဲ့ဒီဘဘကြီး အမှားမရှာနိုင်အောင်ဆိုပြီး ဆောင်းပါးကို ကိုယ့်ဘာသာထွင်မရေးဘဲ မြန်မာ့သမိုင်းကြောင်းတွေကိုဖတ်ပြီး အလွတ်သဘောနဲ့ဖတ်ခဲ့ရသမျှ ဗဟုသုတအနေနဲ့ ပြန်ချရေးပစ်တာပေါ့ ။ ကျမထင်တာက ဘဘကြီး ဒီတခါတော့ ဝင်မထောက်နိုင်လောက်ဖူးပေါ့ ။ တင်ပြီးမကြာပါဘူး ဘဘကြီးဗြုန်းဆိုရောက်လာပြီး ကျမချန်ထားခဲ့တဲ့စာတွေကို ဝင်မန့် သွားတယ် ။ ကျမဘယ်အကြောင်းရေးရေး သိနိုင်လွန်းသူ စွယ်စုံဘဘကြီးလို့  သူမသိအောင် ကျမ အမည်ပေးပစ်တာပေါ့ ဘယ်ရမလဲ ခ်ခ် ။

ကျမစိတ်ထဲတင် ပြောမိတာက MSC က အုပ်ချုပ်ရေးမှူးက ဆိုးမယ်ထင်တာ အံ့ကျော်နဲ့စွယ်စုံဘဘကြီးက ပိုဆိုးနေတယ်လို့ ပေါ့ ။ ဒါပေမယ့် အဲ့တာတွေဟာ ကိုယ့်အတွက် စေတနာနဲ့ အမုန်းခံပြီး လမ်းညွှန်သင်ပြ အကြံပေးတယ်ဆိုတာ သိသာပါတယ် ။

ကျမခုရေးတဲ့စာဟာ ကျမအတွေ့အကြုံကိုပြောပြတာနော် ။ သွားမတိုင်ကြနဲ့တော့ ။ ကုန်းချောတဲ့သူ B ပြည့်ရန်သူဘဲ ကြိုပြောထားတာနော် ။

ဆက်ရန်ကျန်သေးသည် ………

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အက်ထမိန်တွေထဲမှာနောက်ထပ်အပေါက်ဆိုးတဲ့မိန်းမတစ်ယောက်ရှိသေးဆို?

ဟယ် ဟုတ်လား မကြားမိပါဘူး အဲ့တုန်းက ကျမစာသင်နေတုန်းလေ

😂

ဟုတ်ဖတ်လို့ကောင်းတယ်ဗျအစ်မ။

ကျေးဇူးပါ

‌ရေးသားချက်‌ကို ကြည့်‌ရတာ စိတ်‌ မြန်‌ ကိုယ်‌မြန်‌ ရှိမယ့်‌ပုံ ။အား‌ပေး‌နေပါတယ်‌ ညီမ‌ရေ။

ဟီးး

Sneaky Ninja Attack! You have been defended with a 0.94% vote... I was summoned by @pyaesonekhinkhin! I have done their bidding and now I will vanish...Whoosh

မန့် ချင်လို့ တော့ဟုဖူးရယ် pro အတွက်မန့် ပြည့်အောင်လို့ ပါ ကျေးဇူးတင်ပါတယ်ရှင် သူများအကူညီတောင်းရတာ ကျားဖျင်ပြေးနှိုက်တာကမှလွယ်လို့ ပါရှင့်

Hey, can you use shadow-clone?

ဟီး ဘာမှသိဘူးမေးနဲ့တဲ့

ဘူ့​စောင်း​ပြောနာလည်းသိဘူး​နော်
GIFs201806123413.gif

သမီးချစ်ဆုံးဖီဖီကို ကျောတာပါ ချစ်ယို့ ပါအေ ခ်ခ်

admin အားလုံး သဘောကောင်းကြပါတယ်

msc တဖွဲ့လုံးသဘောကောင်းတယ် နိတယောက်မပါပု သဘောမကောင်းဘူး ဟားး စတာနော်

လူကြမ်းကြီးနဲ့ ဘဘကြီးတဲ့... :D
နာမည်လေးတွေလန်းတယ်

ဟားး

ဟုတ်ဖတ်လို့ကောင်းတယ်ဗျအစ်မ။

thank you

ဖတ်လို့ကောင်းတယ်ညီမ

ကျေးဇူးပါဦးမြင့်

အိုဘာတဲ့ အံ့ကျော်လို လူဆိုးကြီးတဲ့

ခိခိ ချစ်စနိုးလေးဘာ

အယ် ကိုနေတိုး ကိုပဲ
အံကျော် တဲ့
@thatkozaw

ဟိ

သိမယ်​သိမယ်​ ​ဂျေဆန်​စတန်

pro နံပါတ်စဉ် 3 ကတည်းက စမှီခဲ့ပေမဲ့ မလိမ္မာခဲ့ဘူး ပြည့်ရေ
ယက်ကန်ယက်ကန် နဲ့ ခုထိပဲ
admin တွေကို ကျေးဇူးတင်ပါတယ်

သိတယ်လေ နိက sbd ရောင်းပေးတဲ့ နာ့ဖောက်သည်ကြီး ခ်ခ်

ဖတ်​လို့​ကောင်းပါတယ်​ဗျ

ကျေးဇူးတင်ပါတယ်ရှင်

Good

thanks

ဒီကောင်မလေး လျှောက်ရေးနေတာ အပီ မန့်လိုက်ဦးမှ........

ခိခိ