Visit to Mandalay Zoo

in myanmar •  7 years ago 

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျမတို့ မိသားစု တိရိစ္ဆာန်ဥယျာဉ်သို့  အလည်တခေါက်သွားဖြစ်ခဲ့ပါတယ် ။ မရောက်တာ ၃ နှစ်ကျော်ကြာပြီဖြစ်သလို မောင်မောင်လေးလဲကျောင်းပိတ်တုန်းဆိုတော့ သွားဖြစ်ခဲ့တာပါ ။

မာမီရုံးနားရက်ဖြစ်တော့ တခြားလူစည်ကားမယ့် ပန်းခြံနဲ့ကစားကွင်းတွေက ဒီလိုရက်ဆို လူစည်ကားတာလဲဖြစ်တာကြောင့် zoo ကိုသွားလည်ဖြစ်တာပါ ။ လူသိပ်မစည်ဘူးထင်တဲ့နေရာက လူပိုစည်နေသလိုပါဘဲ ။

အရင်တခေါက် ကျမလာဖြစ်တုန်းက ဝင်ကြေးက တဦးလျှင် ၂၀၀ အခုဝင်ကြေးက တဦးလျှင် ၁၀၀၀ အများကြီး ကွာဟသွားလိုက်တာ ။ ဝင်ကြေးကောက်တဲ့သူတွေကို ပြောတော့ လေလံဆွဲတဲ့ကြေးမြင့်ပြီး ပုက္ကလိကပိုင်ဖြစ်သွားတဲ့အတွက် ဝင်ကြေးကို တိုးမြှင့်ကောက်ခံတာလို့ ဖြေပါတယ် ။

Zoo အထဲကိုရောက်တော့ ဟိုဟိုဒီဒိ ငေးကြည့်မိတာပေါ့ ။ ဝင်ကြေးသာပြောင်းလဲတာပါ ။ ကျန်တာမပြောင်းလဲပါဘူး ။ ကျမလွန်ခဲ့သော ၃ နှစ်က ရောက်နှင့်ထားအချိန်တုန်းကလိုပါဘဲ ။ zoo ထဲက တချို့အကောင်တွေဆို အရင်တခေါက်က ရှိပေမယ့် အခုမရှိတော့ပါဘူး ။

တိုးလာတာကတော့ zoo ထဲမှာလာပြီး ချိန်းတွေ့ကြတဲ့ အတွဲတွေနဲ့ zoo အပြင်မှာတန်းစီရောင်းနေကြတဲ့ အသီးမျိုးစုံကို သုပ်ရောင်းတဲ့အချဉ်ပေါင်းသည်တွန်းလှည်းများပါဘဲ ။ တိုးလာတဲ့အကောင်တွေရှိသေးတယ် ပြောရအူးမယ်ရှင့် တော်ကြာကျမက အဆိုးတွေမြင်ပြီး ရေးနေတယ်ထင်သွားမှာလဲစိုးရိမ်မိသေးတယ် ။ ယုန်တွေ ပူးတွေတော့ အဆများစွာတိုးလာပါတယ် ။

ရေမြင်ရင် ဆော့ကစားဘို့ အားသန်တတ်တဲ့ ကျမတို့မန်းလေးမြို့နေ သူ လူအများရဲ့ထုံးစံအတိုင်း zoo ထဲက ရေကန်အလှပုံဖော်ထားပြီး ရေပန်းတွေဟိုကနေဒီကျ ဒီကနေဒီဆင်းနဲ့ အလှဆင်ထားတဲ့နေရာမှာ ၂ပေလောက်နက်တဲ့ရေကန်ထဲကို ရေဆင်းဆော့နေကြတာတော့ အရင်နှစ်ကအတိုင်း အခုလဲမပြောင်းလဲပါဘူး ။

စည်းကမ်းကလဲအတိအကျလိုက်နာတတ်တဲ့ zoo ထဲကိုလှည့်ပတ်ပို့ တဲ့ အပေိာ်စီးဘက်ထရီကားသမားတွေကိုလည်း တွေ့ရတော့ ဂုဏ်ယူမိတာပေါ့ ။ တနာရီပြည့်ပြီဆိုတာနဲ့ zoo ထဲက အကောင်တွေကို စုံအောင်မပို့ရသေးဘဲ ပြည့်တဲ့အချိန်မှာ ရောက်တဲ့နေရာမှာငှားစီးတဲ့တဲ့သူတွေကိုထားခဲ့ပြီး လှည့်ပြန်သွားတာပါဘဲ ။

ဆင်တွေထားတဲ့နေရာမှာ ကျမတို မိသားစုက ဓာတ်ပုံရိုက်တာ အချိန်နဲနဲကြာသွားတော့ ကားငှားစီးလာတဲ့ အချိန်တနာရီက ပြည့်သွားပြီဆိုပြီး ထားခဲ့လို့  လမ်းလျှောက်လှည့်ပတ်ကြည့်ခဲ့ရတာ အတော်ညောင်းလာခဲ့ရလို့ လက်တွေ့ဖြစ်တာကြောင့် ပြောပြတာပါ ။

Zoo ထဲလှည့်လည်ကြည့်ရှု့ပြီးလို အပြန်မှာ ကားအပ်ထားခက ၅၀၀တောင်းပါတယ် ။ ဆိုင်ကယ်များကိုလည်း တစီးအပ်ခ ၂၀၀ ပါ ။ သူလဲတိုးတက်လာတယ်လို့ဆိုရမှာပါ ။ နောက်ထပ်လာမယ့် နှစ်တွေမှာလဲ ဘယ်လောက်များ မန်းလေးတိရိစ္ဆာန်ဥယျာဉ်ကြီးရဲ့ တိုးတက်လာမှုတွေကို အလည်တခေါက်လာပြီး ကြည့်ချင်ပါသေးတယ်ရှင် ။

received_218793165358081.jpeg

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@nannhtike's family

your my best vote fri
thanks

@nannhtike's friend

thanks for your v c

ဘယ်လောက် ကုန်သွားလည်း ပြည့်

ညီမလေးကုန်ပုမမစု
မာမီကုန်တာ ခိခိ

သွားချင်လိုက်တာ

သွားနဲ့ ဘာမှစုံတော့ဘူးအကောင်တွေက

😖😖😖😖

5tin!

i'm your sis 5tin!

အစုံရှိသေးလားဗျ

အကောင်တေစုံတော့ဘူး

ကားသမားတွေကတော့ တိကျချက်ပဲ..

ဟုပ

လာခဲ့စမ်းပါညီမရယ်​ဒီလိုပိုစ်​​ကောင်း​ကောင်းဆိုရင်​လိုသ​လောက်​ရတယ်​ G3

thanks bro

ရောက်ဘူး တယ် ဈေးတွေ ကမြောက်နေတာပဲ နောက်တခါ ထက် မသွားတော့ဘူးဟေ့ ခေါ်နဲ့ 

အေ့ပါအေ

မမ လိုက်ပို့ပေးပါ

ပို့ ပေးမယ် လာခဲ့လေမမ
ညီမ၃ဖော် ပို့ စ်တင်မယ် ဟီးး

ခုကပုဂ္ဂလိကပိုင်တွေအတော်များများဖြစ်သွားကြတော့ စေိးလည်းမြင့်တတ်လာတာပါညီမငယ်

ဟုပါတယ်အကို

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကရောက်ခဲ့သေးတယ်
ကောင်းကောင်း အဆင့်မြှင့်တင်ဖို့လိုတယ်နော်

အမှန်ပါ ဘာအကောင်မှ မစုံ ဝင်ကြေးကဈေးကြီးပြီး

တိရိစ္ဆာန်ဥယျာဉ်ကနေပြည်တော်မှာတအားဝေးတယ် မရောက်တာတောင်ကြာပီပေါ့အစ်မရယ်။

ဟုကဲ့ရှင့်

အထဲဝင် မရိုက်ဖူးလား ပြည့်

ကြောက်သယ် ဒါတောင် ၃ခါလောက်ရိုက်ရတာ

N သူကြောက်တဲ့ သတ္တဝါ လည်း ရှိသေးတာပါလား ကွယ်

ဒီလိုပါဘဲ အစ်မရယ်

vote ပေးခဲ့ပီ thank you bro

နေပြည်တော်က ပိုစုံမှာပေါ့နော် bပြည့်

သူ့ ထက်စုံတာ မြန်မာမှာမရှိပါ

ဒါက ဘယ်လိုပြောရမလဲပေါ့နော အိလိုဘဲပေါ့လို့

ဟု

ရောက်​ဖူးဘူး ဗျ

မရောက်တာကောင်းတယ်

ရောက်တော့ရောက်ဖူးတယ် ကြာပြီဆိုတော့ မေ့တောင်နေပြီ

ကောင်းပါ့ရှင်

သွသူနေတဲ့တရိစ္ဆာန်တွေကိုလိုက်မခြောက်ပါနဲ့ Sis

နိအမျိုးတွေ မခြောက်ပါပုအေ

giphy (3).gif

Good

thanks

အမျိုးတွေနဲ့တော့ ရိုက်ခဲ့ဘူးလား

ဆင်ရီး ဆင်ရီး ဝူး ဝူး နက်ရိုက်ခဲ့ဒေ ခ်ခ်

မ​ရောက်​ဖူး​သေးပါဘူးဗျာ

သွားလည်ကြည့်ပါလားရှင့်

တိုးတက်လာတယ်ပေါ့...ယုန်တေလေ ယုံတယ်😁😁
ဒါနဲ့ ဆင်လေးအမည်က မိုမိုလားဗျာ
ဆင်လေးကအတော်ချောနော့...
သူ့ခမြာတစ်ကောင်တည်းသနားပါတယ်😁😁😁

ဟားး

ဆင်ကြီးကိုက်လိမ့်မယ်

ကိုက်ပါဘူး ယွခမရ

မိ​ချောင်းက အရုပ်​ကြီးလားဟင်
လွန်​ခဲ့တဲ့ ၃ နှစ်​​လောက်​ကလည်း အိပ်​​နေတာ
အဲ့​နေ့ကလည်း မနိုးဘူး 😀😀

ခ်ခ်

MDY ZOO မှာ အမှတ်​တရ​တွေရှိခဲ့ဖူးတယ်

အယ့်လယ့်