Happy Thingyan Water Festival

in myanmar •  7 years ago  (edited)

image

image

ဒီနေ့ဘာရေးရမလဲ စဉ်းစားလိုက်တော့ အခုနေအချိန်အခါက သင်္ကြန်နဲ့လည်းနီးလာပြီဆိုတော့ သင်္ကြန်က်ုစဉ်းစားလိုက်တာနဲ့ ကျနော့်တို့ သင်္ကြန် မဏ္ဍပ်တွေ၊ အကမယ်လေးတွေ ကလေးတွေနဲ့ ရေပက်ခံထွက်တဲ့သူတွေ ရေပက်ရင်းပျော်နေကြတဲ့ ကလေးတွေကို ပထမဆုံးပြေးမြင်မိတယ်။ သင်္ကြန်အခါသမယဟာ ကျနော့်တို့မြန်မာတွေရဲ့ နှစ်သစ်ကူးပွဲတစ်ခုဖြစ်ပြီး ပုံမှန်ဧပရယ်လလယ်လောက်မှာ ကျရောက်တတ်ပါတယ်။

image

ဒီသင်္ကြန်ရက်ပွဲတော်အချိန်အခါကို မြန်မာပြက္ခဒိန် အရသတ်မှတ်လေ့ရှိပါတယ်။ သင်္ကြန် ရက်များကို မြန်မာတစ်နိုင်လုံးမှာ အစိုးရရုံးပိတ်ရက်အနေ့နဲ့ သတ်မှတ်ပြီး စာသင်နှစ်တစ်နှစ်ရဲ့အဆုံး နွေရာသီကျောင်းပိတ်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ခွက်အမျိုးမျိုးနဲ့ထည့်ပြီး ရေပက် ရေခံကြတာဟာလည်း သင်္ကြန် ရဲ့အနှစ်သာရတစ်ခုပါဘဲ့။ ဒီနှစ်၂၀၁၈ရဲ့ သင်္ကြန်ရက်တွေကတော့ ဧပရယ်၁၃ကနေ စပြီး ၁၇ရက်နေ့မှာ အဆုံးသတ်ပါတယ်။

image

        မြန်မာသင်္ကြန်ဟာ အခြားနိုင်ငံတွေမှာရှိတဲ့ ပွဲတော်တွေနဲ့လည်း ဆင်တူပါတယ်။ ဥပမာ လာအိုနိုင်ငံရဲ့ Songkran, ထိုင်းနိင်ငံရဲ့ Songkran နဲ့ ကမ္ဘောဒီးယားရဲ့ နှစ်သစ်ကူးပွဲတော်တို့ဖြစ်ပါတယ်။သင်္ကြန်ဟာ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ ဟိန္ဒူဒဏ္ဓာရီကနေဆင်းသက်လာတယ်။ဗြဟ္မပြည်ရဲ့ဘုရင် ဗြဟ္မမင်းကြီးဟာ သကြားမင်းနဲ့ လောင်းကစားလုပ်ရာမှာရှူံးသွားသွားတယ်။ ဒီလိုရှုံးသွားတဲ့အတွက် သိကြားမင်းက သဘောတူထားတဲ့အတိုင်း ဗြဟ္မာမင်းရဲ့ဦးခေါင်းကိုဖြတ်ပြီး ဆင်ခေါင်းနဲ့အစားထိုးလိုက်ပါတယ်။

image

ဗြဟ္မာမင်းဟာ အလွန်တန်ခိုးကြီးတဲ့အတွက် သူ့ရဲ့ဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ချက်ချင်းဘဲ့ပင်လယ်ရေတွေ ခန်းခြောက်သွားလိမ့်မယ်။ ကုန်းပေါ်ပစ်ရင် အကုန်လုံးမီးလောင်လိမ့်မယ်။ လေထဲကိုပစ်ရင်လည်း ကောင်းကင်တစ်ခုလုံးပျက်စီးသွားလိမ့်မယ်။ ဒါကြောင့်သကြားမင်းက ဗြဟ္မာမင်ရဲ့ဦးခေါင်းကို နတ်သမီးတစ်ယောက်တစ်လှည့်ကျ တစ်နှစ်စီကိုင်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်မို့ နှစ်သစ်တစ်နှစ်ရောက်လာတာဟာ ဗြဟ္မာမင်းရဲ့ဦးခေါင်းကို နောက်တစ်ယောက်ပြောင်းကိုင်ဖို့ နမိတ်ပြတာနဲ့တူပါတယ်။

image

           သင်္ကြန်ရဲ့ ပထမဆုံးနေ့ကို သင်္ကြန်အကြိုနေ့ဟုခေါ့်ပြီး ဒီနေ့မှာ ဘာသားရေးပွဲတော်များ အလှူအတန်းများ စတင်တဲ့နေ့လည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များက ပုံမှန်ဆောက်တည်နေကြငါးပါးသီလထက် မွန်းလွဲညစာမစားခြင်းဖြစ်တဲ့ ရှစ်ပါးသီလကိုဆောက်တည်ဖို့ မျှော်လင်ကြပါတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း ငှက်ပျောပွဲ၊အုန်းပွဲများ ဘုန်းကြီးများအား လှူဒါန်းကြပြီး ဘုရားဆင်းတုတော်အား သပြေခက်ဖြင့် အမွေးနံ့သာများ ပက်ဖြန်းကျ့ရှိပါတယ်။ 

image

ညရောက်တဲ့အခါမှာတော့ တကယ်ကိုပျော်စရာကောင်းတဲ့ သင်္ကြန် သီချင်းတွေ၊ သင်္ကြန်အကတွေနဲ့ ပျော်ပွဲ ရွင်ပွဲများဖြင့်စည်ကားနေပါတယ်။ ရပ်ကွက်တိုင်းမှာ သစ်တွေဝါးတွေနဲ့ အမည်မျာပေးကာ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ကြပါတယ်။ သင်္ကြန် မကျခင်ကပင် ကြိုတင်လေ့ကျင့်ထားတဲ့ မြန်မာပျိုမေများမှ အရောင်အသွေးစုံလင်လှတဲ့ မြန်မာဆန်ဆန်ဝတ်ဆင်ကာ သနပ်ခါးလေးများလိမ်းလို့ ပန်းတောက်ပန်းများဆင်မြန်းကာ အကအလှများဖြင့်ဖျော်ဖြေကြပုံမှာ ရှုမငြီးအောင်ကိုဖြစ်ပါတယ်။

image

ကျနော်တို့ကျောင်းတွေ တက္ကသိုလ်တွေမှာလည်း လာမယ့်သင်္ကြန်ကိုကြိုဆိုသောအားဖြင့် ကျောင်းသကြွန်ကိုကျင်းပကြပါတယ်။အရင်ကမရှိသော်လည်း နောက်ပိုင်းနှစ်များတွင်စတင်ကာ ထည့်သွင်းကျင်းပလာကြပါတယ်၊ သင်္ကြန်မဏ္ဍပ်တွေဆောက် ၊မီးသတ်ကားတွေငှါးပြီး ကာလာအမှုန့်(အရောင်)များဖြင့် ပက်ကြပြီး Djဖြင့် အပီကကြပါတယ်။😁 ဒီအချိန်ဟာ ကျနော်တို့စာသင်နှစ်ရဲ့ နောက်ဆုံးရက်များမို့ ပိုပျော်မိပါတယ်။ နောက်ဆို ကိုယ်စီကိုယ်စီ အလုပ်ထဲရောက်သွားတော့မှ ဒီလိုနေ့မျိုးကို ပြန်တမ်းတမိကြပါတယ်။ကျနော်တို့ နှစ်ဟောင်းက အညစ်အကြေး များ စိတ်ညစ်စရာများ သောကများ ကို အတာရေနဲ့ ဆေးကြောပြီး စိတ်သစ်လူသစ်ဖြင့် ဘဝသစ်ဖြင့် စတင်လိုက်ကြပါစို့။
ကျနော်ရေးသားထားသော အကြောင်းအရာများ မှားယွင်းဖော်ပြမိပါက သီးခံပေးဖို့ပြောကြားချင်ပါတယ်။ သင်္ကြန် ပတ်သက်တဲ့ တစ်စိတ်တစ်ပိုင်း သင်္ကြန် အပေါ်မိမိအမြင်ကို steemitစာဖတ်ပရိသတ်အပေါင်းရဲ့ အကျိုးကို မျှော်ကိုးပြီး ဤဆောင်းပါးလေးအားရေးသားလိုက်ရပါတယ်။ အားလုံ့း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နှစ်သစ်မှာ အောင်မြင်ခြင်း ဆထက်တပိုး ပိုင်ဆိုင်ကြပါစေ။

Author : Rocketgyi
MSC 148
Credit.google.com

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်နှစ်တစ်ခါပဲ ကဲရတဲ့သင်္ကြန်လေးရောက်တော့မယ်...ဟီဟိ.
ကျနော်ကတော့ ခုကတည်းက ကဲမလို့ အဖော်လိုက်ညှိနေတာ..
လွယ်တော့မလွယ်ဘူး
ကြိုတင်ပြင်ဆင်ရတာပေါ့...😁😁😁😁😁

သင်္ကြန်ရဲ့ သရုပ်လေးကို ဖော်ထားတာရော ရာဇ၀င်လေးကိုပါ တွဲစပ်ရေးသားထားတာကောင်းပါတယ်။ အားပေးနေတယ်ဗျာ့။

သင်္ကြန်​မြန်​မြန်​​ရောက်​ချင်​လာပြီဗျို့

Lol အချိန်ရောက်လာတော့မှာပေါ့ သင်္ကြန် မှာ သတိဝိရိယနဲ့ ပျော်နိုင်သွားနိုင်စားနိုင်ပါစေဗျာ။ သင်္ကြန် မှာ အပြတ်ကဲဖို့ အဆင့်ဖြစ်ပီလား

သတိရနေလျှက်ပါအကို ဒီနှစ်အတွက် ready ဖြစ်နေပါပြီး သောက်ဖို့အတွက်လေ Hee hee

သတိရလျက်ပါဘဲ့ ဘဒို သတိတရား ထားပြီး ပျော်နိုင် သောက်နိုင် သွားနိုင် စားနိုင်ပါစေ။ ကံကောင်းခြင်းများစွာပိုင်ဆိုင်နိုင်ပါစေ။

ဖတ်လို့ကောင်းပါတယ် အစ်ကို

ကျေးဇူး ပါနော် bro

မလိုတော့တဲ့ရက်ပိုင်းလေးကိုပဲ
မြန်မြန်ကုန်စေချင်ပြီဗျာ

ဟုတ်ပ ဘရိုရေ

နစ်သစ်နဲ့အတူ ဘဒိုလည်းအောင်မြင်ပါစေ 😁😁

ဘရို ပေးတဲ့ဆုနဲ့ပြည့်ပါစေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။ မိသားစုနဲ့လည်း ပျော်ပျော်ပါးပါး နေနိုင်ပါစေ

သင်္ကြန်မှာ ဘုန်းကြီးဝတ်ကြဘူးလား ဟီးး

ဟိဟိ စဦ်းစားတုန်းရှိသေး ဘရို

တစ်နှစ်တစ်ခါ ပျော်ရတဲ့ သင်္ကြန် ဘေးကင်းကြပါစေ

ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ဘာလိုလိုနဲ့၁၃၈၀ပြည့်တော့မယ်

ဟုတ်တယ် နော်bro

ကောင်းတယ်ဗျာ သူများကျောင်းတွေမှာ ပျော်စရာကြီး ကျောင်းတွင်းသင်္ကြန်တွေဘာတေနဲ့

Lol အင်း အခုမှဖြစ်လာတာပါ. 😁

မနှစ်ကတော့ဈေးရောင်းတယ်
ဒီနှစ်လည်မဲ့အဖော်တွေပီ
အတူတူကဲရအောင်

င်္ကြန်ပိုးထအောင်လုပ်ပြန်ပြီဗျာ 😀😀😀

ဟိဟိ ဆောရီးပါ ဗျာ ဆောရီး