"အမုန်းဖက်သော ကံကြမ္မာ"

in myanmar •  7 years ago  (edited)

တစ်ယောက်ကိုတစ်ဦး ကြည်နူးမှုကိုယ်စီနဲ့
သံယောဇဉ်အမျှင်ဆန်း သွယ်တန်းခဲ့ဖူးတယ်နော် ---
အချစ်စကားတွေလှိုင်လှိုင်သုံး အချစ်ဆုံးလို့
သတ်မှတ်ချိန်ကပေါ့ ***
မူးကိုမြစ်အထင် ဘာကိုမှမမြင်ဘဲ
အသွင်မှားခဲ့သူက ငါရယ်ပါ ။
အဖြူသက်သက် အချစ်မေတ္တာကို
ဆေးရောင်စုံတင် အကွက်ဆန်းထွင်ရင်ဖြင့်
ကြည့်၍မရ အရုပ်ဆိုး အကျည်းတန်သွားရိုးတယ်ဆိုတာ
နင်မသိလေလား ?
မပဋာ,ကိုဒါသတို့ ဇာတ်မဟာဝင် နားဆင်ကာဖြင့်
ဤဝတ္ထုအခြေမခိုင် မဖြစ်နှိုင်ဘူးရယ်လို့လည်း
နင်ငြင်းခဲ့ဖူးတယ်နှော် ***
စန္ဒကိန္နရီမောင်နှံခမျာ နေရဉ္ဇရာချောင်းခြားကာ
တစ်ညတာဝေးရုံမျှဖြင့် နှစ်ပေါင်းခုနစ်ရာဆွေးတာကိုလည်း
နင်လှောင်ပြောင်ခဲ့ဖူးတာပဲလေ ***
စူဠသုဘဒ္ဒါမှာ မေတ္တာစိတ်ရှား , ရန်လိုစိတ်ပွါးကာဖြင့်
ဆဒ္ဒန်ဆင်မင်းအား အသက်ကိုခွင်း၍အစွယ်ဖြတ်စေ
ခိုင်းစေလေတဲ့ မိန်းမလည်ဉာဏ်မျိုး
နင့်ဆီမှာစိုးမိုးနေတာ ငါသိခဲ့ရတော့
မေတ္တာအတိမ်အနက် ချိန်စစ်၍နားမလည်သူ
နင့်လိုလူကိုငါမုန်းလိုက်တာ နင်ဖန်တီးတဲ့ကံကြမ္မာကြောင့်ပေါ့ ။

                       Rosin Noung
                      13.12.2017 - 11:57 PM![IMG_20180209_065253.jpg](https://steemitimages.com/DQmPeZiDwuu8H8nnWXWs7XA33R2UCcfa2g9k7UtqfdCxQXT/IMG_20180209_065253.jpg)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  6 years ago Reveal Comment
  ·  6 years ago Reveal Comment