" အသက်ရှင်နေသရွေ့ "

in myanmar •  7 years ago 

~ ကလေးတစ်ယောက်လို
ချိုအီစွာ ဆိုးနွဲ့တတ်တာလေးတွေ -
~ တေးသွားတွေလို
သာယာတဲ့ မင်းရဲ့အသံလေးတွေ -
~ နေမင်းကြီးလို
တောက်ပတဲ့ မင်းရဲ့မျက်ဝန်းတွေ -
~ တစ်သက်လုံး ချစ်နေမယ်
ငါ အသက်ရှင်နေသရွေ့ ။

~ မိုးရေထဲမှာ
မရှက်တမ်း မင်းပျော်ခဲ့တာတွေ -
~ လွတ်လပ်စွာ
ညှို့ယူတတ်တဲ့ မင်းရဲ့အပြုံးတွေ -
~ အပြစ်ကင်းစွာ
လှုပ်ရှားတတ်တဲ့ မင်းရဲ့အမူအယာလေးတွေ -
~ တစ်သက်လုံး လွမ်းနေမယ်
ငါ အသက်ရှင်နေသရွေ့ ။

~ အညှာတာမဲ့
ရက်စက်တဲ့ မင်းရဲ့ဆုတောင်းစကားတွေ -
~ ယုံကြည်မှုလွန်ကဲစွာ
ငိုကြွေးတတ်တဲ့ မင်းရဲ့အကျင့်တွေ -
~ အချိန်မဲ့ပြောင်းလဲကာ
မပြတ်သားခဲ့တဲ့ မင်းရဲ့အချစ်တွေ -
~ တစ်သက်လုံး မုန်းနေမယ်
ငါအသက်ရှင်နေသရွေ့ ။

1526738401-picsay.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!