အခြားတစ်ဖက်၌ အပိုင်း(၁)

in myanmar •  6 years ago 

သင်္ကြန်​ ကာလအတွင်း အကျနေ့ညနေဖြစ်သည်.........တစ်နေ့လုံး ကခုန်သောက်စားကဲပြီး ပြန်လာချိန် အချိန်ကားည၇နာရီသာရှိသေးတော့......ကဲထားတော့ ကိုယ်လက်လည်းမသယ်ချင်တော့ ဒယီးဒယိုင်နဲ့လမ်းလျှောက်လာရင်း ကားမှတ်တိုင်သို့.....ခါတိုင်းလို ဆို ကားတွေအရမ်းပေါသော်လည်း အခါတွင်းဖြစ်တော့ လိုင်းကားတွေနားထားပုံပဲတစ်စီးစနှစ်စီးစ Taxiတွေကလည်းဈေးအရမ်းကြီးနေတော့ အောက်ကားနဲ့ပြန်ဖို့ကားမှတ်တိုင်မှာစောင့်နေရင်း....
image
ငိုက်ခနဲဖြစ်သွားပြီး လန့်နိုးလာတော့ လူတွေအတော်ရှင်းနေပြီ မူးနေတဲ့အရှိန်ကြောင့်ထင်မိတယ် ကားမှတ်တိုင်မှာ အချိန်တော်ကြာ ထိုင်ရက်အိပ်ပျော်သွားတယ်...
နာရီကောက်ကြည့်လိုက်တော့၉နာရီထိုးတော့မယ်.....အမူးလည်းတော်တော်ပြေတော့ ကားလည်းတစ်စီးမှမလာတာနဲ့ Taxiငှါးဖို့ လက်ဆန့်ပြီးလိုက်တားလိုက်တယ်......အချို့ကလူပါလို့ အချို့ ကမရပ်တော့...တအောင့်အကြာတော့ ကားတစ်စီးရပ်လာတယ်ဗျ.....

အင်းစိန်ဖက်ဆိုတော့၆ထောင်လောက် တောင်းတယ် ...အိမ်အမြန်ပြန်ချင်တာနဲ့ပဲ တောင်းတဲ့ဈေးတောင်မဆစ်တော့ဘူး...အင်းခေါင်းတစ်ချက်ငြိမ့်ပြီး ကားနောက်ခန်းကိုဝင်ပြီးနောက်မှီကိုမှီပြီး မှိန်နေလိုက်တယ် လူကအတော်နုန်းနေတော့.....

ခုနအတိုင်းပဲ ငိုက်ခနဲအိပ်ငိုက်သွားပြီး ဖျတ်ခနဲနိုးလာတော့ ကားကသွားနေတုန်း ခုနကဘေးမှန်တွေချထား တယ်ခုကျ ဘေးမှန်တွေ တင်ထားတဲ့အပြင်ကားမှန်တွေက အမဲကပ်ထားတော့ အပြင်ကိုသဲသဲကွဲကွဲမမြင်ရ.......ဖုန်းကောက်ကိုင်ပြီး နာရီကြည့်လိုက်တော့၁၀နာရီကျော်နေပြီ.....

နည်းနည်းတော့ လန့်သွားတယ် အင်းယားကန်ကနေ အင်းစိန်ကို ပြန်တာ တစ်နာရီရှိနေပြီ ခါတိုင်းလိုကားလည်းမပိတ်ဘူး......ဖုန်းတစ်ချက်ကြည့်တော့ no servicဖြစ်နေတော့ ဖုန်းများရေဝင်တာလားပေါ့......ဖုန်းခေါ်ဖို့အဆင်မပြေတော့....အဲဒါနဲ ကားသမားကို ဖုန်းလေးဌားဆက်ဖို့တောင်းမိရာကစတာပဲ.....

ကားသမားကြီးကစကားလုံးဝ ပြန်မပြောဘူး ငြိမ်ပြီးကားကို ဆက်မောင်းနေတယ်..အတော်လည်းကြောက်လာတော့အသံကျယ်ကျယ်နဲ စကားပြောတော့လည်း ဟိုလူဖက်ကဘာမှမတုန့်ပြန်......ဘေးမှန်ကိုချတော့လဲရှေ့ဘက်က မှန်lockချထားတယ်.....ဘယ်ရောက်ပြီလဲမေးလဲမဖြေတာနဲ့ မျက်နှာလည်းသဲသဲကွဲကွဲမမြင်ရ........
image
ဖုန်းမီးကို ဖွင့်ပြီးမျက်နှာတည့်တည့်ထိုးလိုက်တော့ လောက်တွေတက်နေတဲ့ မျက်နှာပုပ်ပြီးလှည့်လာလေရော....ရင်ဘက်ကိုလက်နဲ့ဖိပြီး အတော်တန်လန့်သွားတယ်......ခေါင်းကြီး ကဇက်ကြီးလည်ပြီး နောက်ကိုလှည့်ပြီး ကျနော့ကိုကြည့်နေတာ...မျက်လုံးကြီးတွေကလည်း အပြင်ကိုပြူးထွက်နေတာပဲ.....နောက်တော့လည်းပင်းကြီးရှည်ထွက်လာပြီး အနောက်ကို သွားခေါကြီးနဲ့ လာကိုက်ပါလေရော....... လက်နဲ့အတင်းတွန်းဖယ်သတ်ပုတ်ရင်းကနေ ရှေ့တစ်နေရာ လမ်းကွေ့မှာ ကားကသစ်ပင်ကိုဝင်တိုက်ပြီး လောကကြီးနဲ့ အဆက်သွယ်ပျက်သွားပါတော့တယ်......

မူးနောက်နောက်ခေါင်း သွေးပေနေတဲ့ လက်နဲ့ ခြေထောက်ကိုကြည့်ရင်းသတိလည်လာတယ်....ရှေ့ကကားမောင်းကိုတော့မတွေ့တော့ ခန္ဓာကိုယ်​ တစ်ခုလုံး နာကျင်နေ ပြီး ကားအပြင်ကို လေးဘက်ထောက် ထွက်လာပြီး အကူညီရလို့ရညားရှာမိတယ်.....လူကရှင်းနေပြီး တွေ့နေကျလမ်းမဟုတ်ဘူး အထင်အဝေးပြေးလမ်း ပုံစံမျိုး.....

ဖုန်းကလဲ စက်ဖွင့်လို့ပင်မရတော့.....ကားကလမ်းကွေ့နား သစ်ပင်ကို ဝင်တိုင်ပြီး စုတ်ပျက်နေပြီ......ခေါင်းကလည်းကားတိုက်တဲ့အဂှိန်ကြောင့် ပေါက်ပြီးသွေးထွက်နေတော့ လက်နဲ့ဖိထားရင်းအကူညီရှာနေမိတယ်......

တစ်ယောက်ယောက်များလာ လေမလားလို့ တွေ့ပါပြီ.....Express တစ်စီး လက်ဆန့်ပြီး တားသော်လည်းတစ်ယောက်ယောက်က ကို့ကို မြင်တဲ့ပုံမပေါ် ပါးစပ်ကလဲ ဒီ ကားသမားတွေ လူစိတ်မရှိပါလားပေါ့.......

မကြာဘူး Expressကြီးတုန့်ခနဲ ရပ်ပြီးကား တိုက်မှုဖြစ်တဲ့နားမှာ ဆင်းလာတာပေါ့.....စိတ်ထဲကလဲ ဒီမှာလူက ကားကိုဘာလုပ်တာလဲပေါ့ လူစုဘေးနားကပ်သွားတာတောင် အဖက်မလုပ်တော့ လက်လှန်းပုတ်လိုက်သော်လည်း မထိတထိ ပုံစံမျိုး......

အော်ပြောနေတဲ့စကားသံတွေလည်းသူတို့ကြားမဲ့ပုံမပေါ်.....ဘာတွေဖြစ်နေပြီလဲပေါ့......ခုနကနာနေလို့ဖိထားတဲ့အနာကလဲမနာတော့.......လူစုလူဝေးကြီးကဆွဲမနေတယ်......လူသေအလောင်းတစ်လောင်းကို သေချာကြည့်ရင်း.......

မျက်ရည်စတွေအလိုလိုကျလေနေပါရော......လူဘဝကနေသေခြင်းတစ်ဖက်ကိုရောက်နေလေပြီ.......ဘယ်လိုဖြစ်ပျက်ခဲ့လည်းဘာဆို ဘာမှ ခေါင်းထဲမရှိ သေနေတဲ့ခန္ဓာကိုယ်သတ်သေကြောင့်သာ......

ဆက်လျက်ရေးသားပါဦးမည်........
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC NO.152
Photo crd source https://www.google.com.mm/search?q=Ghost+car&client=ms-android-samsung&prmd=vin&source=lnms&tbm=isch&sa=X&ved=0ahUKEwigxobMu8HaAhUeTI8KHSfzAhcQ_AUIEigC&biw=360&bih=560#

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သရဲတွေ holiday ယူထားတာကနေ ပြန်လာပြီပေါ့

အလုပ်ပြန်ဆင်းနေကြပြီအကိုရေ

သရဲတွေ အခန်းဆက်နှင့် ပြန်လာပြီပေါ့။

ပြန်လာပြီနောက်ဆို သရဲတွေပဲ😁

အစပိုင်းမှာ ကိုယ့်ကိုယ်ကို ဘာဖြစ်နေလည်း မသိလိုက်ရပဲ နောက်မှသိရတာပေါ့။ ဒီသရဲက

ဟုတ်ကဲ့ ကျောရိုးတူပါတယ်အကိုရေ

  ·  6 years ago (edited)

အစပိုင်းက ဖက်နေတာ ဟုတ်နေတဲ့ဟာကို အလယ်နားလောက် ရောက်မှ သရဲကြီးဖြစ်နေတယ် ဖက်တဲ့အချိန်ကလည်း သန်းခေါင်ကျော်ဆိုတော့... ခွီးး ဆက်မရဲတော့ဘူးညီရာ....ကြောက်ဒယ်😁

Sorryအကို ညတင်မိသွားတယ်

Return of သရဲ 😁။
တစ်postထက်တစ်postပိုဖတ်လို့ကောင်းလာတယ်။

ဖက်ပေးလို့ကျေးဇူးပါbro

အင်း သွားခေါခေါ မျက်ပြူးတရဲပဲဟ
ပြေးပီဗျိုး......
တော်ကြာ သေတဲ့အကောင်နဲ့အခန်းဆက်ရေးလိုက်ရင်ဒုက္ခ😁😁😁

ဒီကသရဲဇာတ်လမ်းထက် စိတ္တဇ ဆန်ဆန်လေးရေးမှာအကို

ဒီကသရဲဇာတ်လမ်းထက် စိတ္တဇ ဆန်ဆန်လေးရေးမှာအကို

သရဲကြီးဟ

ပြန်လာပြီ 😁😁

ကြောက်ပါတယ်ဆိုမှ ဗြဲဟဲဟဲ

ဟဟမကြောက်ပါနဲ့ဗျာ

နှစ်သစ်နဲ့အတူ သရဲများပြန်လာပြီပေါ့ အဲလိုလား hee hee

အားလပ်ရက်ppလေပြန်လာပြီအလုပ်ပြန်ဆင်းနေကြပြီ😁

လန့်သွားတာပဲ....
ရေးတက်လိုက်တာ broရေ

ဟာလန့်နေပြီလားဗျာ

စောင့်စားနေခဲ့ရပါသော ဇာတ်လမ်းလေးလာပြီပဲ
ကြိုက်တယ်ဗျို့

အားပေးလို့ကျေးဇူးပါ bro

သရဲမင်းသားလေး ပြန်လာပြီပေါ့
ဇာတ်လမ်းလေးကောင်းတယ်ညီ အားပေးနေမယ်

အားပေးလို့ကျေးဇူးပါ ဗျာ