ထိုညတစ်ည(Season-3)

in myanmar •  7 years ago 

မြူးနှင်းမှုန်များဆိုင်းနေချိန် နာရီအချိန်ကား ည၁၀ကျော်ရှိနေပြီ......Honda Click အနက်ပြောင်လေးနဲ့ ကျွန်တော် အနွေးထည်ထူထူ ဆိုင်ကယ်ဦးထုတ်နဲ့ ပုံမှန်အရှိန်နဲမောင်းလာချိန်.......ရှမ်းပြည်ရာသီဥတုအရတော့ ​အေးစိမ့်​ နေတာပေါ့ တပို့တွဲလအချိန်ခါရယ်.......နည်းပညာကျောင်းသား တစ်ယောက်ပါ Civil ပထမနှစ်တက်ရသည်ကား ပထမနှစ်ဝက်စာမေးပွဲနီးချိန်......အိမ်ကနယ်မှဖြစ်တော့ ဘိုင်ပြတ်တဲ့အချိန် အိမ်ကိုပိုက်ဆံပြန်တောင်းနေကျ....... image

ကျောင်းကတောင်ကြီးမြို့အောက်နားကအေးသာယာ(မြို့သစ်)မှာတက်ရတော့ ကျွန်တော့နေရပ်နဲ့မိုင်၆၀လောက် ဝေးတယ်.....
အကြောင်းကတော့ သုံးစရာပြတ်လို့ အိမ်ပြန်တာပါပဲ.......သောကြာနေ့ညနေပြန်လိုက်တာပေါ့ နောက်နှစ်ရက်အေးဆေး နေလို့ရသည်အတွေးနဲ့........အရင်ကလဲထိုအတိုင်းပြန်နေကျပင်......

ဆိုင်ကယ်မောင်းနေရင်း မျက်နှာချင်းဆိုင်အကွေ့မှာ ကားအကြီးကြီး ဥပမာပြောရရင်ဇာတ်အငြိမ့်တွေလိုက်ကနေတဲ့ကားပုံစံမျိုး.......ကားမီးကြီးနှစ်လုံးကထိန်နေတာအဝေးကနေ.....စိတ်ထဲကလဲ ကျိန်ဆဲလိုက်မိတယ် ဒီလူတော်တော် လူမှုရေးမရှိပါလားပေါ့.......တင်းသွားတယ်......မျက်လုံးကြိမ်းတာနဲ့ပဲ ဆိုင်ကယ်ကိုလမ်းချရပ်ပြီး သူတို့ကားကိုလမ်းပေးလိုက်တာ......ခနမဟုတ်ချင်းမာပဲ ခုနကကားကြီးက ကျွန်တော်ကို လွန်သွားတာနဲ့ ဘေးကွေ့ဂျောက်ကြီးထဲထိုးချပြီးမောင်းဆင်းသွားရောဗျာ........အုန်းဆိုတဲ့ အသံနဲ့အတူ ချောက်ထဲ မှာဘာသံမှမကြားရတော့....စိတ်ထဲလည်းအကုန်သေကုန်တာလားပေါ့...... image

လူလူချင်းစာနာကောင်းပါရဲ့ဆိုပြီး ချောက်ထဲဘေးနားကသွားကြည့်လိုက်တာ ချောက်ထဲ အပင်နဲ့ အမှောင်ရိပ်သာ.......ဂယောင်ချောက်ခြားမိသွားတယ်အမှန်....စိတ်ထဲလဲမသိုးမသန့်တာနဲ့ ဆိုင်ကယ်ဆီ အမြန်ပြန်ပြေးပြီး တက်တုန်း `ကယ်ကြပါဦး´အမျိုးသမီးတစ်ယောက် အော်သံ.....
အသံကချောက်နားဆီက လာနေတာအမှန်ပဲ......ခုနကကျသွားတာကားစင်းလုံးမြင်လိုက်တာ ခုကြားတော့မိန်းမအော်သံတစ်သံဆိုတော့သူတစ်ယောက်ထဲအသက်ရှင်တာလား........စိတ်ထဲဇဝေဇဝါနဲ့ ချောက်နားက ကမ်းပါးနံရံဖက်မာ လက်တစ်ဖက်ကုပ်တွယ်လာတာကို တပ်အပ်တွေ့လိုက်ရပါတယ်........လက်တစ်ဖက်တင်သွေးအလိမ်လိမ်နဲ့အခြေနေအတော်ဆိုးပုံရတယ်........သွားဆွဲတင်ဖို့ ဟန်ပြင်နေတုန်း တက်လာအမျိုးသမီးမှာ ဦးခေါင်းမပါ.........
ပြောတော့မပြောပြတက်ဘူး အူတွေအသဲတွေပြောင်းပြန်ဖြစ်ကုန်တယ်......
ကြောက်ပုံပြောတာ.........

အရေးထဲဆိုင်ကယ် စက်ကနိုးမရပူထူသွားတယ်အေးနေတဲ့အရှိန်တောင်ပျောက်သွားလေရဲ့......ခေါင်းပြတ်ပြီး တစ်ကိုယ်လုံးသွေးအလိပ်လိပ်ဖြစ်နေတဲ့ အမျိုးသမီးကတော့ကုပ်ဖဲ့တက်ပြီး ကျွန်တော်ရှိရာဖက်ကို တွားသွားလာနေတော့ ကြောက်အားလန့်အားနဲ့ စက်နိုးသွားပြီး လီဘာ ကုန် ဆွဲပြီးပြေးတာပေါ့........မကြာဘူး ပယဘူး ကွမ်းတစ်ညက်မညက်ခင်အချိန်ကာလမှာ ဆိုင်ကယ်က ဘာအကြောင်းမှန်းအသိဖွက်ချက်ဖွက်ချက်နဲ့ ထိုးရပ်သွားရောဗျာ.......ခနကသရဲမနဲ့မှ ဘယ်လောက်မှမဝေးသေး.......အနောက်ကလိုက်လာမှာလည်းစိုးမိ.....စက်ကနိုးသော်လည်းမနိုးလာ......ဆီဂိတ်ကလည်းဆီအပြည့်ထည့်ခဲ့တာဆီလည်းရှိတယ်......

ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုဖြစ်တာလဲစဉ်းစားမရ......မြို့ကိုပြန်ရောက်ဖို့ကလဲ မိုင်အတော်ဝေးသေးတော့.....
ဖုန်းကလည်း No service.....
လာမဲ့ဘေးပြေးတွေ့ရုံသာရှိတော့တယ်စိတ်နဲ့ ဆိုင်ကယ်ကိုတွန်းရင်းရှေ့ဆက်လာတယ်........ image

တောင်ဝေ့လမ်းတွေဖြစ်လို့ အကွေ့အကောက်တော်တော်များလှသည်....ခုနကတွေ့ခဲ့သလိုမြင်ကွင်းမျိုးထပ်မတွေ့ပါနဲ့ဆုတောင်းရင်းရှေ့ဆက်ဆိုင်ကယ်တွန်းရင်း တစ်ယောက်ယောက် လမ်းသွားတွေ့ရင်လည်းအကူညီတောင်းရချည့်ရဲ့.........တစ်ယောက်မျှမရှိ.....တစ်ယောက်ထဲခရီးသွားတဲ့အချိန်ဖြစ်တော့ ကြောက်မိတာအမှန်ပင် ဘေးဘက်ခြုံနွယ်တွေနဲ့ တောစပ်လမ်းတွေ.......

ဆက်တွန်းလာရင်း ရှေ့မလှမ်းမဝေးမှာ ဆိုင်ကယ်မီးရောင်တစ်လုံးလဲ့လဲ့ မျက်နှာချင်းဆိုင်လာတေတော့ အားတက်သွားတာပေါ........အကူညီရတော့မယ်စိတ်ကလဲ လက်လေးတာမယ်ကြံတုန်း ဆိုင်ကယ်ကြီးက အဝေးကကိုးထင်ရှာမြင်နေရတယ်....ထူးခြားတာက ဆိုင်ကယ်မှာ လူတစ်ဦးတစ်ယောက်မှ မပါလာ ......မသိရင် ထိန်းချုပ်ကိစ္စနဲ့ ထိန်းထားသလိုဆိုင်ကယ်ကြီးက ဖြေးဖြေးမှန်နဲ့ မောင်းသူမပါ ........အတော်တန်လဲလန့်မိသွားတယ်........

မျက်စိမောက်လေသလား......ခနအကြာတော့ဆိုင်ကယ်စက်ပြန်နိုးတာနဲ့ ဆက်ထွက်ခဲ့တာပေါ့......စိတ်ထဲလည်းအိမ်အမြန်အိမ်ပြန်ရောက်ချင်စိတ်သာ........မကြာပါဘူး ဗျာ တိုးဂိတ် အဟောင်းနားရောက်ပြီးအကျော်နားလေးရောက်တော့......ညာဖက်ရပ်ပြီး လူကြုံတားနေတော့.........

ကျွန်တော်အထင် အနီးနားရွားကပဲပေါ်တင်သွားမှရှာတွေမာဆိုဆိုတော့ အနီးနားရောက်ရောက်ချင်း ဖျောက်ဆိုအသံနဲ့အတူ ခုနက ရပ်စောင်နေတဲ့သရဲပျောက်သွားရောဗျာ......ကျွန်တော်လည်း ဒီတစ်ခါဘာတွေ့တွေ့လှည့်မကြည့် ဘူးစိတ်ထားပြီး အိမ်နောပြန်ရောက်အောင်ပြန်ခဲ့တာပေါ့ဗျာ.....အဲညက အဖြစ်ပျက်ကိုတော့ ယခုထိမေ့မရနိုင်ပါ....
နောက်တစ်ခန်းရပ်များထပ်လာပါဦးမည်.

စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd from Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကြောက်​​ကြောက်​နဲ့ဖတ်​ရတာ ​နောက်​တခါ သူရဲအချစ်​ဇာတ်​လမ်း​လေး​ရေးပါဦး ဘာပဲဖြစ်​ဖြစ်​ဖတ်​လို့​ကောင်းတယ်​ စိတ်​​ခြောက်​ခြားစရာ

အားပေးလို့ကျေးဇူးပါ ဆက်ကြိုးစားရေးပေးပါ့မယ်

ဆိုင်ကယ်တားစီးပြီး ခေါ်လာခဲ့မှ ရောက်တော့ချပေမဲ့တယ်
နောက်နေ့မှသေပြီးသားမှန်းသိတာမျိုးတော့
ကြားဖူးတယ်

မခေါ်လာရဲပါပူးဗျာ😬😬

အကုန်မဖတ်ရဲဘူး ကျော်ကျော်ဖတ်ရတယ်။ ကြောက်လို့

နေ့ခင်းပဲဖက်ပါဗျ

နိ သရဲတွေက ကုန်သေးဘူးလား တစ်ခါတစ်လေ ထင်မိတယ် သရဲအကြောင်းတွေ ဒီလောက်ရေးနိုင်နေတာ နိကိုယ်တိုင် သရဲလေးများ ဖြစ်နေသလားလို့😁😁😁

😁😁😁ကျနော်သရဲဆိုရင်broကိုအရင်လာခြောက်မာ😂

😂😂😂

သရဲအ​ကြောင်း အဲဗား​ရေးနိုင်​တာ ​လေးစားတယ်​ဗျာ ​အောင်​မြင်​ပါ​စေညီ

ဟုတ်ကဲ့အားပေးလို့ကျေးဇူးပါဗျ

ကားက ချောက်ထဲကျတာအရင်ကတည်းကဖြစ်မယ်ထင်တယ်နော်။
အဲ့လိုအဖြစ်မျိုးတစ်ယောက်တည်းသာကြုံရရင်တော့ 😬😬😬😱😱😱

ဟုတ် episode တွေပေါင်းရင်အားလုံးသိရမာပါအကိုရေ

ကိုယ်တိုင်က သရဲလား ဖုတ်ဝင်နေတာလားဗျ

အဟင်း broကိုဂုတ်ခွမယ်😁😁😂

အတိတ်က အရိပ်တွေ မှတ်လေသလားကွယ် ဟီး

အတိတ်က ရဲ့ အရိပ်တွေပဲပေါ့ဗျာ

ခေါင်းမပါတဲ့ အမျိုးသမီးကိုတင်ပြီး ဆေးရုံပို့ပေးလေ...
သူ့ခမြာ အကူအညီတောင်းနေတာ သနားပါတယ်

အဲနောက်တယ်ဗျာ အူတွေယားလွန်းလို့အတွေးနဲ့တင်ထွက်ပြေးနေပြီ😁😂

postကိုဆုံးအောင်တောင်မဖတ်ရဲဘူး

အဲဗျာ 😂😂😂

အရမ်းမိုက်တယ်ဘဒို
သုံးချက်တောင် ကြုံတာ ဆိုတော့

ဟုတ်အားပေးလို့ကျေဇူးပါbro

  ·  7 years ago (edited)

သရဲက တွေ့နိုင်လွန်းတယ် အဖြစ်မှန်တွေက များလှချည်လားဗျ

မှတ်ချက်မှာရေးထားတယ်လေအကိုရ သူများအဖြစ်ပျက်ကိုပြန်ရေးသားပါကြောင်း😁ကျနော်ကတစ်ခါမှမတွေ့ဖူးဘူး

သရဲအကြောင်းရေးဖို့ ကုန်ကြမ်း ဘယ်ကရှာလဲဗျာ

ဗေဒင်​ ဆရာတွေနဲ့ သရဲခြောက်ခံဖူးတဲ့အသိတွေနားမှာမေးပြီးရေးတာပါအကိုရေ

သရဲ ...ကြောက်တက်ဖူးငိငိ

ကြောက်ပါနဲ့ဗျ

ညီ​နေ့တိုင်းဖြတ်​​နေရတာ​ဗျာလန့်​လာပြီတကယ်​ကြီးအဲ့လို​တေ့်​ရှိတာလားညီကအခုထိမယုံ​သေးဘူး😖

ဟီးဟီး သူများအဖြစ်ရပ်တွေကို ကိုယ်စား ဝင်ပြီးပြန်ရေးတာပါအကိုရေ😁😁တချို့သောအကြောင်းအရာလေးတွေမှာ ပိုပြီးရေးသားထားပါတယ်ဗျ😂

သရဲကားပြန်ရိုက်ဖို့လာဝယ်မယ့နော်

ကပြီးတော့ကိုရောင်းမှာအဲလိုလာဝယ်ရင်😁😁

အောင်မလေး ဖတ်ရတာ ကြောက်စရာဗျာ

နေ့ခင်းပဲဖက်ပါဗျ😁