ကျန်တော် လွန်ခဲ့တဲ့ ၁၄ ရက်က စတီးမစ်သင်တန်းအကြောင်းလေးကို ဘာသာပြန်ရေးသားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ သူတို့ သင်ကြားမဲ့ စာအရေးအသားပိုင်းနဲ့ ဓါတ်ပုံပညာတွေအကြောင်းကိုလည်း ကျန်တော် ပြောခဲ့ဖူးပါတယ်။ ဘာတွေရေးသားရမယ်ဆိုတာကိုအသေးစိတ် မသိပေမဲ့ အခုတော့ ကျန်တော်နဲ့ ကိုစော သင်တန်းထဲကိုစပါ ပါပြီ။ သင်တန်းအတွက်ပထမဆုံးပိုစ့်ကိုလည်း စတင်ရေးသားရတော့မှာပါ။ ပထမဆုံးပိုစ့်မှာ ရေးသားခိုင်းတာက အနဲဆုံးစာလုံးရေ ၅၀၀ ရေးရမှာပါ။ ဒါ့အပြင် ပုံသုံးပုံလည်းအနဲဆုံးထည့်သွင်းဖော်ပြပေးရပြီး ခေါင်းစဉ်ခွဲလေးတွေနဲ့ ကိုယ့်ပိုစ့်ကို လှပပြီး ဆွဲဆောင်မှု့ရှိအောင် တန်ဆာဆင်ရေးသားရမှာပါ။ နောက်ဆုံးတစ်ခုက ကျန်တော်တို့ မြန်မာပြည် ဓလေ့ထုံးစံတွေ အငွေ့အသက်တွေပါဖို့ကို တိုက်တွန်းထားတာပါ။
ကျန်တော်တို့ရေးရမယ့်ခေါင်းစဉ်ကတော့ “စတီးမစ်ကိုအသုံးပြုပြီး မိမိပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုမလည်း’’ ဆိုတဲ့ခေါင်းစဉ်ပါ။ ဓါတ်ပုံရိုက်ရတာကိုလည်းဝါသနာပါပေမဲ့ အပြင်မထွက်နိုင်တာ တစ်ကြောင်းရယ်၊ ရိုက်ဖို့ ကင်မရာ အကောင်းကလည်း မရှိတာနဲ့ စာအရေးအသားသင်တန်းကိုပဲကျန်တော်ရွေးတက်လိုက်တာပါ။ အရေးအသားပိုင်းပြီးမှ ဓါတ်ပုံကိုထပ်တက်ပါဦးမယ်။ ဓါတ်ပုံသင်တန်းပါပြီးသွားရင် ကျန်တော်တို့ပိုစ့်တွေ အတိုင်းထက် အလွန် အရေးအတွေးတွေတက်လာမယ်လို ကျန်တော်ရင်ထဲမှာသိနေပါတယ်။
အခုကျန်တော်တို့တက်ရမယ့် သင်တန်းလေးက ပို့ချခြင်းနဲ့ လေ့လာရမှာမဟုတ်ပဲ လက်တွေ့လုပ်ဆောင်ရင်းနဲ့ လေ့လာရင်း ဖြည့်ရင်း ကြိုးစားရင်း သွားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျန်တော်တို့ကိုသင်ပေးထားတဲ့ ဆရာတင်လိုင်ရဲ့ သင်တန်းအတွေ့အကြုံတွေ ဆရာပြောပြသင်ကြားပေးတဲ့ သတိထားစရာတွေနဲ့ အရေးအသားလေ့လာနည်းတွေက အများကြီးအသုံးဝင်လာတော့မှာပါ။
ကျန်တော်အရင်က စာရေးရတာကို အရမ်းပျင်းတာပါ။ တကယ်ကိုပျင်းတာပါ။ ဒါပေမဲ့ ငယ်ငယ်က အမေက စာဖတ်ဖို့ ပျိုးထောင်ပေးခဲ့တော့ စာဖတ်ရတဲ့အရသာကိုတော့ ကျန်တော်သဘောတွေ့ပါတယ်။ စတီးမစ်ကိုတော့ လိုင်းပေါ်မှာသိတဲ့ အစ်မတစ်ယောက်ကြောင့်သိခဲ့ရတာပါ။ ပိုစ့်ရေးရင် ငွေရတယ်ဆိုတော့ စိတ်ဝင်စားလို့ ၀င်ခဲ့တာပါ။ အဓိက ကတော့ ငွေထက် စာရေးသူတွေရဲ့ အတွေ့အကြုံတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလေ။ ရတနာအိုးမြင်လို့လာပြီးတူးတာပါဟီး။ ရတနာအိုးကလည်း ခုချိန်ထိကို တစ်အိုးပြီး တစ်အိုးဆိုတော့ ကျန်တော့်မှာ အရင်က လုပ်တဲ့ဂိမ်းဆော့တာလေးတွေနဲနဲ နဲနဲဆီလျော့ပြီး တဖြေးဖြေးနဲ့ စတီးမစ်အတွက်ပိုပြီး အချိန်ပေးလာပါတယ်။ မသိသာပါဖူး။ ဖြေးဖြေးချင်းနဲ့ စတီးမစ်မှာပျော်လာပြီ။ ရတဲ့ရတနာအိုးတွေကလည်း အခုချိန်မှာ သုံးရတာတွေရှိသလို နောင်ကျရင် သုံးလာနိုင်မယ့် အိုးတွေကောအများကြီးဆိုတော့ ကျန်တော်စိတ်ထဲမှာ စတီးမစ်မပျက်ပါစေနဲ့ ညတိုင်းဆုတောင်းနေရတယ် :D ကျန်တော့်အတွက် ရတနာအိုးတွေ ပြီးတော့ social လည်းကျတော့ စာဖတ်ရတာရေးရတာက တစ်ယောက်တည်းမဖြစ်ပဲ အဖွဲ့နဲ့ ကိုယ်သိတာတွေ ကိုယ်မသိတာတွေကူညီကျရင်း သွားရတာဆိုတော့ တကယ်ကိုပျော်စရာကောင်းတဲ့ အသိုင်းအ၀ိုင်း တစ်ခုပါပဲ။ ကျန်တော်နေချင်တဲ့ အပြင်လောက အသိုင်းအ၀ိုင်းကလည်းဒီလိုဆိုပေမဲ့ တကယ်လောကကြီးက အဲ့လိုအမြဲတမ်းဖြစ်မနေဖူးလေ။ အတိုက်အခိုက်တွေ ဖိအားတွေ လိုအပ်ချက်တွေ အားလုံးကိုတွန်းလန်နိုင်ဖို့ဆိုတာက အပြင်လောကမှာ ငွေကလည်း မရှိမဖြစ်အရာဆိုတော့ တစ်ခါတစ်လေ ငွေမရှိရင် မျက်နာငယ်ရတဲ့ဘ၀ကြီးကလည်း ခံနိုင်ရည်တွေ ရှိလာအောင်ပိုပြီး ထုနှက်ပေးနေသယောင်။ ဘယ်လောက်ပဲခက်ခဲ ခက်ခဲပါ ပညာရှင်တစ်ယောက်ပြောတဲ့ စကားတစ်ခွန်းကြောင့် ကျန်တော်ပိုပြီးတော့ ကျန်တော့်ကိုယ်ကို ဘာလိုအပ်လဲ ဘာတွေဖြစ်နေလည်းဆိုတာပိုသိလာရတယ်။ အဲ့ဒါကဘာလည်းဆိုတာကတော့ “အများကြီးတတ်ဖို့မလိုပါဖူးတဲ့ တတ်တဲ့တစ်ခုကိုပဲ ဘယ်လိုအသုံးချရမယ်ဆိုတာသိဖို့လိုပါတယ်” တဲ့။ အဲ့စကားလေးက ဘာမှတော့မဟုတ်ပေမဲ့ ကျန်တော့်လို အကုန်တတ်ချင်နေတဲ့ သူတစ်ယောက်အတွက်တော့ အမှားတွေကို ထောက်ပြလိုက်သလိုပါပဲ။ အဲ့ဒီစကားကြားရပြီးနောက်ပိုင်း ကျန်တော်တစ်ခုကိုပဲရွေးချယ်လိုက်တယ်။ ကျန်တော့်ဆီမှာလည်းရှိပြီးသားဖြစ်သလို ကျန်တော် ကိုအဆင်သင့်အလုပ်ကော အတွေ့အကြုံကောပေးတဲ့ အင်္ဂလိပ်စာ စာသင်ဖို့ကို အာရုံစိုက်ဖို့ကိုပဲ ကျန်တော် ရွေးချယ်လိုက်တယ်။ ကျန်တော်ရန်ကုန်မှာ TOEFL အတွက် တစ်နှစ်အချိန်ပေးဖြေခဲ့တာတွေ ကျန်တော့်လေ့လာခဲ့တဲ့ ကွန်ပျူတာပညာတွေက ကျန်တော်အခုအချိန်မှာ apply ပြန်လုပ်ပြီး $$ အတွက် ပြန်အသုံးချလို့ရပြီဆိုတော့ ကျန်တော်စိတ်ဝင်စားတာလုပ်ရတဲ့ဖီးက အတိုင်းထက်အလွန်ပေါ့။ အဲ့လိုအတိုင်းထက်အလွန်ဖြစ်နေချိန်မှာ သင်တန်းတွေ ကိုယ် skill တက်စေမယ့်သင်တန်းတွေကလည်း တစ်ခုပြီးတစ်ခုဆိုတော့ မောပေမဲ့ ရတဲ့ပညာတွေက ကျန်တော်ခုနကပြောသလို ရတနာအိုးတွေဆိုတော့ မောလည်း မောတာလေးမေ့ပြီး ရတနာအိုးလေးကြည့်ပြီး အမောတွေပြေသွားပါရော။
သင်တန်းကိစ္စကနေ ကျန်တော့်အကြောင်းတွေရောက်ကုန်ပြီ။ ကျန်တော်ပြောချင်တာက သင်တန်းတွေကြောင့် ကျန်တော်တို့ skill တွေ အသိပညာတွေ တတ်ပြီး ကျန်တော်တို့ ပတ်ဝန်းကျင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ သွယ်ဝိုက်ပြီး အကျိုးပြုလာနိုင်လာမယ်ဆိုတာလေးကိုပြောရင်း ကျန်တော့်စာလေးကို နိဂုံးချုပ်ပါရစေ။
Author by @saipanpha
Msc-186
ပင်ပန်းပေမယ့် ဝါသနာပါတဲ့အလုပ် စိတ်ဝင်စားစရာအလုပ်တွေဖြစ်နေရင်တော့ ပင်ပန်းတာကိုသတိတောင်ထားမိမယ်မထင်ဘူးကိုစိုင်းရေ။သကြားရတာတွေကိုလည်း ကိုစိုင်းနဲ့ ကိုစောတို့က ပြန်လည် ဝေမျှပေးကြပါအုံးနော့😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သကြားတော့ မမျှတော့ဖူး
သင်ရတာလေးတော့ပြောပြမယ်နော် ကိုမိုး 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ် ဘယ်လို စာကျန်ခဲ့တယ်မသိဘူးဗျိုး😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး စတာပါကိုမိုးရ
ပြန်မျှမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တန်းတွေကြောင့်ကျွန်တော်တို့skillတွေအသိပညာတွေတတ်ပြီးကျွန်တော်တို့ပတ်ဝန်းကျင်ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့သွယ်ဝိုက်ပြီးအကျိုးပြုလာနိုင်မယ်ဆိုတာတော့တကယ်ဟုတ်ပါတယ်အစ်ကိုရေ ကျွန်တော်အနေနဲ့လည်းသင်တန်းတွေကိုတက်ချင်ပေမယ့် လခစားဝန်ထမ်းတစ်ယောက်ဆိုတော့ကအချိန်မပေးနိုင်တော့မတက်နိုင်ဘူးဖြစ်နေတယ်ဗျ steemitမှာတောင်အပတ်စဉ်ပို့တင်နိုင်ဖို့ကိုအချိန်အခက်အခဲကြောင့်စည်းကမ်းနဲ့အညီကလွဲလို့ထဲထဲဝင်ဝင်မလေ့လာနိုင်ဘူးဖြစ်နေရပါတယ်အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုင်းပေါ်ကနေတက်လို့ရတာတွေအများကြီးရှိပါတယ်ဘဒို။
တစ်ချို့သင်တန်းက ပိုက်ဆံနဲ့မှ တက်လို့ရတယ်။ တစ်ချို့ကတော့ ဖရီးတက်လို့ရတယ်။ စည်းကမ်းချက်တွေတော့ ရှိတာပေါ့ဘဒို။ ဘဒို အင်္ဂလိပ်စာရတယ်ဆိုရင် ပိုတောင်မှများသေးတယ်။ ဆရာပြောတဲ့ တရက်နဲနဲပိုလုပ်ပါဆိုတဲ့ စည်းကမ်းလေးကို လိုက်လုပ်ကြည့်ဘဒို။ အများကြီးတိုးတက်လာမှာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တန်းတက်ပြီး မျှဝေပါအုံး စောင့်ဖတ်ပါရစေ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် နောက်ကျရင် ရှယ်ပေးပါ့မယ် မကြည်ရေ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စောင့်မျှော်နေတယ် သင်တန်းတက်ပြီးရင်မျှဝေပါအုန်းဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု ဘဒိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လဲ ရတနာအိုးကြီးကို နည်းနည်းပွတ်တိုက်ဖို့လိုနေပြီ ဖုန်တက်နေလို့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရတနာအိုးကြီးက ထုတ်သုံးမှနော် ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခေါင်းစဉ်က ပြောခြင်းသောက ပြောချင်သော လား ကိုစိုင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြောချင်သော ပါဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူကြိုးစားကြမယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူတူ ချကျမယ် ကိုစော
ဖိုက်တင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစိုင်းရေ သင်ပြီးရင်လဲ မျှဝေပါဦးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဘဒိုရေ။ အရင်တက်လိုက်ဦးမယ်နော့်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစိုင်း နဲ့ကိုစောသင်တန်းတင်ပြီးသွားရင် ကျွန်တော်တို့ကို ပြန်သင်ပေးရမယ်နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု ဘဒို သင်တန်းပြန်ဖွင့်မယ် 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစိုင်းအောင်မြင်ရင် ကျွန်တော်တို့ ကိုမျှဝေပါအုံးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု ဘဒိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာအကုန်ရပြီး ပြန်လည်ဝေမျှပေးနိုင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဘဒိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တန်းကပို့ချတဲ့ အရာတွေ ပြန်sharပေးဖို့ မျှော်လင့်မိပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဘဒိုစိုင်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တန်းတော့တက်ချင်ပါရဲ့။အချိန်တော်တော်ပေးရမှာပေါ့နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း
ကျန်တော်တို့ခုမှစတာကတော့
သူတို့ချပေးတဲ့ပုံစံအတိုင်းလိုက်ရေးရမှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit