Mom tear

in myanmar •  7 years ago  (edited)

ကျွန်တော်တို့ဗမာလူမျိုးအများစုသည်ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည့်အလျောက် မိဘဆရာသမားတို့ကို ဘုရားနဲ့ တစ်ဂိုဏ်းထဲထားကြသည်ဟုဆိုလျင်မှားလိမ့် မည်ဟုမထင်ပေငယ်စဉ်တောင်ကျေးခလေးဘဝထဲက မြန်မာလူမျိုးများသည် ပထမဆုံးသွန် သင်ဆုံးမသူမှာ မွေးသမိခင်ကျေးဇူးရှင်ဆိုလျင် မြေကြီးလက်ခက်မလွဲမှန်ပေလိမ့်မည်ဟုထင်ပါသည် ။imageနောက်တော့မှသာကျောင်းတက်သည့်အရွယ်ရောက်မှသာ ဆရာ/ဆရာမလက်ထဲသို့ရောက်ပြီးစာပေသင်ပေးခြင်း|လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမခြင်း|အကောင်းနှင့်အဆိုးကိုဝေဖန်ပိုင်းခြားတက်အောင်သင်ပြပေးခြင်း| ဘဝရပ်တည်ရေးအတွက်အတက်ပညာများသင်ပေးခြင်း စသည်ဖြင့်အနာဂတ်၏ ကြယ်ပွင့်များဖြစ်အောင်ပြုစုပျိုးထောင်ပေသည်မှာဆရာ/ဆရာမများပင်ဖြစ်သည်။ကျောင်းသားဘဝတုန်းကဆရာများပြောနေကြစကားဆိုလေးကိုတော့အားလုံးသိကြမည်ထင်ပါသည်။
"တပြည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိ၏တဲ့"
ဆရာ/ဆရာမ များက ကျောင်းသင်ခန်းအတွင်းစာပေတွေ တက်ဖို့သင်ပေးသလို အိမ်မှာရှိနေတဲ့မာတာပီတ မိနှင့်ဖ ကလည်းဘဝအတွက်သင်ခန်းစားများကိုသင်ကြားပေးမည်မှာမှန်ပေလိမ့်မည်လို့ထင်ပါသည်။အိမ်တစ်အိမ်မှာအဖေနဲ့အမေနှစ်ဦးထဲမှာ အမေ ကပိုပြီးတော့သင်ပေးလိမ့်မည်လို့ထင်ပါသည်။တစ်ဦးတည်ရှိနေသူအတွက်ကတော့တစ်မျိုးပေါ့။များသောအားဖြစ်အဖေကစီးပွားရှာတယ်လေအဖေကစီးပွားရှာလို့အမေကအေးအေးဆေး ဆေးနေရတယ်လို့မထင်လိုက်ပါနဲ့အမေတစ်ယောက်သောကဟာအားလုံးထက်ပိုပါတယ်ဆိုတာစာဖတ်ပရိတ်သက်များအားလုံးသိကြမည်ထင်ပါသည်။စာရေးဆရာ |ကဗျာဆရာတွေ| ပန်ချီဆရာ|တေးရေးဆရာ|စာဆို တို့ကခေတ်အဆက်ဆက်သီညွန်းဖွဲ့ဆိုထားခဲ့ကြသည်ကိုလည်းစာဖတ်သူတို့အတော်အသင့်ဖတ်ရှု့သိရှိကြမိပြီးလို့ထင်ပါသည်။ခေတ်အဆက်ဆက်ဖွဲ့နွဲ့ခဲ့သော်လည်ယခုအချိန်ထိဖွဲ့နွဲ့ခိုင်းနှိုင်း၍ မကုန်ခဲ့သည်မှာအမေ့ တစ်ယောက်ရဲ့ပေးဆက်မှုတွေကြောင့်လို့သာ ပြောလိုက်ချင်ပါတော့သည်။ဒါကြောင့်လည်းအမေ့ရဲ့မတ္တာကြီးမားပုံကို မြင့်မိုလ်တောင်နှင့် နှိုင်းယှဉ် ဖော်ပြထား ခြင်းဖြစ်လိမ့်မည်ဟုထင်မိပါသည်။အမေအကြောင်းကိုပြောရင်းကျွန်တော်ဖတ်ခဲ့ဖူးသောအနှစ်သက်ဆုံးကဗျာတစ်ပုဒ်ကိုအနည်းငယ်တင်ပြလိုပါသည်- image
အမေ
ခေါ်လို့လည်းမဝ
ချစ်လို့လည်းမဆုံး
အမေဆိုတဲ့
နာမည်လေးနှစ်လုံး
ကြည့်လို့လည်းမဝ
အနှိုင်းမဲ့တဲ့အပြုံး
ဒီကမ္ဘာမြေတစ်ခုလုံးမှာ
အမေသည်သာအလှဆုံး
အမေဆိုတာကျွန်တော်တို့လူ့လောကထဲမ ရောက်ခင်၉လလွယ်၁၀လဖွားကိုယ်ဝန်လွယ်ထားရတဲ့အချိန်ထဲကအသက်ပေးပြီးချစ်ခဲ့ရသူပါ။မိခင်တစ်ဦးဟာကိုယ်ဝန်လွယ်ထားရပြီးဆိုရင်သေမင်းနုတ်ခမ်းကိုခြေတစ်ဖက်နင်းထားသူလို့တောင်ပြောလေ့ရှိကြပါတယ်ဆိုရိုးစကားတောင်ရှိပါသေးတယ်ယောက်င်္ကျားဖောင်စီးမိန်းမမီးနေတဲ့ အရမ်းအန္တရယ်များတဲ့အချိန်ပါ။ imageကျွန်တော်တို့လက်ဆယ်ဖြာထိပ်မှာမိုးရှိခိုးနေတဲ့ဘုရားရှင်တောင်မိဘကျေးဇူးကို နိ့တစ်လုံးဖိုပဲကျေအောင်ဆပ်နိုင်ခဲ့တယ်ဆိုရင် သာမန်လောကီလူသားဖြစ်သောကျွန်တော်တို့အားလုံးသည် ဒီတစ်သက်ဆပ်၍ မကုန်ဖြစ်ပါလိမ်မည်ဟုထင်မိပါသည်။ဒါကြောင့်လည်းကျွန်တော်တို့အားလုံးသည်မိဘများဝမ်းနည်းအားငယ်နေသောအချိန်အခါမှာ ခွန်အားပေးသူများဖြစ်စေချင်ပါသည်။မိဘတွေဟာကျွန်တော်တို့ငယ်စဉ်အခါတုန်းကသားသမီးတွေဝမ်းနည်းအားငယ်နေရင်မိဘတွေကဘေးနားကနေခွန်အားတွေအများကြီးပေးခဲ့ကြပါတယ်။သို့ပေမဲ့လည်းမိဘတွေအသက်ကြီးလို့ဝမ်းနည်းအားငယ်တဲ့အခါမှာတော့သူခွန်အားပေးခဲ့တဲ့သားသမီးတွေအနားမှာ မရှိကြတော့ တဲ့မြင်ကွင်းတွေကိုတွေ့မြင်နေကြရသည်မှာအလွန်ပင်ဝမ်းနည်းကြေကွဲရသောပုံရိပ်တစ်ခုပင်ဖြစ်နေပါတော့သည်။ imageမိဘတွေဟာဥယျဉ်မှူးးတစ်ယောက်နှင့်အသွင်သဏ္ဍန်ရောအနှစ်သာရပါတူညီကြသူများဖြစ်ကြပါသည်။အပင်တွေစိုက်တယ် ဒါပေမဲ့လည်းပွင့်လာတဲ့အသီးအပွင့်ကိုတော့သူတို့ကစားချင်မှစားရပါတယ်ဒါပေမဲ့လည်းသူတို့ဝမ်းမနည်းသွားကြပါမိဘတွေဟာသားသမီးတွေအပေါ်မနာလိုစိတ်ကင်းမဲ့သူတွေဖြစ်ကြပါ သည်။သားသမီးတွေအဆင်ပြေပြေနဲ့စိတ်ချမ်းသာလေလေသူတို့ကပျော်ရွင်လေလေဖြစ်ကြပါသည်။ဘယ်လိုပဲဖြစ်မေပါစေအသက်ကြီးနေပြီးဖြစ်တဲ့ခွန်အားလည်းနည်းနေတဲ့မိဘတွေဝမ်းနည်းနေတဲ့အခါမှာဘေးမှာရှိနေနိုင်အောင်ကြိုးစားပေးကြပါ။ မိမိကြောင့်လည်းမိဘတွေကိုဝမ်းမနည်းပါစေနဲ့။မိမိကြောင့်မိဘတွေဝမ်းနည်းခဲ့ရင်လည်းအားပေးကြပါ။ မိဘမျက်ရည်တစ်စက်ဟာ သားသမီးအတွက်ဆင်းရဲတစ်သက်ဖြစ်သလိုမိဘစိတ်ချမ်းသာတဲ့သားသမီးဟာဆင်းရဲသည့်တိုင်အောင် ဘယ်တော့မှမွဲတေလောက်အောင် မဆင်းရဲပါဘူး။ဒါကြောင့်အသက်ကြီးလာပြီးဖြစ်တဲ့မိဘတွေကိုသူတို့ရဲ့နောက်ဆုံးအချိန်တွေမှာပျော်အောင်ထာနိုင်ကြပါစေလို့ပြောကြားရင်ကျွန်တော့ရဲ့စာလေးကိုအဆုံးသက်ပါရစေ။ image
steemit မိသာစုဝင်အားလုံးကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။
creadit,google images
writing by @sanaung53

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆပ်လို့မကုန်နိုင်တဲ့ အနှိုင်းမဲ့ကျေးဇူးတရားတွေပါ

ဟုတ်တယ်အမရေကျွန်တော်ကတော့အမေမျက်ရေကျမှာအရမ်းကြောက်တယ်

This post has received a 0.78 % upvote from @drotto thanks to: @sanaung53.

Come to me

This post has received a 0.11 % upvote from @speedvoter thanks to: @sanaung53.

This post has received a 0.67% upvote from thanks to: @sanaung53.
For more information, click here!!!!

Try the new Minnowhelper Bots for more information here

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

အ​ရေးအသား​တွေတက်​လာပြီ

ကျေးဇူးပါအကို။ထပ်ပြီးကြိုးစားရအုံးမယ်

စာရေးတာလဲ ကောင်းတယ် bro
steemit မှာအောင်မြင်ပါစေ

ဟုတ်ကဲ့ကျေးဇူးပါကို kyawzinhtet

သုံးသပ်ရရင်တော့ အခြေအနေတိုးတက်မှုရှိပါတယ်ဗျာ။

ဟုတ်ကဲ့အခုလိုသုံးသပ်ပေးလို့ကျေးဇူးတင်ပါတယ်ဆရာ။နောက်ထပ်လည်းဒီထက်မကတိုးတတ်ဖို့ကြိုးစားအားထုတ်သွားပါမယ်ဆရာ

ကောင်းတယ်​ဟ

ကျေးဇူးပါbro