အမေ့အိမ်သို့ အလည်တစ်ခေါက်

in myanmar •  7 years ago 

မနေ့ကတုန်းက ကျမတို့မိသားစုလေး မှော်ဘီမြို့မှာရှိတဲ့ ကျမမိဘတွေဆီကို အလည်အပါတ်သွားရောက်ခဲ့ပါတယ်။သမီးလေးဖေဖေကတော့ အလုပ်
တစ်ဖက်နဲ့မို့ ကျမတို့သားအမိနဲ့ တစ်ပါတည်းမလိုက်နိုင်ခဲ့ဘဲ အလုပ်ပြီးချိန် ညနေကျမှသာ အလုပ်ကနေဘဲ ကျမတို့သားအမိရှိရာ ကျမမိဘတွေအိမ်ကို လိုက်လာခဲ့ပါတယ်။တူမလေး မြေးဦးလေးတော်စပ်တဲ့ ကျမတို့ရဲ့သမီးလေးကို သတိရတွေ့ခြင်စိတ်လေးနဲ့ မှော်ဘီမှာရှိတဲ့ ကျမအမကြီးတွေ အဖေ အမေတွေက ကျမတို့ကို လာလည်ဖို့ ခေါ်နေတာလည်း တစ်ပါတ်လောက်ရှိပြီဖြစ်တာမို့ တစ်ရက်နှစ်ရက်လောက် သွားနေပြီး သမီးလေးကို သူ့အဖိုးအဖွါးတွေ ကြီးတော်ကြီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဆုံတွေ့ရအောင် သွားဖြစ်အောင်သွားမယ်ဆိုပြီး သွားလည်ခဲ့တာလည်း ဖြစ်ပါတယ်။
image
ပုံမှန်ဆိုရင်တော့ လသားအရွယ်သမီးလေးနဲ့ ကားနှစ်ဆင့်စီးပြီး ကျမမိဘတွေဆီ သွားရတဲ့ခရီးလေးက ကျမတို့အတွက်ရော သမီးလေးအတွက်ပါ ပင်ပန်းခဲ့ရပါတယ်။သို့ပေမယ့် သမီးလေးကို တွေ့ရပြီး ပျော်နေကြတဲ့ သမီးလေးရဲ့ကြီးကြီးတွေ,ဘကြီးတွေနဲ့ ဖိုးဖိုး ဖွါးဖွါးတွေကိုကြည့်ပြီး ပင်ပန်းမှုတွေပျောက်ပြီး ပျော်ရွှင်ခဲ့ရပါတယ်။သမီးလေးကို ချီပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ကြွားနေတဲ့ ကျမရဲ့အမကြီးကိုကြည့်ပြီးလည်း ပီတိဖြစ်ခဲ့ရပါတယ်။ကျမတို့ ထိန်းစရာမလိုအောင် အဖိုးတစ်လှည့် အဖွါးတစ်လှည့် ဘဘကြီးတစ်လှည့် ကြီးတော်ကြီးတစ်လှည့် ထိန်းနေတဲ့ကြားမှာ သမီးလေးဟာ အရမ်းကိုဘဲ ပျော်ရွှင်နေခဲ့ရပါတယ်။
image
ကျမမိဘတွေဆီ သွားခဲ့တဲ့ခရီးစဉ်လေးမှာ ကျမတွေးမိလိုက်တဲ့ ခံစားချက်လေးတစ်ခုကို ကျမပြောပြခြင်ပါတယ်။များသောအားဖြင့် ကိုယ့်အိုးကိုယ့်အိမ်နဲ့ အိမ်ထောင်တစ်ခုစီ သီးသန့်ဖြစ်သွားကြတဲ့ ကျမတို့တစ်တွေဟာ တစ်နယ်တစ်ကျေးမှာရှိတဲ့ မိဘတွေဆီကို တစ်လနေလို့တစ်ခေါက်တောင် ပုံမှန်မရောက်ဖြစ်ခဲ့ကြပါဘူး။ကလေးတစ်ဖက်နဲ့မို့လို့,အလုပ်မအားလို့,နေထိုင်မကောင်းလို့,အချိန်မရလိုက်လို့ ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ မိဘတွေဆီတွေရဲ့ သတိတရလေးတွေ့ခြင်စိတ်လေးနဲ့ အလည်လာခဲ့ကြဖို့ ကမ်းလှမ်းမှုလေးတွေ အမြဲငြင်းဆန်ခဲ့လေ့ ရှိတတ်ကြပါတယ်။တစ်ခါတစ်ရံကြပြန်တော့လည်း ကျမတို့ဟာ မိဘတွေကိုဂါရဝပြုဖို့ ငွေကြေး လက်ဆောင်ပစ္စည်းလေးတွေ အဆင်သင့်မရှိခဲ့လို့ မိဘတွေနဲ့တွေ့ဆုံဖို့ရက်ကို လွဲမှားသော ခံယူချက်လေးတွေနဲ့ ရွှေ့ဆိုင်းလေ့ရှိတတ်ကြပါတယ်။
image
သို့ပေမယ့် ကျမတို့ဆီက မိဘတွေဟာ ရယူဖို့ထက် သားသမီးတွေရဲ့ နွေးထွေးကြင်နာတဲ့ ဆက်ဆံတတ်တဲ့ သိတတ်မှုလေးတွေကိုသာ မျှော်လင့်တတ်ကြပါတယ်။ဒါ့ကြောင့် သားသမီးတွေလာလည်တဲ့အခါတိုင်း ကျမတို့ကြိုက်တတ်တဲ့ ဟင်းလျာလေးတွေ အစားအသောက်လေးတွေကို တကူးတကပင် ဖွယ်ဖွယ်ရာရာလေး ပြန်လည်ချက်ပြုတ်ကျွေးတတ်ကြပါတယ်။မိဘတွေလိုခြင်တဲ့အရာဆိုတာ ကျမတို့ဆီက သတိတရလေးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှုလေးတွေဘဲ ဖြစ်တယ်ဆိုတာ ကျမတို့လို အိမ်ယာတစ်ခုထူထောင်ပြီး အဝေးမှာနေကြရတဲ့ သားသမီးတွေကို နားလည်သိရှိစေခြင်မိပါတယ်။
image
ကျမအနေနဲ့ မိဘနဲ့ခွဲနေကြရတဲ့ အဝေးရောက်သားသမီးတွေကို အချိန်ရရင် ရသလို မိဘတွေဆီပြန်ပြီး နွေးနွေးထွေးထွေး နေကြဖို့တိုက်တွန်းခြင်ပါတယ်။မိဘဆိုတာ အသက်အရွယ်အိုမင်းနေကြပြီဖြစ်တဲ့အတွက် လူ့လောကကြီးထဲကနေ ဘယ်အချိန်မှာ ထွက်ခွါသွားကြပြီး ကျမတို့နဲ့ ခွဲခွာသွားကြရမယ်ဆိုတာ မသိနိုင်တာမို့ ရသမျှအချိန်လေးတွေထဲကနေ မိဘတွေအတွက်ဖဲ့ပေးစေခြင်ပါတယ်။တစ်ရက်လေးဘဲဖြစ်ဖြစ် နေ့တစ်ပိုင်းလေးဘဲဖြစ်ဖြစ် အားလပ်ချိန်လေးတွေရရင် အပင်ပန်းလေးခံပြီး မိဘတွေကို သွားရောက်တွေ့ဆုံပြီး အဖေအမေတွေ ကြိုက်တတ်တဲ့အစားအသောက်လေးတွေကို ကိုယ်တတ်နိုင်သလောက်လေးထဲက မကြာခဏဆိုသလို ပံ့ပိုးစေခြင်ပါတယ်။မိဘတွေအနေနဲ့ သားသမီးတွေဖြစ်တဲ့ ကျမတို့ကို ဘယ်အရွယ်ရောက်ရောက် ခလေးလေးတစ်ယောက်လို မြင်တတ်ကြတာမို့ ကျမတို့အနေနဲ့ အရွယ်ရောက်နေကြပြီးဆိုပြီး မိဘတွေနဲ့ စိမ်းစိမ်းကားကားမနေကြဘဲ ရရှိတဲ့အချိန်ပိုင်းလေးတွေထဲကဘဲ နေထိုင်မကောင်းတဲ့ မိဘတွေရှိရင်လည်း ခြေဆုတ်လက်နယ်လေး ပြုစုပေးပြီး မိဘတွေအားရှိအောင် ကြင်ကြင်နာနာလေး ဂရုတစိုက် ဆက်ဆံသင့်တယ်လို့ ထင်မြင်မိပါတယ်။ကျမတို့အတွက်တော့ ဒီလိုအရာတွေဟာ ဘာမှအရေးမကြီးပါဘူး အချိန်များများရမှသာ လုပ်တော့မယ်လို့ ပေါ့ပေါ့တန်တန်တွေးတတ်ကြပေမယ့် မိဘတွေဘက်ကကြည့်ရင် သားသမီးဖြစ်တဲ့ကျမတို့နဲ့ တွေ့ဆုံရမယ့်အချိန်လေးတွေကို အမြဲမျှော်လင့်နေတတ်ကြတာမို့ နောင်တစ်ချိန်မှာ နောင်တရပြီး ပြန်မရနိုင်တော့တဲ့အရာတွေအတွက် ယူကျုံးမရဖြစ်မှုတွေ မရှိရလေအောင် အဝေးရောက်သားသမီးတွေရဲ့ကိုယ်စား ကျမရဲ့ခံစားချက်လေးကို မှော်ဘီမှာရှိတဲ့ နွေးထွေးလှတဲ့ ကျမမိဘတွေရဲ့ ရင်ခွင်ရိပ်လေးမှာ ခေတ္တခန ပျော်ရွှင်စွာခိုလှုံရင်း စာဖတ်သူများကိုပြန်လည် ဝေမျှရေးသားလိုက်ပါတယ်။
Author:@sandipoe
MSC.035

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မိဘနဲ့ ခွဲပြီးမနေချင်ဘူး အစ်မရယ်

အမြန်ဆုံး အတူနေနိုင်ပါစေနော်

ခုလို​ရေး​ပေးလို့​ကျေးဇူးပါ....​ကောင်း​သောပို့စ်​ပါ...

ကျေးဇူးပါရှင့်

အနွေးထွေးဆုံး အမေ့အိမ်

မှန်ပါတယ်ရှင့်

ကွီးလဲ ခုဘဲပြန်ရောက်တယ်

မိသားစုနဲ့အတူ ပျော်ရွှင်ပါစေနော်

အရမ်းကောင်း

Thanks

မိဘနဲ့အတူမနေရတော့ ဒီလိုပဲ ရောက်အောင်သွားရတာ။ဘဝတူတွေပါပဲ။good post!

Fighting bro

Good

Thanks

အဖေ အမေနဲ့ အတူနေတာ ပိုးရေ ဘယ်မ သွားစရာ လိုပု

ပျော်စရာကြီးပေါ့နော်

ကျ‌တော်‌လည်း အညာမ ပြန်‌ဖြစ်‌တာ ကြာ ပြီ။ပြန်‌ ဖြစ်‌‌အောင်‌ ပြန်‌မယ်‌။

အမြန်ဆုံးပြန်ဖြစ်ပါစေနော်

အိမ်​ပြန်​ချင်​တယ်​ အ​နွေး​ထွေးဆုံးအ​မေ့အိမ်

မြန်မြန် ပြန်ဖြစ်ပါစေနော်

@sandipoe မြန်မာစာတွေက ဖတ်မရလို့ Voltup တော့ ပေးခဲ့တယ် အမရေ့ image

ကျေးဇူးတင်ပါတယ်နော်

အဝေးမှာရှိချိန်တိုင်း အိမ်နဲ့ အမေကို အရမ်းသတိရတယ်ဗျာ

Fighting bro

အ​မေ့ အိမ်​က​လေး...

အမြန်ပြန်နိုင်ပါစေနော်

Good family group

Thanks bro

မိသားစုလိုက်ပျော်စရာကြီးဘဲ

ကျေးဇူးပါရှင့်

ကောင်းပါတယ်ဗျ

ကျေးဇူးပါရှင့်

အမေ့အိမ်က ကျွန်တော့်အတွက်တော့အနွေးထွေးဆုံးပါ

ပျော်ရွှင်ပါစေနော်

အမြဲအားပေးနေတယ်နော်@san

ကျေးဇူးတင်ပါတယ်ရှင့်

ထူးအိမ်သင် ရဲ့ အမေ့အိမ် သီချင်းလေး ပြန်သတိရ

ဟုတ်တယ်ဗျို့

မိဘအိမ်ရောက်တော့ နွေးထွေးတဲ့ခံစားချက်လေးခံစားရမှာပေါ့နော်...ပျော်စရာပေါ့ဗျာ

မိဘအိမ်ရောက်တော့ နွေးထွေးတဲ့ခံစားချက်လေးခံစားရမှာပေါ့နော်...ပျော်စရာပေါ့ဗျာ

သမီးလိမ္မာလေး .. ခလေးလေးလည်း ချစ်စရာ
Upvote & Following!