Steemitမှ အစ်ကိုအစ်မများအားလုံး မင်္ဂလာပါရှင်။
အရင်တစ်ပါတ်တုန်းက 'အချိန်လွန်မှ မပင်ပန်းစေလို'ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ငယ်ရွယ်စဉ်အချိန်မှာ လူသားတိုင်း ကြိုးကြိုးစားစားနဲ့ ဥစ္စာပစ္စည်းတွေ ရှာဖွေသင့်တဲ့အကြောင်းကို အချိန်ရဲ့တန်ဖိုးကို မငဲ့ကွက်ဘဲ အလုပ်ရွေးနေတဲ့ ကောင်လေးတစ်ယောက်ရဲ့အဖြစ်နဲ့ သာဓကပြုယှဉ်တွဲပြီး ကျမရဲ့အမြင်တစ်ချို့ကို ကျမဥာဏ်မီသလောက် ရေးသားဝေငှခဲ့ပါတယ်။အခုတစ်ပါတ်မှာ ကျမဆွေးနွေးတင်ပြခြင်တာကတော့ ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ တိုးပွါးအောင် လုပ်မလဲဆိုတဲ့ အပိုင်းလေးပါ။ငွေရှာတယ်ဆိုတဲ့ နေရာမှာလည်း ကျမပြောခြင်တာလေးတစ်ခုက လက်ရှိစားဝတ်နေရေးအတွက် အဆင်ပြေအောင် ကိုယ်ရှာဖွေထားတဲ့ ငွေကြေးလေးတွေထဲက အသုံးချ သုံးစွဲရမှာ ဖြစ်သလို နောင်တစ်ချိန် ကိုယ့်ရဲ့အိုစာမင်းစာအတွက်လည်း အစီအစဉ်တကျလေး စုဆောင်းထားဖို့ လိုအပ်ပါတယ်။ငွေစုတယ်ဆိုတဲ့နေရာမှာလည်း ဘဏ်စာအုပ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ပိုက်ဆံလေးတွေကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး ပီတိဖြစ်နေမယ့်အစား ပိုပြီးတိုးပွါးသထက် တိုးပွါးလာအောင် ,ဘယ်လိုနည်းလမ်းနဲ့ စုဆောင်းရင် ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ တိုးပွါးလာမလဲဆိုတာကို တွက်ချက်နိုင်အောင် အမြဲလေ့လာပြီး ကြံဆသင့်တယ်လို့ ထင်မြင်မိပါတယ်။
ငွေသားချည်းဘဲ စုဆောင်းနေမယ့်အစား ကိုယ်အသုံးချလို့ရမယ့် ငွေပမာဏတစ်ခုရရင် ရွှေဝယ်ပြီး စုဆောင်းထားတာမျိုးတို့ ဒေါ်လာလဲထားတာမျိုးတို့ ငွေနဲ့ရင်းပြီး ငွေထပ်ပွါးအောင် လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးလုပ်ကိုင်လိုက်တာမျိုးတို့ကို လုပ်ဆောင်လိုက်ရင် ကျမတို့အတွက် ပိုပြီးအကျိုးရှိစေမယ်လို့လည်း ထင်မြင်မိပါတယ်။ဘာလို့လဲဆိုတော့ ကျမတို့မြန်မာကျပ်ငွေရဲ့တန်ဖိုးဟာ နှစ်ကာလအလိုက် တိုးပွါးပြောင်းလဲလာတဲ့ ရွှေဈေးဒေါ်လာဈေးတွေရဲ့ ကာလပေါက်ဈေးနဲ့ယှဉ်ရင် အများကြီးနိမ့်ကျနေတာကို တွေ့ရလို့ပါ။
ကျမတို့သုံးစွဲနေတဲ့ ကျပ်ငွေရဲ့တန်ဖိုးနဲ့ ရွှေဝယ်စုထားရခြင်းရဲ့ တန်ဖိုးနှစ်ခု ကွာခြားပုံလေးတွေကိုကျမကြားဖူးတဲ့ အဖြစ်တစ်ခုနဲ့ ဥပမာထားပြီး ပြောပြခြင်ပါတယ်။အဲဒါက ဘာလဲဆိုတော့ မိသားစုလေးတစ်ခုမှာ အမေလုပ်သူက အဖေမသိအောင် သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးတွေထဲကနေ သားသမီးတွေရှေ့ရေးအတွက်ဆိုပြီး ဘဏ်ထဲမှာ ငွေလေးသောင်းကျော် အပ်ခဲ့ပါတယ်။သူငွေအပ်ထားတဲ့အချိန်မှာ ရွှေဈေးလည်း သောင်းဂဏန်းဘဲ ရှိခဲ့တယ်လို့ ကြားရပါတယ်။အချိန်တွေကြာလာပြီး သူအပ်ထားတဲ့ငွေတွေကို အခုချိန်မှာ သတိရလို့ထုတ်လိုက်တဲ့အချိန်မှာ သူ့ငွေတွေဟာ ဘဏ်တိုးတွေနဲ့ပေါင်းမှ တစ်သိန်းကျော်ဘဲရှိနေပါတယ်။ဒါပေမယ့် လက်ရှိရွှေရဲ့ပေါက်ဈေးကတော့ ဒီ့ထက်မက အဆပေါင်းများစွာမြင့်တက်နေပြီး အများကြီးကွာခြားနေတာကို တွေ့ရပါတယ်။
နောက်ထပ်မိသားစုတစ်စုကတော့ သူတို့သားသမီးတွေရှေ့ရေးအတွက် နယ်မှာခြံတစ်ခြံဝယ်ပြီး သနပ်ခါးပင်တွေအပါအဝင် နှစ်ရှည်ခံ သီးပင်စားပင်တွေစိုက်ပြီး ငွေတွေပိုပြီး ထိထိရောက်ရောက်တိုးပွါးအောင် ကြံဆခဲ့ကြတယ်လို့ သိရပါတယ်။ဒါလည်း ကျမအမြင်တော့ ငွေကိုဒီအတိုင်း ပုံသေကြီး စုဆောင်းတာနဲ့စာရင် ပိုပြီးအကျိုးရှိစေတယ်လို့ သတ်မှတ်မိပါတယ်။ကိုယ့်မှာရှိတဲ့ ငွေလေးတွေထဲကဖဲ့ပြီး ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းနေရသူတွေအဖို့ စီးပွါးရေးလုပ်ငန်းကြီးတွေမှာသွားပြီး ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။သို့ပေမယ့် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏအတိုင်း ရွှေကိုအလျော့တွက်လက်ခသက်သာအောင် အတုံးသေးသေးလေးတွေကအစ တဖြည်းဖြည်းခြင်းစုဆောင်းရင် သာမန်ငွေစုတာထက်တော့ ပိုပြီးထိရောက်မယ်လို့ တွက်ချက်မိပါတယ်။ရန်ကုန်မြို့ရဲ့ နာမည်ကြီးရွှေဆိုင်တစ်ခုဆိုရင် ရွှေကို တစ်သောင်းဖိုးကအစ အတုံးသေးလေးတွေ ရောင်းချပေးတယ်လို့ သိရပါတယ်။ပြန်ရောင်းရင်လည်း ကာလပေါက်ဈေးထက် သုံးထောင်ဘဲရှုံးမှာမို့ မိမိရဲ့ပိုင်ဆိုင်မှုကို ရွှေအတုံးအနေနဲ့ စုဆောင်းကြမယ့် ကျမတို့အတွက် အဆင်ပြေကြမယ်လို့လည်း ထင်မြင်မိပါတယ်။
ကျမတို့တွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ သူများအလုပ်မှာ ဝန်ထမ်းတစ်ယောက်အဖြစ် အမြဲရပ်တည်နိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ငယ်ရွယ်တဲ့အချိန်တွေမှာ ကိုယ့်ရဲ့နုပျိုမှုတွေ အချိန်တွေကို ပေးဆပ်ပြီး ငွေတွေရှာဖွေရပါတယ်။ရှာဖွေရင်းနဲ့ဘဲ ဒီအလုပ်နဲ့အဆင်မပြေတဲ့ နောင်တစ်ချိန်မှာ ကိုယ့်ဘာကိုယ်ရပ်တည်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးနဲ့အခြားသော အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် ကြိုးစားသင်ယူ ရှာဖွေထားသင့်ပါတယ်။အထူးသဖြင့် အသက်ကြီးလို့ အလုပ်ကနေအနားယူရမယ့်အချိန်မှာ ကိုယ်ရှာထားတဲ့ ငွေတွေကိုရင်းပြီး သက်တောင့်သက်သာနဲ့ စီးပွါးတစ်ခုတည်ထောင်နိုင်အောင် အခုအချိန်တည်းက တွေးတောကြံဆပြီး ကြိုးစားထားသင့်တယ်လို့ ထင်မြင်မိပါတယ်။အဲ့လို ကြိုးစားတဲ့နေရာမှာ ကြီးပွါးချမ်းသာခြင်တဲ့ ကျမတို့အားလုံးဟာ ဝင်ငွေတစ်ခုတည်းနဲ့ မရပ်တည်သင့်ဘူးဆိုတဲ့ထုံးကို နှလုံးမူပြီး အချိန်တိုင်းမှာ ကိုယ်စွမ်းနိုင်သလောက် အတတ်ပညာတွေ ဥစ္စာပစ္စည်းတွေရှာဖွေရင်း အချိန်တွေ နုပျိုမှုတွေနဲ့အတူ ကျလိုက်ရမယ့် ကျမတို့ရဲ့ချွေးစက်တွေကို တန်ဖိုးရှိရှိ ကုန်ဆုံးကြနိုင်စေရန် ရည်ရွယ်ရေးသား အကြံပြုရင်း ကျမရဲ့ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
Author:@sandipoe
MSC.035
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်လိုက်တာ ဒီလိုဘဲဖြစ်နေရမယ်လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမတော့ ငွေမစုဖြစ်သေးဘူး ပိုးရေ..သုံးပစ်လိုက်တာ များနေရော ခုက စပြီး စုနိုင်အောင်ကြိုးစားပါ့မယ်လို့ 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်မမ ညမလည်းမစုဖြစ်သေးပါဘူး ခလေးမွေးပြီး အလုပ်နားထားရတော့ အလုပ်ပြန်ဝင်မှဘဲ planချရမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုသီဟ အတွက်ကတော့ ဇနီးကောင်းလို့ ပြောချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးးးးး

စီပွားရေးလမ်းတခုတောပွင့်သွားပြန်ပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းသာပါတယ်ရှင်

ဟုတ်ပါတယ်ဗျာ
ကျွန်တော်တို့လို company ဝန်ထမ်းတွေကပိုပြီးအနာဂတ်အတွက်ကြိုတင်ပြသ်ဆင်သင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုကတည်းက စုဆောင်းနေပါတယ်😅😅
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းသာပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ရွယ်တဲ့အချိန်သုံးမယ်ဖြူံးမယ်ဆိုတဲ့လူငယ်တွေဘဲတအားများနေတယ်အမပိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူတို့လေးတွေအတွက် ရည်ရွယ်ပြီးရေးထားတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
right
ငယ်ရွယ်တဲ့အချိန်မှာရှာဖွေစုဆောင်းထားရင်အလုပ်မလုပ်နိုင်တဲ့အချိန်ကျရင်အထောက်အကူဖြစ်မှာပါ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါဘဲ အစ်မရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတဲ့စာပေမျိုးလေးပါ။အရမ်းကြိုက်ပြီး အရည်အသွေးကောင်းပါတယ်။ခုလိုစာပေမျိုးများများတင်စေချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝင်ငွေတစ်ခုတည်းအပေါ် မမှီခိုဘဲ နှစ်ခုသုံးခု ရှာထားသင့်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါဘဲရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ရွယ်စဉ်မှ ကြိုးစားရှာရမှာပေါ့နော် အို ဇာတာကောင်းအောင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့လိုဘဲဖြစ်စေခြင်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရင်းနှီး မြှုပ်နှံမှုပေါ့နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်

အစ်မအမြင်လေးကိုထောက်ခံပါတယ် ဘဏ်မှာစုတာက အနည်းဆုံး သိန်း ၅၀၀၀ လောက်မှ အခုခေတ်အရ အဆင်ပြေနိုင်ပါလိမ့်မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
KTတို့ကဘဏ်မှာလုပ်နေတော့ ပိုသိတာပေါ့နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမရေ
Jobတစ်ခုတည်းနဲ့တော့ရှေ့ရေးစိတ်မအေးရဘူး
Carrierပြောင်းနိုင်အောင်ကြိုးစားသင့်တယ်လို့မြင်မိတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါဘဲရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်မပေးတဲ့ message လေးအရမ်းကောင်းပါတယ်။ငွေကို ဘဏ်ထဲမှာကြီးမထားပဲ ကြိုးစားလုပ်ကိုင်တတ်အောင် ရေးသားထားတာ အားလုံးလည်းသိထားသင့်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းသာပါတယ်ရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းဆက်တွေနဲ့အရမ်းလှနေကြတယ် မမ