်Steemitမှ အစ်ကိုအစ်မများအားလုံး မင်္ဂလာပါရှင့်။ယခုနောက်ပိုင်း အပါတ်စဉ် promotionဆောင်းပါးများတွင် ကျမသည် သမီးလေး၏မေမေတစ်ဦး ဖြစ်သည့်အလျောက် သမီးလေးနှင့်ပါတ်သက်သည့် ခံစားချက်များ,သမီးလေးအတွက် ချက်ပြုတ်ပြင်ဆင် ကျွေးမွေးခဲ့သည့် ဖြည့်စွက်စာ ချက်ပြုတ်သည့် ပုံစံလေးများ,မိခင်တစ်ဦးဖြစ်သည့်အလျောက် သားသမီးနှင့် မိဘအကြားတွင် ဖြစ်သင့်သည့်ဆက်ဆံနေထိုင်မှုပုံစံလေးများ,မိန်းမသားတစ်ဦးဖြစ်နေသည့်အတွက် အခြားသော ညီမငယ် မိန်းကလေးငယ်လေးများအတွက် အထောက်အကူဖြစ်စေမည့် အကြံပြုပညာပေးဆောင်းပါးများ,ငယ်ရွယ်စဉ်အချိန်မှစ၍ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်တွင် ကျမအတွက် အမြဲအမှတ်ရစေခဲ့သည့် အမှတ်တရအဖြစ်အပျက်လေးများနှင့်အတူ အခြား အခြားသော သုတ ရသစုံ ဆောင်းပါးလေးများကို ကျမဥာဏ်စွမ်းရှိသလောက် သမီးလေးအား ထိန်းကျောင်းရင်းနှင့်ပင် သီကုံးရေးသားကာ steemitစာမျက်နှာထက်တွင် ဝေမျှခဲ့ပါသည်။
သို့သော်လည်း ယခင့်ယခင်promotinဆောင်းပါးများတွင် (အစ်ကိုအစ်မများ သတိထားမိမယ်လို့တော့ ထင်ပါသည်)ကျမသည် အင်ဂျင်နီယာကျောင်းဆင်းတစ်ဦး ဖြစ်သည့်အပြင် လက်ရှိမှာလည်း လှည်းကူးမြို့ရှိ တံတားဦးစီးဌာန,တည်ဆောက်ရေးအဖွဲ့(၃)လက်အောက်ရှိ တံတားအထူးအဖွဲ့(၁၀)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြစ်နေသည့်အတွက် မြို့ပြ အင်ဂျင်နီယာ ဆိုင်ရာ ပညာရပ်များနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဗဟုသုတများအား စာဖတ်သူများအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးရှိ အသိပညာတိုးပွါးစေရန်အလို့ငှါ ဆောင်းပါးပေါင်းမြောက်များစွာထဲတွင် ထည့်သွင်းကာ ဖန်တီးရေးသားခဲ့ပါသည်။ကျမသင်ယူခဲ့ရသော မြို့ပြအင်ဂျင်နီယာဆိုင်ယာ ဗဟုသုတများနှင့်ပညာရပ်များပါဝင်သည့် ဆောင်းပါးများအား ပြန်လည်လေ့လာလိုလျင်လည်း ကျမ၏ steemitစာမျက်နှာထက်တွင် ဝင်ရောက်လေ့လာနိုင်ကြစေရန် ဖိတ်ခေါ်ကြိုဆိုပါသည်။
ယခုအချိန်တွင်တော့ ကျမတို့ဇနီးမောင်နှံအတွက် ကျမတို့၏သမီးလေးအား အထိုက်အလျောက်လွှတ်ထား၍ ရနေသည့်အနေအထား ဖြစ်နေသောကြောင့် ကျမသည် လုပ်ငန်းခွင်ထဲသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ရန်လည်း ဆန္ဒပြု ပြင်ဆင်လျက် ရှိပါသည်။ထို့ကြောင့် ကျမကိုယ်တိုင်လည်း ကျမသင်ယူခဲ့သော မြို့ပြ အင်ဂျင်နီယာ ပညာရပ်များအား ပြန်လည်လေ့လာနေရသလို steemitမှ စာဖတ်သူများအတွက်လည်း အကျိုးရှိစေရန်အလို့ငှါ အခြားသော သုတ ရသစုံ ဆောင်းပါးများနှင့်အတူ Civil Engineer ပညာရပ်များပါဝင်သည့် ဆောင်းပါးလေးများအား အလျဉ်းသင့်သလို ထည့်သွင်းရေးသား တင်ပြသွားမည်ဟူ၍လည်း စိတ်ကူးထားပါသည်။
ပထမဆုံး ပြန်လည်မိတ်ဆက်သည့် ဤဆောင်းပါးလေးထဲတွင် စာဖတ်သူများအတွက်လည်း ဖတ်မှတ်ရလွယ်ကူပြီး ဗဟုသုတဖြစ်စေရန် အလွယ်ကူဆုံးအတွက်အချက်အပိုင်းလေးဖြစ်သည့် တံခါးအရွယ်အစား တွက်ချက်သည့်ပုံသေနည်းများနှင့် လူနေအဆောက်အဦးများအတွက် ဖြစ်သင့်သည့် တံခါးအရွယ်အစားအမျိုးမျိုးအကြောင်းကို တင်ပြမိတ်ဆက်ပေးခြင်ပါသည်။
ပထမဦးစွာ ကျမတို့ အဆောက်အဦးတစ်ခုတွင် တံခါးများတပ်ဆင်ရန် တံခါးဆိုဒ်များကို စဉ်းစားတွက်ချက်မည် ဆိုပါစို့။ကျမတို့တပ်ဆင်ရမည့် တံခါး၏အရွယ်သည် ထိုတံခါးတပ်ဆင်မည့်အဆောက်အဦးအား အသုံးပြုဖြတ်သန်းသွားလာကြမည့် အရှည်ဆုံးလူ့အရပ်နှင့် ထည့်သွင်းအသုံးပြုကြမည့် အကြီးဆုံးအဆောက်အဦးသုံးပစ္စည်းတို့၏ လွတ်ကင်းစွာ သယ်ယူဝင်ထွက်သွားလာနိုင်သော အရွယ်အစားတွင် ရှိနေရပါမည်။ဥပမာအားဖြင့်ပြောရမည်ဆိုလျင် တံခါး၏အမြင့်သည် ၈ပေ သို့မဟုတ် ၆ပေထက် မနည်းစေရန် သတိပြုသင့်ပါသည်။တံခါး၏အကျယ်ကို စဉ်းစားရာတွင်လည်း အနည်းဆုံး တံခါးအားဖြတ်ဝင်ဖြတ်ထွက် ပြုလုပ်ကြမည့် လူနှစ်ဦး၏ လွတ်ကင်းစွာဖြင့် မျက်နှာခြင်းဆိုင်အနေအထား ပခုံးခြင်းယှဉ်ကာ ဝင်ထွက်နိုင်သော အကျယ်အဝန်း ရှိနေရပါမည်။
ဥပမာအားဖြင့်ပြောရလျင်
တံခါးအမြင့်=တံခါးဗြက်အကျယ်+၄ပေခန့်
ဖြစ်ရပါမည်။
လူနေအဆောက်အဦးများအတွက် ဖြစ်သင့်သည့် တံခါးအရွယ်အစားများကို ခွဲခြားသတ်မှတ်ရာတွင်လည်း အောက်ပါအတိုင်း ခွဲခြားပြီး မှတ်သားနိုင်ပါသည်။၎င်းတို့မှာ-
အဆောက်အဦး၏ အပြင်တံခါးများတပ်ဆင်ရာတွင် ၃ပေ၃လက်မ×၆ပေခွဲ မှ၃ပေ၆လက်မ×၆ပေခွဲအတွင်း တပ်ဆင်ရမည်ဟု လေ့လာမှတ်သားရပါသည်။
အတွင်းတံခါးများကိုမူ၃ပေ×၆ပေခွဲမှ ၃ပေ၃လက်မ×၆ပေခွဲဟူ၍လည်းကောင်း ရေချိုးခန်းနှင့် ရေအိမ်တံခါးများကိုမူ ၂ပေ၃လက်မ×၆ပေခွဲမှ၂ပေ၆လက်မ×၆ပေခွဲဟူ၍ ခွဲခြားသတ်မှတ်ထားသည်ကို လေ့လာရပါသည်။
ထို့ပြင် အစိုးရအဆောက်အဦးများ ဖြစ်ကြသည့် ကျောင်း ဆေးရုံ စာကြည့်တိုက်များ၏တံခါးအရွယ်အစားများကိုမူ ၄ပေ ×၆ပေခွဲမှ ၄ပေ×၇ပေ,၄ပေ×၇ပေခွဲ ဟူ၍ အသီးသီး ခွဲခြားသတ်မှတ်ထားပါသည်။
စာဖတ်သူများ ကျမလေ့လာမှတ်သားရသမျှသော သင်ခန်းစာများပါဝင်သည့် ဤဆောင်းပါးလေးကို ဖတ်ရှုရင်းဖြင့် ဆောက်လုပ်ရေးဆိုင်ရာ ဗဟုသုတများ တိုးပွါးနိုင်ကြစေရန် ဆန္ဒပြုရင်း အခြားသော ဗဟုသုတလေးများ ပါဝင်သည့် ဆောင်းပါးလေးများကိုလည်း ထပ်တိုးတင်ပြနိုင်စေရန် ကြိုးစားပါဦးမည်။
Author@sandipoe
MSC.035
အမ ကို Engineerမှန်းမသိခဲ့ဘူး အိမ်ရှင်မကောင်းတစ်ယောက်မှန်းတော့ သိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးးးကျေးဇူးပါရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်မသိတဲ.ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတတွေသိရတော.ကောင်းပါတယ်...ဆက်အားပေးပါ့မယ်.. .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပြန်လေ့လာပြီး သင်ခန်းစာတွေထပ်တင်နိုင်အောင်ကြိုးစားပါ့မယ်

လာမယ့်နှစ် အိမ်ပြန်ဆောက်မှာဆိုတော့ ၃ပေ၃လက်မ×၆ပေခွဲပေါ့နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါဖြစ်သင့်တဲ့အရာပါ။ကျွန်တော်တို့အနေနဲ့လည်း မသိရှိသေးတဲ့ပညာတစ်ခုရလို ဝမ်းသားပါတယ်@sandi
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပြန်လေ့လာပြီး သင်ခန်းစာတွေထပ်တင်နိုင်အောင်ကြိုးစားပါ့မယ် ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတ ရပါတယ် ကျေးဇူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမကလည်း ကျေးဇူးတင်ပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုသိရလို့ ကျေးဇူးပါ မလေ့လာဖြစ်တော့လည်းမသိခဲ့ဘူး😆😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ

အိမ်ဆောက်ဖို့တွေးထားတာအခုတော့ဗဟုသုတပိုရသွားပီဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပြန်လေ့လာပြီး သင်ခန်းစာတွေထပ်တင်နိုင်အောင်ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆောက်လုပ်ရေးဆိုင်ရာ ဗဟုသုတလေးတွေ သဘာကျမိတယ် ပိုးရေ..😍 ပုံလေးတွေ မပါပါလား ပုံလေးတွေပါ ထည့်ပေးပါလို့ ညီမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်မမ ခုပို့စ် ပုံသိပ်မလိုဘူးထင်လို့မထည့်မိလိုက်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမက Engineer တျောက်မို့ ကိုယ်ရေးတာ ရှင်းသော်လည်း ဖတ်သူများက ပုံလေးပါ မြင်မှ ရှင်းမယ်မလား ညီမရေ မမ အကြံပေးတာပါ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူနေအိမ်အဆောက်အဦးတွေကို အမြင့် ၆ ပေက မဖြစ်မနေထားသင့်တာပေါ့နော် အစ်မ အခုလိုဝေမျှပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်KTရေ နောက်ထပ်လည်း သင်ထားတဲ့ပညာတွေ ထပ်shareနိုင်အောင်ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတများစွာရပါတယ်
ဆက်ပြီးတင်ပေးပါဦး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပြန်လေ့လာပြီး သင်ခန်းစာတွေထပ်တင်နိုင်အောင်ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားသင့်ပါတယ် ကိုယ်မှမသိတာ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လမ်းတံတား ကဆိုတော့ အဆင်ပြေတာပေါ့။ကိုယ့်သူငယ်ချင်းတွေ ကတော့ တော်တော်ထောနေပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်လား ညီမကတော့ အလုပ်သင်အင်ယာအနေအထားဘဲရှိပါသေးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာရပ်ဆိုင်ရာလေး ပြောပြရေးသားတော့လည်း အားလုံးအတွက် မှတ်သားစရာ ဗဟုသုတ ဖြစ်စေရတာပေါ။တံခါးအတွက်တော့ ဘယ်လောက်အကျယ် ဘယ်လောက်အမြင့် ဆိုတာခန့်မှန်းသိရှိလိုက်ရပါတယ်။နောက် သိထားတာလေးတွေ မျှဝေပေးဖို့လည်း တောင်းဆိုပါတယ်အစ်မ။ဗဟုသုတဆို ရသလောက်ယူချင်မိပါ၏။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် သင်ထားသမျှတွေ ပြန်လေ့လာပြီး sharingလုပ်ပေးပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုသိရကျေးဇူးပါဗျ တားအိမ်ဆောက်ရင် မမကြည်ကိုပါ အကူညီတောင်းရမေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးပါ့မယ် ဖတ်ပါ့မယ်ရှင်