အိတ်​စုတ်​က​လေးရဲ့ ဒဏ္ဏာရီ

in myanmar •  7 years ago  (edited)

အိတ်​လေးရဲ့ မျက်​နာက အမြဲတမ်း အားငယ်​မှု​တွေ နဲ့​ပေါ့....။အမြဲတမ်း​ပေ​ရေမဲတူး​နေတဲ့ သူ့ဟာ
မီး​သွေးထည့်​တဲ့အိတ်​​လေးပါပဲ.....။

နိဓ္ဓဒူဝ မီး​သွေး​တွေကို ဝမ်းထဲထည့်​သို​လှောင်​လိုက်​ ပြန်​ထုပ်​လိုက်​နဲ့
သူ့ တာဝန်​​တွေကို ထန်း​ဆောင်​ခဲ့တယ်​.....။

ဒိလိုနဲ့ နစ်​​တွေလ​တွေ အလီလီ​ပြောင်းပြီ
သူဟာ ပေတူး​နေတဲ့အိတ်​ဘဝက​​နေ တန်​ဖိုးရှိတဲ့အိတ်​​လေးအဖြစ်
ပြောင်းလဲ​နေထိုင်​လိုစိတ်​​တွေတဖွားဖွားဖြစ်​​ပေါ်လာရတယ်​...။
ပြီး​တော့ တန်​ခိုးရှင်​တစ်​ပါးကို
တိုင်​တည်​ဆု​တောင်​လိုက်​တယ်​....။

``....အရာခပ်​သိမ်းပြည့်​စုံ​သော တန်​ခိုးရှင်​´´အကျွှန်​ပ်​၏ ဘဝကို
သနားငဲ့ညှာ​စွာဖြင့်​ အဖိုးတန်​ဘဝကို ဖန်​ဆင်း​ပေး​ပါ´´လို့တိုင်​တည်​ လိုက်​တဲ့အချိန်​မှာ
သူ့ ရဲ့ အိတ်​​လေးထဲမှာ ​ရွှေ​တွေ အပြည့်​ ဖြစ်​သွားတယ်
သူဟာ ​ရွှေအိတ်​လေး ဖြစ်​သွားပြီ​ပေါ့...

ပျော်​ရွှင်​စွာနဲ့ ​ ​ရွှေ​တွေကို သယ်​​ဆောင်ရင်း ​ရွှေအိတ်​ဘဝမှာ
ရက်​လနစ်​တို့ အလီလီ​ ဖြတ်​သန်း​နေထိုင်​ခဲ့တယ်​...

သူ အိတ်​လေးဟာ ခိုင်​မာမှု​တွေ ​လျှော့နည်းလာပါပြီ
သူ ရဲ့ ခန္ဓာ လဲ ​လျှော့ရဲရဲ ဖြစ်​လာရင်း
အိတ်​​လေးအိုမင်းခဲ့ချိန်​မှာ-
ရွှေအိတ်​´´ဘဝနဲ့ မီး​သွေးအိတ်​ ´´ဘဝရဲ့
ရှင်​သန်​မှု ကို အိတ်​က​လေး
နှိုင်းယှဉ်​ကြည့်​ခဲ့တယ်​....။

``ငါ မီး​သွေးအိပ်​​လေးဘဝမှာ
နေ့စဉ်​ ထုပ်​ပိုးမှု​တွေနဲ့ လှုပ်​ရှားသွားလာခဲ့တယ်
ငါ အားလပ်​ချိန်​​တွေမှာ ကတ္တာယာလမ်း​တွေ​ပေါ်ကို
လွှင့်​ပြစ်​​ပျော်​ပါးခဲ့တယ်​.ငါ ဟာ ​နေရာအနှံကို လဲ
သွားလာခဲ့ရတယ်​. ငါဟာ တန်​ဖိုးမဲ့ စွာ ဆက်​ဆံခံရပြီး
အတုမရှိ လွတ်​လပ်​စွာ ​နေထိုင်​ခဲ့ရတယ်​.
ဘယ်သူမှ အ​ရေးတယူရှိခြင်းမခံရတဲ့ ငါဟာ
အ​ဖော်​မဲ့စွာ ​နေထိုင်​ခဲ့ရတယ်​.မီး​သွေး​တွေ မ​​ပျောက်​ပျက်​မထိခိုက်
အောင်​ ငါဟာ ပွန်းပဲ့ဒဏ်​​တွေ ကြံကြံ ခံ​ဆောင်​ရွက်​ခဲ့တယ်​´´

``ငါ ​ရွှေအိပ်​​လေးဘဝမှာ ငါ့ဟာ ​ရွှေ​တွေ အပြည့်​နဲ့
ခန့်​ခန့်​ထည်​ထည်​ ​နေခဲ့တယ်​.အမြဲတမ်းအတူ ​ဒီရွှေ​တွေနဲ့ရှိ​နေရင်း
ငါဟာ တ​နေရာထဲမှာပဲ တန်​ဖိုးရှိရှိ ထိန်းသိမ်း​စောင့်​​ရှောက်​ထားခဲ့တယ်
ငါ တ​နေရာနဲ့ တ​နေရာ ကို မလွှင့်​​မျောနိင်​​ပေမဲ့
ငါဟာ ခန့်​ထည်​​နေခဲ့တယ်​.ငါ့ကို အားကျကျတယ်
အရိပ်​တကြည့်​ကြည့်​နဲ့ ဂရုစိုက်​ကြတယ်​.ငါဟာ
တန်​ဖိုးရှိရှိ ​နေထိုင်​ခဲ့ရပြန်​တယ်​.ငါရဲ့ ​ရွှေ​တွေနဲ့ငါဟာ
ပုန်း​နေခဲ့တယ်​.​ရွှေ​​တွေ ဟာ ငါ့ဘဝရဲ့ အဖိုးတန်​ဆုံးဖြစ်​တဲ့တွက်
ငါ့ အိပ်​က​လေးရဲ့​ရွှေ​တွေဟာ စိုးရိမ်​ပူပန်​မှုနဲ့ အတူ
တောက်​ပစွာ ​ရပ်​တည်​ခဲ့တယ်​.​ရွှေ​တွေ မ​​ပျောက်​ပျက်​ဖို့ ငါဟာ
ကြံကြံခံ အကာအကွယ်​​ပေးခဲ့တယ်​´´

`​တောက်​ပခြင်းနဲ့ ​မှေမှိန်းခြင်း ´´ဟာ ဘယ်​အရာက
သူ့ပျော်​ရွှင်​မှုလဲ အ​ဖြေမဲ့​​စေခဲ့တယ်​...။

ဒီလိုနဲ့ပဲ အိပ်​​လေးဟာ ပုစ္ဆာ​တွေ ထုပ်
အ​ဖြေရှာရင်းသူ့ခန္ဓာကိုယ်​ဟာ တဖြည်းဖြည်းနဲ့ယိုးယွင်းပျက်​စီးပြီးသေဆုံးသွားခဲ့တယ်​......။
ဘယ်​ဘဝက ရှင်​သန်​ခြင်းရဲ့ အဓိပ္ပါယ်​လဲဆိုတဲ့
မေးခွန်း​တွေဟာ တိတ်​ဆိပ်​စွာ အ​ဖြေမဲ့ ခဲ့ရတယ်​....။

...........................................................

*အိတ်​ +​ရွှေ = ​ရွှေအိတ်
*အိတ်​+​ငွေ =​ငွေအိတ်
*အိတ်​+ ​ကြေး=​ကြေးအိတ်
*အိတ်​+မီး​သွေး=မီး​သွေးအိတ်
*အိတ်​+ Nothing =အိတ်

*ငါတို့ဟာ အိတ်​စုတ်​က​လေး​​ထဲကို ​​​``တံဆိပ်​​ခေါင်း´´
အမျိုးမျိုး ထည့်​ခဲ့ကြတယ်​.....။
ရွှေတံဆိပ်​​ခေါင်း​နဲ့ ​အသိအမှတ်​ပြုခံကြတယ်
ငွေတံဆိပ်​​ခေါင်း​လေးနဲ့အသိအမှတ်​ပြုခံကြတယ်​။

ငါတို့ အားလုံး တံဆိတ်​​ခေါင်း​လေး​တွေ စု​ဆောင်း​နေကြတယ်​..။

*တံဆိပ်​​ခေါင်း​လေး​တွေရှာကြရင်​ အိတ်​စုတ်​​လေး​တွေ​သေကြတယ်
*တံဆိပ်​​ခေါင်း​တွေကို ကားကွယ်​ထမ်းပိုးရင်း အိတ်​​တွေ နာရတယ်
*တံဆိပ်​​ခေါင်း​တွေရယူနိင်​ဖို့ အိတ်​တွေ​​ရောင်းခဲ့တယ်

[ဓားကို ထိန်းချုပ်​ဖို့
ဓားကိုင်​တဲ့လက်​ဖြစ်​သင့်​လား?
ဓားအိမ်​ဖြစ်​သင့်​ပါသလား?
(တာယာမင်း​ဝေ)]

ဒီလိုနဲ့.......
တံဆိပ်​​ခေါင်း​တွေက ...
အိတ်​ကို​​တော်​လှန်တဲ့စစ်​ပွဲး...
ရာစုအဆက်​ဆက်​ ...အသံတိတ်
ကမ္ဘာအဆိပ်​သင့်​ခဲ့တာ
ကြာ​ပေါ့........။

Original writter by @sattpaing(or)#zero
MSC-217
IMG_20171231_183916.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good.

Thank you

မိမိတန်​ဖိုး တတ်​ဖို့ ​ပေါင်းတတ်​ဖို့လိုတယ်

ဝေဖန်​မှုအတွက်​​ကျေးဇူးတင်​ပါသည်​ခင်​ဗျ

good post

Thanks bro

အရေးအသား ကောင်းတယ် ညီရေ ။ခု လို့ ရသ လေးတွေ နောက်လဲ ရေးပါအုံး စောင့်မျှော်နေပါတယ်။

ပုံထဲကအိတ်​ကစုတ်​​သေးဘူး :-)

ဟိ အ​ရေး​ပေါ်မို့ ​တွေ့တာ​လေး​ကောက်​ရိုက်​လိုက်​ရတာ😁

အားပေးနေမယ် ကိုစက်ပိုင်ရေ

Hote khat. ​ကျေးဇူးပါခင်​ဗျ

Good

Thanks

အား​ပေး​နေပါတယ်​​ဗျာ ခုလိုစာ​လေး​တွေများများ​ရေး​ပေးပါအုံး

ဟုတ်​ကဲ့အကို ​ကြိုးစားပါ့မယ်​ဗျ

Welcome to steemit

Thank you bro

Good post.

Thank you

Wow, မိုက်​တယ်​။

ကျေးဇူးပါဗျ

Nice Post
Good Idea , Bro

Thank you fri

Thanks Uncle

Congratulations @sattpaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

nice

Thanks bro

အရင်တစ်ခါ ဝင်ဖတ်ပြီး V&M ပေးခဲ့တယ် လိုင်းကြောင့်
ခုတစ်ခါ ပြန်ဝင်ပေးတာ ဒီလိုမျိုးလေးတွေ ဖတ်ရတာ အရသာရှိတယ် အားပေး

ဟုတ်​အကို ​ကျေးဇူးပါဗျ.ဆက်​ကြိုးစားပါမယ်​ဗျ