How to be Best Curators with STEEM Block Explorer ! အကောင်းဆုံး အသိအမှတ်ပြုဆုလာဘ်ရရှိသူများဖြစ်အောင် ပြုလုပ်နည်း ...

in myanmar •  7 years ago  (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုများခင်ဗျာ

ကျွန်တော်တို့က စတီးမစ်မှာ စာမူခ (Author Reward) ရသလို မိမိရဲ့ဗုတ်ကို ပေးတဲ့အတွက်လည်း အသိအမှတ်ပြုဆုလာဘ် (Curation Reward) ကို ရရှိကြောင်း Steemit Vocab - Part 1 မှာ ကျွန်တော်ရှင်းပြခဲ့ပါသည်။ ထို့အပြင် ဘယ်လိုအချိန်တွေမှာ ဗုတ်ပေးရင် ဘယ်လောက်ရာခိုင်နှုန်း ဆုလာဘ်ရရှိလည်း ဆိုတာကိုလည်း အောက်ပါအတိုင်း ထည့်သွင်းရှင်းပြထားပါသည်။

မိမိကို ပေးတဲ့ စာမူခပမာဏတွေကို https://busy.org တွင် ၀င်ရောက်ကြည့်ရှုပုံကိုလည်း Useful Tips & Tricks for Myanmar Steemians - Part 2 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၂ တွင် အသေးစိတ်ရှင်းပြခဲ့ပါသည်။

ယခုတစ်ဖန် မိမိက ဗုတ်ပေးသည့်အတွက် ရရှိသော အသိအမှတ်ပြုဆုလာဘ် စစ်ဆေးပုံနှင့် အကောင်းဆုံးဗုတ်ပေးသူ (Best Curator) ဖြစ်ရန် နည်းလမ်းတစ်ခုကို ညွန်ပြပါရစေ။

၎င်းနည်းလမ်းကတော့ @penguinpablo ထပ်မံဖြည့်စွက်ထားသည့် STEEM Block Explorer မှ အချက်အလက်များကို အသုံးပြုပြီး ရှာဖွေခြင်း ဖြစ်ပါသည်။

  • ပထမဆုံး Search Box တွင် မိမိစတီးမစ်နာမည်ကို ရိုက်ပြီး ရှာလိုက်ပါ။

  • မိမိစတီးမစ်အကောင့်၏ အခြေအနေ အသေးစိတ်ကို မြင်ရပါလိမ့်မည်။

  • ထို့နောက် မိမိရေးထားသည့် post ၏ link (အပေါ်တွင် အ၀ါရောင် ခြယ်သပြထားသည်)ကို နှိပ်လိုက်ပါက အောက်ပါအတိုင်း တွေ့ရပါလိမ့်မည်။

  1. ဤနေရာတွင် အဆိုပါ post အတွက် ရရှိသည့် စုစုပေါင်း ငွေပမာဏကို တွေ့မြင်နိုင်ပါသည်။

  2. ဤနေရာမှ scroll bar ကို အောက်သို့ဆွဲချကာ Post တွင် ပါဝင်သည့် စာအပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။

  3. ဤနေရာတွင် ဗုတ်ပေးသူ တစ်ဦးချင်းစီ၏ Voting Weight, Vote Value နှင့် ၄င်းတို့ ရရှိသည့် Curation Reward များကို ဗုတ်ပေးသည့် အချိန်နှင့်တကွ တွေ့မြင်နိုင်ပါသည်။ အလားတူပင် မိမိဗုတ်ပေးထားသည့် post ၏ link ကိုလည်း ၀င်ရောက်ကာ မိမိရရှိသည့် Curation Reward ကို စစ်ဆေးနိုင်ပါသည်။

ထို့ပြင် မိမိရရှိသည့် vote များကို

  • Date & Time ဗုတ်ပေးသည့် ရက်စွဲနှင့်အချိန်အရ
  • Vote Value ဗုတ်ပေးသည့် ပမာဏအရ
  • Account Name စတီးမစ်အကောင့်နာမည်များအရ
  • Reputation ဗုတ်ပေးသူ၏ ဂုဏ်သတင်း ( rp ) အရ

အောက်ပါနေရာတွင် အစီအစဉ်အတိုင်း (sorting) လုပ်ကာ ကြည့်ရှုနိုင်ပါသည်။

ထိုသို့ vote အခြေအနေနှင့် Curation Reward ကို စစ်ဆေးပြီးပါက ၄င်း post ၏ အသေးစိတ်အခြေအနေကိုလည်း အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

STEEM Block Explorer အကြောင်းကို Intoroduction STEEM Block Explorer to Myanmar Steemians ! မြန်မာစတီးမစ်မိသားစုဝင်များအတွက် STEEM Block Explorer ကို မိတ်ဆက်ပေးခြင်း ... တွင် ပထမဆုံး ကျွန်တော်ရှင်းပြစဉ်က ယခုနည်းလမ်းများ မပါဝင်သေးပါ။ @penguinpablo မှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။ မိမိအနေဖြင့် အမြဲတိုးတက်နေသည့် စတီးမစ်နယ်ပယ်ရှိ နည်းလမ်းအသစ်များကို ထပ်မံတွေ့ရှိပါက တင်ဆက်ပေးသွားဦးမည်ဖြစ်ပြီး စာဖတ်သူတို့အနေဖြင့် ယခု post မှ အကျိုးတစ်စုံတစ်ရာ ရရှိမည်ဟု မျှော်လင့်ပါသည်။ ကျွန်တော်ရေးသားထားသည့်အချက်များတွင် မရှင်းလင်း နားမလည်သည်များရှိပါက comment တွင် ဆွေးနွေးရေးသားမေးမြန်းနိုင်ပါသည်။

STEEM Block Explorer ကို အကျိုးရှိစွာ အသုံးချပြီး မြန်မာစတီးမစ်မိသားစုဝင်များ အကောင်းဆုံး Curator များ ဖြစ်နိုင်ကြပါစေ ...

References ; https://steemit.com/steemdev/@penguinpablo/new-on-steemblockexplorer-com-view-all-votes-on-a-post-with-their-value-and-curation-reward by @penguinpablo

Author - @sawlwin
#kosaw

Images credit ; Screenshots to posts of @sawlwin & https://steemblockexplorer.com/@sawlwin/my-art-mimia-upnya

MSC 176

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အခုလိုသိလိုက်ရတော့ ဘယ်အချိန်voteရမယ်ဆိုတာသိရပါတယ်bro

ကိုယ့် reward ကို စစ်နည်းပါ သိစေချင်ပါတယ်ဗျာ

မိနစ် ၃၀ ကျော်မှ ဘုတ်ရင် ဘာလိုဖြစ်နိုင်လဲဗျ

  ·  7 years ago (edited)

ကိုယ်ပဲ ရာနှုန်းပြည့်ရပါတယ် အသေးစိတ်ကို အဲဒီမှာ link ပေးထားပါတယ်

ကျေးဇူးကိုစော vote ပေးတာစောသွားတယ် hee hee! စတာနော်

ဟုတ်တယ်ဗျ မရတော့ဘူး နောက်တစ်ခါတော့ ချိန်ဆပါဗျာ ကိုယ်လည်း ရအောင်ပေါ့
Screenshot_2018-01-30-13-08-24.jpeg

ကျွန်တော် အကြည့်စောသွားတယ် ဗုတ်ပေးပြီးပြီးချင်း reward မတက်ပါဘူး နောက်မှ တက်လာတာပါ ရလာတဲ့reward ကို ဗုတ်ပေးတဲ့အချိန်ပေါ် မူတည်ပြီး စာရေးသူနဲ့ ဗုတ်ပေးသူ ခွဲဝေရရှိတာပါ

လည်နေတယ်

လိုင်းကောင်းတဲ့အခါ ကြည့်ကြည့်ပါနော်

ကိုယ့်​ရဲ့ power နဲ့လဲဆိုင်း​သေးတယ်​ ကို​စော အာ့ဒါ​ကြောင့်​ power up လို့​ပြော​နေရတာ

ဟုတ်တယ် ကိုသက် အခုဆို သူများရတာနဲ့ နှိုင်းယှဉ်ပြီး ပိုရအောင် power up ချင်တော့မယ် ကိုယ်ရတာ ကိုယ်တွေ့ပြီး vote ချင်လာတော့မယ်လို့ ထင်တာပဲ

thank for share .

Welcome, bro.

ဗဟုသုတ ရပါတယ်ခင်ဗျ ကိုစောရေ

ဟုတ်ကဲ့ ဝမ်းသာပါတယ်

Thankပါရှင်​။သိသင့်​သိထိုက်​တာ​တွေကိုမျှ​ဝေ​ပေးလို့။

ဟုတ်ကဲ့ပါ

ပုံမှန်လေးတင်ပေးပါ ပိုစ့်အကုန်ဖတ်ပြီး ဗဟုသုတယူဖြစ်ပါတယ်

ကြိုးစားပါ့မယ် ကိုဗီး

မိနစ်​၃၀​ကျော်​ပြီဆို​တော့ voteခဲ့လိုက်​ပြီ

အေးပါကွာ

မသိတာဆွေသိခွင့်ရလိုက်ပီဗျာ
ကျေးဇူးပါဗျာ

welcome ပါဗျာ

အခုလိုသိရတာကျေးဇူးပါ ကိုစော

ဟုတ်ကဲ့ပါဗျာ

ဆရာကဆရာကျတော့ ဆရာ့စာတွေက အသုံးဝင်နေရော

ဆရာ့ဆရာတွေဆီကနေ မှီငြမ်းထားရတာပါဗျာ

အားလုံးသိအောင်ရေးပေးတဲ့ Post လေးပါ။အရမ်းကောင်းပါတယ်။Thank you very much.

ဝမ်းသာပါတယ်

ကျေးဇူးပါခင်​ဗျာ

ဟုတ်ကဲ့ပါဗျာ

မိနစ် ၃၀ မှလာဘုတ်မယ် ငိငိ 😁

info စုံအောင်လုပ်မှ ပေးတဲ့ message က လွဲသွားတယ် curation award ကို စစ်ဆေးနည်းပြောတာပါနော်

thank ko saw

Welcome

ကျေးဇူးကိုစော
အမြဲလေ့လာနေသူတွေပြန်လည် ရေးသားပြတော့
ကျွန်တော်တို့ တွေ သိမြင်လာရပါတယ်ဗျာ

ဟုတ် ကိုမိုးသိစေချင်တာ ရှိရင်လည်း ပြောပါနော် ကျွန်တော်လေ့လာပေးပါ့မယ်

ဟုတ်

ဟုတ်ကဲ့ကျေးဇူးပါအကို သိခင့်ရခဲ့နာပေါ့

ဟုတ် ဝမ်းသာပါတယ်ဗျာ

ဗဟုသုတရပါတယ်ကျေးဇူးပါ

ဟုတ်ကဲ့ ဝမ်းသာပါတယ်

ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါဗျာ

ကောင်းတယ် ရှင်းရှင်းလင်းလင်းနဲ့ နားလယ်လွယ်အောင်ရေးပေးထားတာ။

ဟုတ်ကဲ့ ဆရာ ကျွန်တော်နားလည်သလို နားလည်အောင် ကြိုးစားထားပါတယ်

ဗဟုသုတ​တွေက​တော့မရိုးနိုင်​​အောင်​ပါပဲလား​ဗျာ

အသစ်တွေက အမြဲပေါ်နေတယ်လေ

ဗုတ်တွေ ပေးလို့
Curation Reward တွေရသာနေတာ
ဘယ်လိုရတယ် သိဘူးရယ်
ခုမှပဲအသေးစိတ်သိရတော့တယ်

ဝမ်းသာပါတယ်ဗျာ

ကျေးဇူးပါဗျာ ခုမှသိတယ်

ဟုတ်ကဲ့ ဝမ်းသာပါတယ်

ဗုတ်​နည်း​​တွေကို သိလိုက်​ရတဲ့ ​ကျေဇူးပါ

ဟုတ်ကဲ့

အခုလိုတင်ပေးတာ ဗဟုသုတ ရပါတယ်ကိုစောရေ

ဟုတ်ကဲ့ ဝမ်းသာပါတယ်

ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့

Good support.

Thanks for your cheer.

အသေးစိတ်သိရတဲ့အတွက်အထူးကျေးဇူးပါ

ဟုတ် ဝမ်းသာပါတယ်ဗျာ

Thanks for sharing Bro

You are welcome, bro.

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.