How to search the source of images on Google !

in myanmar •  7 years ago 

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

စတီးမစ်မှာ ပုံတွေကို ဘယ်လို credit ပေးရမလဲဆိုတဲ့အကြောင်းကို How to credit the source for your embedded images ! ပုံတွေကို ဘယ်လို ခရက်ဒစ်ပေးမလဲ ... ဆိုပြီး post တစ်ခု ရေးခဲ့ပါတယ်။

Credit ပေးစရာမလိုဘဲ သုံးစွဲနိုင်တဲ့ပုံတွေကို ဘယ်မှာ ရှာဖွေနိုင်လဲဆိုတာကိုလည်း Information about free photo resources ! ဆိုပြီး ရေးဖြစ်ခဲ့ပါတယ်။

အခု ပုံတွေကိုတော့ သုံးဖို့ download ဆွဲလိုက်ပါပြီ ... original source ကို မမှတ်မိခဲ့ဘူးလို့ @caesarsupaimin ရဲ့ ပြောကြားချက်အရ ၊ ဟိုးအရင်တုန်းက ကြိုက်လို့ သိမ်းထားခဲ့တဲ့ပုံတွေ ရှိပြီး ဘယ်လို credit ပေးရမလဲ သိချင်နေတဲ့ @nweoomon ရဲ့ မေးမြန်းချက်အရ search engine တစ်ခုဖြစ်တဲ့ Google မှာ မိမိပုံရဲ့ original source ကို ရှာပုံရှာနည်းအကြောင်း တင်ပြပေးလိုက်ရပါတယ် ...


Google မှာ ပုံရဲ့ original source ကို ရှာပြဖို့အတွက် နမူနာပုံတစ်ခုလိုအပ်ပါတယ်။ ဒါကြောင့်@caesarsupaimin ရဲ့ A+ အ​ကြောင်း post ထဲက အောက်ပါပုံကို ယူသုံးပါရစေ ...

Image credit - original source


အရင်ဆုံး Google image ကို သွားရပါမယ် ... ကိုယ်သုံးနေတဲ့ browser မှာ https://images.google.com လို့ ရိုက်ထည့်ပေးရပါမယ် ... မှတ်ထားရမှာက google ဟာ search engine ပါ ... browser မဟုတ်ပါဘူး ... ဒါကြောင့် ပုံနဲ့ သက်ဆိုင်တဲ့ နေရာကို ရောက်အောင် ၀င်ပေးရတာပါ ...

အဲဒီလို ၀င်လိုက်တဲ့အခါ အောက်ပါအတိုင်း ပေါ်နေတာကို တွေ့ရပါမယ် ...


အခုလို ကင်မရာပုံလေးကို နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်း ပေါ်လာပါမယ် ...


Paste Image URL ဆိုတဲ့ အကွက်ကို ရွေးထားရင် ကိုယ့် image ရဲ့ အင်တာနက်လိပ်စာ URL ( မိမိဖန်တီးထားတဲ့ ပုံရဲ့ link ) ကိုထည့်ပေးရပါမယ် ... အဲဒီနောက် Search by image ကို နှိပ်ပေးရပါမယ် ...


ဒါမှမဟုတ် မိမိရှာဖွေလိုတဲ့ပုံကို link အနေနဲ့ မပြောင်းလဲထားဘူး ... ဖုန်းထဲကနေ ကွန်ပျူတာထဲကနေပဲ တိုက်ရိုက်တန်းထည့်မယ်ဆိုလည်း ရပါတယ် ... Upload an image ကို ရွေးပြီး choose file ကို နှိပ်ပေးရပါမယ် ... အဲဒီနောက် ကိုယ်သိမ်းထားတဲ့နေရာကို သွားပြီး ရှာဖွေလိုတဲ့ပုံကို ထည့်ပေးရပါမယ် ...


အဲဒီအဆင့်မှာ ကွန်ပျူတာသုံးစွဲသူတွေအတွက် လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ မိမိရဲ့ပုံကို ဖိဆွဲပြီး အောက်ပါနေရာကို တိုက်ရိုက် တန်းထည့်လို့ ရတာပါ ...


အထက်ပါအဆင့်အတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်ဆောင်ပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း ပေါ်လာပါတယ် ...


ရှာဖွေလိုသောပုံနဲ့ တစ်ထပ်တည်းတူတဲ့ပုံကို နှိပ်ပြီး ၀င်လိုက်တဲ့အခါမှာတော့ အောက်ပါအတိုင်း ပေါ်လာပါတယ် ... ပထမပုံကတော့ မူလ website ရဲ့ လိပ်စာပါ ... ဒုတိယပုံကတော့ အဆိုပါ content မှာ ထည့်သွင်းထားတဲ့ပုံပါ ... မှန်ကန်တယ် ဆိုရင်တော့ အဆိုပါ website လိပ်စာကို image ရဲ့ original source အဖြစ် မှတ်ယူလို့ ရပါပြီ ...

Image-1

Image-2


ဒါဟာ ပုံတွေရဲ့ မူလရင်းမြစ်ကို ရှာဖွေနိုင်တဲ့ နည်းဖြစ်ပြီး စာဖတ်သူများအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့ မျှော်လင့်ပါတယ် ...

စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ...


DSCN1499.jpg

Author - @sawlwin

MSC - 176

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုစောကတော့ အချက်တစ်ခုရတာနဲ့ postတစ်ခုရပြီ😁😁👍👍👍👏👏👏

နောက်ထပ် ပုံနဲ့ပတ်သက်ပြီး စဉ်းစားထားတာ ရှိသေးတယ် ... ထပ်တင်ပေးမယ် ကိုမိုးရေ

သု​တေသီ

  ·  7 years ago (edited)

တူညီသော စကားလုံးအား အခါခါ အသုံးပြုသောကြောင့် လူကြီးမင်းအား စပမ်းအဖြစ် သတ်မှတ်လိုက်ပါပြီ ... ဒချိ ဒချိ

စပမ်းလားစပမ်​လား ဒချိဒချိ 😄😄

resteem သွားပြီဗျို့

ဟုတ် ကိုသန့်ဇင်

  ·  7 years ago (edited)

ကျေးဇူးတင်ပါတယ်ရှင်
လေ့လာကြည့်ပါအုံးမယ်ရှင်
ဂရုတစိုက်ဖြေပေးတဲ့ အတွက်ကျေးဇူးပါ

ဟုတ်ကဲ့ စမ်းသပ်ကြည့်ပါဗျာ

ကျေးဇူး ကိုစော

ဟုတ်ကဲ့ ကိုဇော်ထွေး

တခုလောက်ကူညီပေးပါဦးဗျ chetechကဘာမှမဆိုင်သောlink နဲ့လာvote သွားလို့ ဘယ်လိုလုပ်ရမလဲမသိလို့ပါ
ကျေးဇူးတင်ပါတယ်

  ·  7 years ago (edited)

cheetah က အခုတလော လူအတော်များများကို မဆိုင်တဲ့ link နဲ့ လာမန့်နေပါတယ် ... သူ့ရဲ့ page အောက်မှာ comment သွားပေးပြီး ပြောလိုက်ပါ ... သူတို့ ပြန်ပြင်ပေးပါလိမ့်မယ် ...

ဒါပေမယ့် ဘရာသာတင်တဲ့ဟာက copy ဖြစ်နေတာတော့ တွေ့တယ် ... အောက်က link ဟာ ဘရာသာထက် ပိုပြီး တင်တာ စောတယ် ... ဒါကြောင့် အဲဒီ link နဲ့ cheetah ထပ်ဝင်လာမှာတော့ စိုးရိမ်ရပါတယ် ... ဖြစ်နိုင်ရင် ကိုယ်ပိုင်ရေးတာကို တင်စေချင်ပါတယ် ...

https://www.facebook.com/groups/1240335036051542/permalink/1668457333239308/

မမကိုသွားပြမှဘာာ😂😂😂

ပြပါဗျာ

ဗဟုသုတတစ်ခုတိုးပြန်ပြီ ကိုစောရေ

ဟုတ် မစု

ကောင်းတယ်ဗျာကိုစောရေ ခုလိုလေးတွေ မျှဝေပေးတော့ မသိသေးသူများလဲ ပုံ Credit ပေးနည်းကို ကောင်းကော်းသိသွားတာပေါ့။ ချီးကျူးပါတယ်ဗျာ။

ဟုတ်ကဲ့ အစ်ကို မေးတာများနေလို့ ရေးဖြစ်သွားတယ်

သေချာဖတ်ပါမယ်. ဥဥစော🙄🙄🙄

ကျေးဇူးပါ ဒေါ်ချစ်ဆုံး

ဒီလိုလူမျိုးတွေလဲရှိပါဦးမှပေါ့ကွာ

ဟုတ်ပါတယ် ဆရာ