ကိုဘိုးတူးတစ်ယောက် သူ့သား ဖိုးထူးကို စိတ်တိုင်းမကျဘူးဖြစ်နေပါတယ် ... ပြောလို့မရ ဆိုလို့မရနဲ့ ... ဆင်ခြေဆင်လက်က အများသား ... တစ်ခါတစ်လေ စိတ်ပေါက်လာပြီး အကြမ်းပန်းကန်လုံးနဲ့ ကောက်ထုချင်စိတ်က ဖြစ်လာတယ် ... အရွယ်လေးက လက်တောက်လောက် ရှိသေးတယ် ... ချိုက ကြွချင်လာတယ် ... အဖေနဲ့ အမေကို ပြန်ခံပြောချင်လာတယ် ... အဖေက ကိုယ့်လို ဆိုက်ကားနင်းတဲ့သူ မဖြစ်စေချင်လို့ သူ့ကို သွန်သင်နေတာကို အကောင်းမထင်ဘူး ... နားပူနားဆာလုပ်တယ်ပဲ ထင်နေတယ် ... ဒီမိသားစုအတွက် အိမ်စရိတ်ကို ကာမိအောင် မနည်းရှာနေတာနဲ့ သူတို့ကို အချိန်မပေးနိုင်တာ အခွင့်ကောင်းယူလာတယ် ... ညဘက်ဆိုလည်း လဘက်ရည်ဆိုင်က ထိုင်တတ်လာပြီ ... ဘောလုံးပွဲရှိတဲ့ညဆိုရင် အိမ်ကို တစ်ချက် နှစ်ချက်မှ ပြန်ရောက်တယ် ... နေပလေ့စေဦး ... ဒီရက်ပိုင်း အလုပ်ပင်ပန်းပြီး ညဘက် ကုလားသေ ကုလားမော အိပ်ပျော်သွားမိတာ သူ့အတွက် ဂွင်ဖြစ်နေတယ် ... တစ်နေ့လောက်တော့ ဒီကောင့်ကို စောင့်ဖမ်းပြီး မှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမပစ်လိုက်ဦးမယ် ... ဘိုးတူးတဲ့ ... မင်းထက်လည်လို့ မင်းအဖေလုပ်နေတာကွ ... ဟင်း ဟင်း ဟင်း ...
ဒီရက်ပိုင်း အဖေနဲ့ အဆင်မပြေဘူးဖြစ်နေတယ် ... ထိုင်တော့လည်း ထိုင်နေလို့ ... သွားတော့လည်း သွားနေလို့ ... အိမ်မှာနေပြီး ဂိမ်းဆော့နေတော့လည်း ဆော့နေလို့ ... အပြင်ထွက်ပြန်တော့လည်း ထွက်လို့ ... အမျိုးမျိုး ပြသနာရှာနေသလိုပဲ ... လမ်းထဲက ကိုကြီးဖိုးကောင်းတို့နဲ့ ပေါင်းမိတာလည်း လိုက် ပိတ်ပင်နေတယ် ... ဆေးလိပ်သောက် အရက်သောက်ပြီး ပျက်စီးမယ်တဲ့ ... ကျုပ်ကိုယ် ကျုပ် ထိန်းနိုင်တာ အဖေက မယုံဘူးလား မသိဘူး ... တစ်ခါတလေ လူကို နှပ်ချေးတွဲလောင်း ကလေးလို့ ထင်နေသလား မသိဘူး ... နေရာတကာလိုက်ပိတ်ပင်ရအောင် ... ပြောနေရအောင် ကျုပ်က ကလေးမဟုတ်တော့ဘူး ... အိမ်မှာနေရတာ နားအရမ်းပူတာပဲ ... အဖေ အလုပ်သိမ်းပြီး ပြန်လာတဲ့ ညနေပိုင်းဆိုရင် အဖေနဲ့ မတွေ့ရအောင် ရှောင်နေတယ် ... ၀တုတ်တို့ လဘက်ရည်ဆိုင်မှာ သွားထိုင်နေဖြစ်တယ် ... ညဘက် အဖေအိပ်ချိန်မှပဲ ပြန်လာတော့တယ် ... အိမ်အလုပ်တွေ ခိုင်းတာကို ဘယ်လောက်ပင်ပန်းပါစေ ... လုပ်ပေးမယ် ... နားယူတာတော့ မခံနိုင်ဘူး ...
ကိုဘိုးတူးနဲ့ ဖိုးထူးရဲ့အခြေအနေကို အကဲခတ်မိသူကတော့ သူတို့အမေ ဒေါ်သန်းဝင်းပဲ ဖြစ်ပါတယ် ... လင်ဖြစ်သူက အိမ်ပြန်လာရင် အရင်ကလို ဖက်လှဲတကင်းနဲ့ အမောပြေ စနောက်ပြီး ကလေးတွေနဲ့ ရောနှောနေချင်တယ် ... ဒါပေမယ့် အခု ကြီးကောင်ပေါက်လာတဲ့ သားတော်မောင်က ခပ်ရှောင်ရှောင်နေတော့ စိတ်တိုင်းမကျဖြစ်ပြီး သူ ဖြစ်ချင်တာတွေကို အတင်းလုပ်ခိုင်းတယ် ... အလုပ်မသွားခင်နဲ့ အလုပ်ကအပြန် မအိပ်ခင် အချိန်လေးမှာပဲ ဒီမယား ဒီသားနဲ့အတူ နေချင်တာကို သိတာပေါ့ ... ဒါပေမယ့် ကလေးကို ချော့မပြောဘဲ အတင်းအကျပ်လုပ်ခိုင်းတော့ ဟိုက ပိုပြီး ၀န်ပိလာတယ် ... တစ်နေကုန်ကျောင်းဖြစ်နေလို့ အိမ်နားနီးတဲ့ နေ့တစ်ဝက်ကျောင်းကို ပြောင်းထားတယ် ... မနက်ပိုင်း တက်ရတာကြောင့် အဖေနဲ့ မနက်စာ မစားဖြစ်တာ အတော်ကြာပြီ ... နေ့ခင်းပိုင်းလည်း အိမ်ကို အစောကြီးပြန်ရောက်နေတော့ အိမ်မှာ တစ်ယောက်တည်း လွတ်လပ်နေတယ် ... အဖေရော အမေပါ အလုပ်ကိုယ်စီရှိတယ်ဆိုတော့ အိမ်မှာ သူ့ဘာသာတစ်ယောက်တည်း နေရတာကို သဘောကျနေပြီ ... ညနေ အဖေပြန်လာတော့လည်း အရင်ကလို ဟိုချွဲ ဒီနွဲ့ မလုပ်ဖြစ်တော့ဘူး ... သူ့ဘာသာနေတာကို သဘောမကျတဲ့ ကိုဘိုးထူးက အတင်းစကားပြောနေတော့ ကလေးက စိတ်ညစ်လာတယ် ... အဖေဆိုတာ မှားမှားမှန်မှန်ဆုံးမရမယ်ဆိုတဲ့ အသိတရားရှိထားတဲ့ ကိုဘိုးထူးက အစစအရာရာ လိုက်ပြောနေတော့ ကလေးက စိတ်ညစ်လာတယ် ... နောက်ပိုင်း အဖေကို ရှောင်တဲ့အထိပါ ဖြစ်လာတယ် ... အိမ်တွင်း မအေးချမ်းတော့ အပြင်မှာ စီးပွားရှာတာလည်း အဆင်မပြေတော့ဘူး ... အထည် လပေးရောင်းတာက အရင်လို မကိုက်တော့ဘူး ... ကိုယ့်အတွက်ကျန်အောင် မနည်းလုပ်နေရတယ် ...
ဘိုးတူး ခေါင်းပူအောင် စဉ်းစားတယ် ... မိန်းမကလည်း ကိုယ့်ကို အပြောအဆို နည်းနည်းလျှော့ဖို့ သတိပေးလာတယ် ... ဟိုတစ်နေ့က အောင်မောင်းဆိုင်မှာ ဖတ်လိုက်ရတဲ့ စာအုပ်ထဲက ပုံပြင်အတိုင်းပဲ ဖြစ်နေပြီ ... ဟိုးအရင်တုန်းက တွင်းတစ်ခုနားကို လူတွေ ရောက်လာတဲ့အခါ တွင်းထဲမှာ အရောင်တစ်ဖိတ်ဖိတ်တောက်နေတာ တွေ့တော့ ရတနာတွေဆိုပြီး ဆင်းဖို့လုပ်တယ် ... ရှေ့ဆုံးက ဆင်းတဲ့သူက အဲဒါက မြွေတွင်းဆိုတာ သတိပြုမိပြီး သတိပေးပေမယ့် နောက်လူတွေကတော့ ဝေစုမပေးချင်လို့ ပြောတာပါဆိုတဲ့စိတ်နဲ့ မယုံကြည်ဘဲ ထပ်ဆင်းတယ် ... ရှေ့လူက သူ့ဘ၀အတွေ့အကြုံရှိလို့ တားတာကို နောက်လူတွေက သူကျတော့ လုပ်ပြီး .... ငါတို့ကို မလုပ်ဖို့ တားတယ် သဘောထားတယ် ... ရတနာတွေလို့ ထင်တာက မြွေမျက်လုံးတွေ ဖြစ်နေတဲ့အခါမှ ရှေ့လူရဲ့ကျေးဇူးကို နားလည်ကြတယ် ... ဒါပေမယ့် ထူးအိမ်သင်ရဲ့ အခါလွန်မိုး သီချင်းကိုသာ ဟဲလို့ရတော့မယ် ... ငါ့သားကို အဲဒီလို မဖြစ်စေချင်ဘူး ... ငါဆုံးမတာ သူကောင်းဖို့ ဆိုပေမယ့် ငါ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ငါ့အတ္တလည်း ပါနေတယ် ... ဒီတော့ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို ငါ့ဘက်ကနေ အရမ်းတင်းတာတွေကို နည်းနည်းဖြေလျော့တော့မယ် ... မိန်းမကလည်း သတိပေးနေပြီ ... ငါ့သား ဘာဖြစ်နေသလဲဆိုတာလည်း သူချော့မေးထားလို့ သိထားပြီ ...
- နောက်ပိုင်းဆို သူ့ကို သူ့ဆန္ဒကို လေးစားတဲ့အကျင့်မွေးရတော့မယ် ...
- ကိုယ်လိုချင်တာကို နားဝင်အောင် ရှင်းပြပြီးမှ ခိုင်းတော့မယ် ...
- ကိုယ့်ဆန္ဒအတိုင်း လိုက်မလုပ်တော့ဘဲ မပြောဆိုခင် မလုပ်ခင် သေချာစဉ်းစားတဲ့အကျင့်ကို မွေးတော့မယ် ...
- တွင်းထဲက မြွေတွေဆီ မသွားဖြစ်အောင် တားဆီးတဲ့အခါ ကိုယ့်စကားပေါက်ရောက်အောင် ကြိုးစားတော့မယ် ...
- သူ့ကို ပြန်သွန်သင်နိုင်အောင် ကိုယ့်ကိုယ်ကို အမြဲ ဝေဖန်သုံးသပ်နေတော့မယ် ... ဒါမှသာ သူ့ဘက်ကလည်း ကိုယ့်အလိုကို တဖြည်းဖြည်းပါလာတော့မှာပါ ...
မျှော်လင့်ချက်တွေနဲ့ သားတော်မောင်ကို အချိန်ပေးဖို့ ဒီနေ့ အိမ်စောစောပြန်ပါဦးမယ် ...
@sawlwin
MSC 176
ကိုစောက ကလေးနဲ့လားဗျာ့ :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကလေးအဖေပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိသားစုက Firstပါ ကိုစောရေ ကြားဖူးတဲ့ စကားလေးလိုဘဲ သင်ဒီနေ့သေသွားရင် နောက်နေ့ သင့်နေရာမှာ လူသစ်ခန့်လိမ့်မယ် ပူဆွေးဝမ်းနည်းလို့ ငိုနေတဲ့ အလုပ်ရှင်ရယ်လို့ မရှိပါဘူးတဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခြေအနေပေါ် မူတည်ပြီး အရေးပါတာလည်း ကွာသွားသလားလို့ ... ဘာမှ ပုံသေမရှိပါဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဓိက လိုအပ်တာ နားလည်မှု့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘနဲ့သားသမီး အရမ်းတင်းနေရင် မိသားစုဆိုတဲ့ ချိုမြိန်ခြင်းကွယ်ပျောက်သွားတက်တယ် လူငယ်ဆိုတော့တင်းကြပ်နေရင်လုပ်မိလုပ်ရာလုပ်တက်တယ်တော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း အဲဒါလေးကို ကိုဘိုးတူးသိနေပါပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘနဲ့သားသမီးဆိုပေမယ့်လည်းအပြန်အလှန်နားလည်မှုလေးတွေနဲ့ ကိုဖြစ်စေချင်တဲ့အတိုင်းအတာအနေအထားတစ်ခုကို သွေးအေးအေးလေးနဲ့ လမ်းညွှန်ပြသပေးမှသာ ဒီဘက်ခေတ်သားသမီးတွေက ခံယူတတ်ကြတာကျွန်တော်ကိုယ်တိုင်ပါပဲလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟော်မုန်းပြောင်းနေပြီလေ အရင်လိုအရွယ် မဟုတ်တော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြီးတာလား အဆက်လာဦးမှာလားဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြီးရေးထားတာပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သားသမီးနဲ့မိဘကြားတော့ အခုလိုမျိုးတွေရှိတတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိထားရင် ဖြေရှင်းရမှာ ကိုယ့်တာဝန်ဆိုတာ ပေါ်အောင် ဖွဲ့ထားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သားအဖတွေ အဆင်ပြေပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြေလောက်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်နေရာ ဘယ်အဝန်းအဝိုင်းမှာ ဖြစ်ဖြစ် နားလည်မှုက
အရေးကြီးဆုံးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် အဲဒါ အဓိကပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုံးမတာကြမ်းရင် ၊ နားပူလွန်းရင်လည်း ဆုံးမလို့မရဘူး
လျှော့လွန်း အလိုလိုက်လွန်းရင်လည်း ပျက်စီးမယ့်ကိန်းပဲကိုစောရ။
ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ်လို့ ပြောတဲ့သူတော်တော်များများ ကိုယ်စိတ်ကိုမထိန်းနိုင်ပဲဖြစ်သွားတက်တာတွေလည်းတွေ့ဖူးတယ်။တစ်ကယ်ထိန်းသိမ်းနိုင်သူတစ်ဦးအဖြစ်ကတော့ ပြုစုပျိုးထောင်မှုရယ် သူ့ရဲ့ မွေးရာပါဗီဇပေါ်မှာလည်း မူတည်နေသေးပြန်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နေလည်း ပြရသလို ရေလည်း လောင်းရပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ကိုစောရေ မိသားစုကို အချိန်ပေးသင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစိုးမိုး အခု ပိုနားလည်နေပြီပေါ့လေ အမျိုးသမီးကို အခုအချိန် ဂရုစိုက်ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေ ကျင့်သုံးသင့်တဲ့အကြောင်းအရာလေးတွေကို မှတ်ထားရမယ်ကိုစောရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အနည်းအပါး သိသလောက်လေး ချရေးကြည့်တာပါ ကိုဘိုးတူးက ပညာ သိပ်မတတ်တဲ့ ဇာတ်ရုပ်လည်း မပျက်အောင်ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘနှင့်သားသမီးကြားမှာ
အတွေးအခေါ်နှင့်အတွေ့အကြုံကို
judgementဖြစ်အောင်ထားနိုင်ဖို့အရေးကြီး
ဆုံးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချိန်ခွင်လျှာ ညီနေရပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစောရေ ဇာတ်လမ်းက ပြီးသွားတာလား ?
အဆက်ရှိသေးလားဗျ ဟီးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဘိုးတူးက တစ်ခန်းရပ်ပဲ ကပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲတာကြောင့် ဆရာ Global Thinking အကြောင်းကိုရေးတာပေါ့၊ လက်ဦးဆရာ
မည်ထိုက်စွာ ပုပ္ပာစရိယ မိနှင့်ဖ ဆိုသလို ပထမဆရာဖြစ်တဲ့မိဘများရဲ့ သွန်သင်မှုက ကလေးအတွက် Communitation ကို ဖွံ့ဖြိုးစေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် မိဘက အရေးကြီးဆုံးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit