Steembasicincome အကြောင်း မျှဝေပေးခြင်း

in myanmar •  6 years ago  (edited)

မင်္ဂလာပါ မိတ်ဆွေတို့

ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးကြည့်တာ အပိုင်း ၂ပိုင်းတော့ ပြီးနေပါပြီ။ ဆက်လက်ရေးသားမယ့်နေရာမှာ mood ဆိုတာကြီး ၀င်မလာလို့ အပိုင်း-၃ ကို ဆက်မတင်သေးပါဘူး။ စာရေးသူရဲ့ ခံစားမှုကို စာဖတ်သူရင်ထဲ ရောက်ဖို့က စာရေးသူကိုယ်တိုင် အဲဒီခံစားချက်ရှိမှပါ။ မဟုတ်ရင် ကိုယ့်စာက အသက်မ၀င်တော့ပါဘူး။ အခု စာတွေ ဖတ်နေပါတယ်။ အတုယူစရာရှိတာတွေ ယူနေပါတယ်။ ဒါကြောင့် နည်းနည်း အဆက်ပြတ်နေရင် ခွင့်လွှတ်ပေးပါဗျာ။

ဒီကနေ့က pro နေ့ ဖြစ်ပါတယ်။ ပုံမှန်တင်နေတဲ့အစဉ်အလာကို မဖျက်ချင်တာကြောင့် ရောက်တတ်ရာရာ တွေးမိတွေးရာလေးကို pro ရတာနဲ့ ထိုက်တန်အောင် ရေးသားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရောက်တတ်ရာရာဆိုပေမယ့် စတီးမစ်မှာ ရေရှည်ကျင်လည်မယ့်သူတွေအတွက် အဖိုးတန်တဲ့ သတင်းစကားလေးပါးချင်တာပါ။ အဲဒါကတော့ @steembasicincome မှာ sponsor ပေးပြီး သူတို့ရဲ့ share တွေကို ၀ယ်ယူနိုင်တဲ့အကြောင်းပါ။ ဘယ်လို ၀ယ်ယူရမလဲဆိုတော့ အနည်းဆုံး 1 steem သတ်မှတ်ထားပါတယ်။ ကိုယ်က 1 steem နဲ့ memo မှာ ကိုယ် share ပေးချင်သူနာမည်ကို @ ခံပြီး လွှဲပေးမယ်ဆိုရင် ကိုယ်က 1 share ၊ ကိုယ် sponsor ပေးသူက 1 share ရပါမယ်။



SBD နဲ့ လွှဲလို့ မရပါဘူး။ လွှဲမယ်ဆိုရင်လည်း SBD တန်ဖိုးက steem ထက် များနေမှ လက်ခံပါမယ်။ အစွန်းထွက် တန်ဖိုးများနေတာကို ထည့်မတွက်ပါဘူး။ ဒါကြောင့် steem နဲ့ပဲ လွှဲပေးဖို့ အကြံပေးပါရစေ။

ဟုတ်ပြီ။ လွှဲပြီးရင် ဗုတ်က ဘယ်လိုလာမလဲ။ သူတို့က ရေအိုင်တစ်အိုင်ကနေ နောက်ထပ် ရေအိုင်တစ်အိုင်ကို စီးဆင်းတဲ့ နည်းလမ်းကို သုံးတာပါ။ steembasicincome, sbi1, sbi2, sbi3 စသဖြင့် အုပ်စုအဆင့်ဆင့်ထားပါတယ်။ တစ်အုပ်စုမှာ အယောက်၁၅၀ လက်ခံပါတယ်။ အဲဒီက လူတွေကို သူတို့ရဲ့ share တန်ဖိုးအလိုက် ထိုက်တန်တဲ့ ဗုတ်ပမာဏနဲ့ ဗုတ်ပေးပါတယ်။ ကိုယ်က @steembasicincome က တင်သမျှ post တွေကို ဗုတ်မယ်ဆိုရင် ကိုယ် ရရှိမယ့် ဗုတ်တန်ဖိုးကလည်း ပိုလာပါမယ်။ ကိုယ် post တင်တိုင်း ဗုတ်ရနေမှာ ဖြစ်ပြီး ရေရှည်အတွက် အဆင်ပြေတဲ့ အစီအစဉ်တစ်ခုပါ။

ကျွန်တော် 4 steem နဲ့ sponsor ရထားပါတယ်။ အခု တင်သမျှ post တွေမှာ 0.02STU ပမာဏနဲ့ sbi5 က လာဗုတ်တာကို ရရှိပါတယ်။ အကယ်၍ ဒီထက် ပိုပြီး စပွန်ဆာပေးမယ်ဆိုရင် ဒီထက်ပမာဏများဖို့ပဲ ရှိပါတယ်။ စိတ်ဝင်စားသူအနေနဲ့ ပါဝါအပ်တာကို မထိခိုက်စေဘဲ ကိုယ်သုံးမယ် စိတ်ကူးထားတဲ့ steem ကို ယခုကဲ့သို့ လုပ်ထားမယ်ဆိုရင် အကျိုးရှိပါမယ်။

ကိုယ်ပါဝင်တဲ့အုပ်စုအလိုက် ကိုယ့်နာမည်နဲ့ ကိုယ့် share ပမာဏကို စစ်ဆေးချင်ရင် အောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://docs.google.com/spreadsheets/d/e/2PACX-1vRhhnY8couo1lPKsOBLvwS1hfvVAlB6SrhAHWiM3qXOVep_AUenh97SyPAsMCBWH26HgCOrclNl31BZ/pubhtml#

အသေးစိတ် သိချင်တယ်ဆိုရင်တော့ အောက်ပါ post မှာ လေ့လာနိုင်ပါတယ်။

https://steemit.com/basicincome/@steembasicincome/steem-basic-income-a-complete-overview


Source


@sawlwin

MSC - 176

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုကြီးစောရေးတဲ့ဆောင်းပါးက လေ့လာသင်ယူစရာ
အလွန်ကောင်းလှပါသည် ကိုကြီးစော

အားပေးတာ ကျေးဇူးတင်ပါတယ်

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Okay, I have followed you.

ကျွန်တော့်ကို စပွန်စာပေးထားလို့ ကျေးဇူးပါ ကိုစောရေ။

အတူတူရတာပါဗျာ

လေ့လာခြင်းဖြင့်သားဆီမှာပြန်လည်သင်ယူပါမည်

ဟုတ်ကဲ့ ကျွန်တော် သိတာတွေ မျှဝေပေးပါ့မယ် အန်တီ

နားမလည်သလို နားလည်သလိုနဲ့သားရေ
လေ့လာသင်ယူရအုံးမှာပါ
ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ အားပေးတာ ကျေးဇူးတင်ပါတယ် အန်တီ

ပိန်းလွန်းအားကြီး​တော့ နားမလည်​​သေးဘူး😣

ဒီထက် အကျယ်ကို ထပ်ရေးပေးပါ့မယ်

အဲတာမျိုးလေးတွေရှာပြီးများများရေးပေးပါ။ကိုယ်လည်းအကျိုးရှိ ကိုယ့်အဖွဲ့တွေလည်းအကျိုးများ။

ဟုတ်ကဲ့ ကြိုးစားပေးပါ့မယ်

ဝိုး... လုပ်ကြည့်မယ်ဗျ ကိုစော

ဟုတ် ကိုသစ်အယ်

ဒါမျိုးလေးတွေ များများရေးပါဗျို့

ဟုတ် ကိုမြင့်

bookmark ပြီဗျို့

ဟုတ် ကိုတိုးတက်

တသက်တာ ပုံမှန်လာရင် ရှယ်ပဲပေါ့ဗျာ

ဟုတ်တယ် အခု 25 steem ပို့ထားတာ 0.13 လာတယ် ... post တိုင်း လာရင် မဆိုးဘူးပေါ့ဗျာ ... scam ဖြစ်စရာတော့ မရှိပါဘူး စိတ်ချရတယ်

လည်သလို မလည်သလိုပဲ 😁

နားမလည်တာရှိရင် ပြောလေ

အများအတွက်​ အကျိုးရှိ​စေတဲ့ postပါ

ဟုတ်ကဲ့

ကောင်းတယ်ဗျာ စတင်းပိုတာလေးတွေ လုပ်ထားအုန်းမယ်။

ဟုတ် စပွန်ဆာပေးရတာနော်

resteem လုပ်ထားပြီနော်

ဟုတ် ကိုသန့်

ကို​ထွေးနဲ့ပူ​ပေါင်းပြီးလုပ်​ပြီးပါပြီရှင့်​။

ဟုတ် ကောင်းပါတယ်

SMT စလာပြီဆိုတဲ့ သဘောများလား jerrry လဲ သူ အဲ့မျိုးလုပ်ထားတယ်ပြောတယ် ဒါပေမဲ့ နားမလည်ဘူး လာမေးပါဦးမယ် ။

ဟုတ် ကိုဒို

စမ်းကြည့်အုံးမယ် ဘဒိုရေ အကျိုးရှိတဲ့ ပို့စ်ပါဗျာ

လုပ်ကြည့်ပါဗျာ

ခုမှပဲ ရှင်းသွားတယ် ဘဒိုရေ
ဒီနေ့မှ reply လာတယ် ကျန်တော့်ဆီကို။

နေ့တိုင်းတင်နိုင်ရင် အကျိုးရှိတယ် ကိုစိုင်း

ဟုတ် နဲနဲ လင်းပါအုံး နားလည်သေးဘူး ကိုစော😊

ဟုတ် အခြေခံကတော့ ဒါပါပဲ သူ့ကို steem ပေးတယ် ကိုယ့်ကို ဗုတ်ပေးတယ်

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Mood ဆိုတာက လေ့ကျင့်မွေးမြူယူရပါတယ်ဗျာ၊ ဝတ္ထုဇာတ်လမ်းရေးမယ်ဆိုရင် Mood ကိုချကိခြင်း ဝင်စားနိုင်မှုမရှိရင် အနှောက်အှာက်က်းတဲ့နေရာမှာရေးတာအကောင်းဆုံးပါ။ ကျန်တဲ့လုပ်ငန်းတွေလက်စနဲ့ဆိုရင် အသက်ဝင်မှာမဟုတ်ပါ။

အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆရာ