ဗုဒ္ဓရုပ်ွားနဲ့တူ​သော

in myanmar •  6 years ago 

အကြားအမြင်ဆရာမတယောက်..ဟာ အလွန်မှန်ကန်တယ်ဆိုပြီးနာမည်ကြီးသတဲ့။ တနေ့တော့ အကြားအမြင်ဆရာမကြီးအိမ်သာတတ်နေတုန်းအပြင်ကနေ ဒေါက်ဒေါက်ဒေါက်ဆိုပြီး ခေါက်တော့...အကြားအမြင်ဆရာမက အပြင်ကဘယ်သူခေါက်တာလဲဟေ့....လို့ပြောသတဲ့။ အကြားအမြင်ဆရာမသာဆိုတယ်.အိမ်သာအပြင်ကခေါက်တာဘယ်သူလဲမသိဘူးလား...လို့အော်ပြောသတဲ့။ ဒါကိုဗေဒင်၊အကြားအမြင်တွေကိုမယုံတဲ့လူတော်တော်များများရဲ့ကြားဖူးနားဝဟာသလေးပါ။ တခုရှိတာက အကြားအမြင်ဆိုတိုင်းအမြဲတန်းမြင်တာကြားတာမဟုတ်ပါဘူး။ အလုံးစုံသိတဲ့မြတ်စွာဘုရားဟာအချိန်တိုင်းအကုန်လုံးကိုသိနေတာမဟုတ်ပါဘူး။ စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှသာ.ဘယ်သူကဘာ.ကျွတ်ထိုက်သောသတ္တဝါလား၊ဘယ်တရားဟောရင် ကျွတ်မယ်၊ဘယ်ချိန်ဟောရင်ကျွတ်မယ်၊ပါရမီရင့်သန်လာတဲ့အချိန်နေရာကိုသိတာပါ။
ဘုရားတောင်ဆင်ခြင်မှသိပါတယ်ဆိုမှ...နတ်တွေပြပေးလို့မြင်တာဖြစ်ဖြစ်ပုဂ္ဂိုလ်တွေပြပေးလို့မြင်တာဖြစ်ဖြစ်..အကြားအမြင်ဆရာဆရာမတွေကမမြင်ဘူးဆိုတာအံသြစရာမရှိဘူး။ အဘိဥာဉ်ရတဲ့သူတွေတောင် ဘဝပေါင်းများစွာမမြင်နိုင်ကြပါဘူး။ သာမာန်အကြားအမြင်ရတဲ့သူတွေတချိန်လုံးကြားနေမြင်နေရရင်လည်းရူးယူံဘဲ့ရှိမှာပါ။
တခုရှိတာက အကြားအမြင်အထက်လမ်းဆရာဆရာမတွေက လူတယောက်ကိုတွေ့ရင်စိတ်ကောင်းထားလို့ မဟုတ်တာမတွေ့ပါဘူး။ စုန်းတွေကဝေတွေကျတော့..မကောင်းတာအကုန်မြင်တယ်။ ပြီးတော့.အာ့လူကဘာဂိုဏ်းက.ဘယ်ချိန်ကံမြင့်နေတယ်ကံနိမ့်နေတယ်..ငါလှမ်းဆော်ရင်ရမလား..ဆိုတာကအစသိပါတယ်။ သို့သော်အလကားနေအလကားဆော်ကြတာမဟုတ်ပါဘူး။ နောက်မှအရှည်ရှင်းပြပါ့မယ်..

အဲ....လူတွေကတော့ခက်ပါတယ်..ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဟေ့ဆိုရင်..စေတလုံးပိုင်ရှင်ဘာမဆိုလုပ်နိုင်က်ုင်နိုင်တယ်ဆိုပြီးဖြစ်ကြတာပါဘဲ။ ပုဂ္ဂိုလ်တွေမှာတောင်မှ တန်ခိုးရှင်၊အာဏာရှင်၊သိဒ္ဓိရှင်၊မဟိဒ္ဓိရှင်ဆိုပြီးခွဲသေးတယ်။ အင်းဝိဇ္ဇာ၊ပြဒါးဝိဇ္ဇာ၊နေကသိုဏ်းရှူလို့ရဖြစ်တဲ့ဝိဇ္ဇာ ၊လကိုဈာန်ဝင်ပြီးကြည့်လို့ဖြစ်တဲ့ဝိဇ္ဇာ.အများကြီးဖြစ်ပါတယ်။ လူတိုင်းတော့မဖြစ်ပါဘူး။.ဘဝပါရမီပါတဲ့သူတွေသာဖြစ်ပါတယ်။.
အာ့လိုဝိဇ္ဇာတွေဇော်ဂျီတွေက ပေးချင်ရင်တောင် ကံထိုက်မှရတာပါ။ ဘာလုပ်ပေးညာလုပ်ပေးဆိုပြီးတောင်းပြီးရင်းတောင်းနေလို့မရဘူး။ ဥပမာ စာမကျက်ဘဲ့စာမေးပွဲအောင်ချင်လို့သာမာန်လူတွေအဖို့တော့မရပါဘူး။ စာမေးပွဲအောင်ချင်တဲ့သူတိုင်းစာကျက်ရပါတယ်။.စာကျက်တဲ့သူတိုင်းလည်းမအောင်ပါဘူး။ နေမကောင်းဖြစ်တာ၊အမေဖျားတာ၊ စိတ်လေတာ၊ ပြုစားခံရတာ၊ accidentဖြစ်တာအစရှိတာတွေဝင်လာတတ်ပါတယ်။ အမတော်မြနန်းနွယ်တို့ဘာတို့ဆီမှာလည်း.ပွဲပေးကြသလို ယက္ခနောင်တော်ညီတော်၊မယ်တော်အစရှိရာသက်ဆိုင်ရာနီးစပ်ရာကိုပွဲပေးကြပါတယ်။.ဒါကေမယ့်တထစ်ချအောင်မယ်လို့မမှတ်ရပါဘူး။ မစွမ်းဘူးမဟုတ်ပါဘူးစွမ်းပါတယ်။ ခနကပြောတဲ့ ပြင်ပအန္တရာယ်ကိုမရောက်ရှိလာအောင်ကာကွယ်ပေးပါတယ်။ သူတို့နဲ့နီးစပ်တဲ့သူတွေကိုဆိုရင်.. အပိုင်ရတဲ့ပုဒ်ပါတာ.၊ရွေးကျက်တဲ့ပုဒ်တိုးတာတွေပေးပါတယ်။ ဒါပေမယ့်ကိုက စာမကျက်ဘူးပွဲပေးရုံနဲ့အောင်မယ်ထင်တာကမိုက်မဲတာပါဘဲ့။ ကလေးမွေးပေးဖို့နာစ်မလိုပေမယ့်.ကိုယ်တိုင်ညှစ်ရတာကအဓိကကျတာပါ.(ဥပမာမို့ခွဲစိတ်တာမစဉ်းစားချင်ပါ)
နာစ်မမပါဘဲ့ဒီတိုင်းမွေးလို့ရလားဆိုတော့ရပါတယ်။ ဒါပေမယ့်တယောက်တည်းဖြစ်သလိုမွေးရမှာနဲ့ အားပေးဖော်ရှိပြီးမွေးရတာဘယ်ဟာကပိုအဆင်ပြေလဲသိကြမှာပါ။ ကျွန်တော်က၁၀တန်းတုန်းကဘာပွဲမှမပေးသလို စာလည်းမကျက်ခဲ့ပါဘူး၊တလအလိုမှစာစဖတ်ပီးပြီးတော့ ရွေးကျက်ခဲ့တာပါ(အမှန်ကမဖြေဘူးစဉ်းစားထားတာ.ကံတရားကိုလောင်းကစားလုပ်ခဲ့တာဆယ်တန်းတုန်းကပါ) ။ဟုတ်ကဲ့အောင်ပါတယ်၊ အမှတ်ကတော့မကောင်းပါဘူး။ တခုခုတော့ထူးတယ်လ်ို့အာ့တုန်းကမှတ်ခဲ့ပါတယ်။ ကျွန်တော့်လိုစာမကျက်ဘဲ့စာမေးပွဲအောင်တဲ့သူတွေလည်းရှိကြမှာပါ။

ဒါဆိုကျွန်တော်တို့ကဒါတွေကိုကိုးကွယ်ယုံကြည်ရာမှာလား။ မဟုတ်ပါဘူး...၊ဒါတွေကကိုးကွယ်ယုံကြည်အားထားစရာအစစ်မဟူတ်သေးပါဘူး။ ဒါတွေကမိတ်ဆွေလိုမ်ျူးသဘောထားရတပါ။ ဂါရဝေါစ နိဝါတောစ လို.ပါဘဲ။ အပေးအယူသဘောဆန်တာပေါ့ ကို့မိဘမှမဟုတ်တာ..အယူရှိရင်ပေးတော့ရှိရတာပါဘဲ။ မိတိဆွေလိုသဘောထားပြီးဒါမှမဟုတ် ရိုသေထိုက်သူအနေနဲ့သတ်မှတ်ပြီးရှိခိုးလို့ရပါတယ်၊ သရဏံတော့မပျက်ပါဘူး။ ပွဲကြိုက်ရင်ပွဲပေး ဆိုင်းကြိုက်ရင်ဆိုင်းပေး အရက်ကြိုက်ရင်အရက်ဆက်သ..(ရေနံထွက်ရာဒေသမှာ.ဒုတိယမြင်းဖြူရှင်ဟုနာမည်ကြီးတဲ့အင်္ဂလိပ်နတ်တပါးရှိတယ်၊ ဆက်သတဲ့သူတိုင်းကိုတော့ရေနံတွင်းမပြပေမယ့် ရေနံတွင်းအောင်တဲ့သူတိုင်းကတော့ဆက်သတဲ့သူချည်းပါဘဲ့၊..ပဋ္ဌာန်းဆက်ပါမှသူတို့ကပြပေးတာများပါတယ်) သူတို့အပိုင်စားရာနယ်ပယ်မှာ.သူတို့ကြ်ုက်တာပေးလုပ်ပါ။.ဘုရားတရားသံဃာကလွဲရင်ယုံကြည်ကိုးကွယ်အားထားရာမရှိပါဘူး။

ပြောချင်တာက အလွန်အကျွန်ဘာမှမဟုတိရင်အဆင်ပြေပါတယ်။..ဘယ်သူကဘယ်နေရာစွမ်းလဲဆိုတာသိသင့်ပါတယ်။ မေတ္တာသုတ်ရွတ်ရမယ့်နေရာကို သံဗုဒ္ဓေသွားရွတ်ရင်.ဝင်တီးခံရမှာပါ..။ သူ့နေရာနဲ့သူရှိတယ်ဆိုတာသတိထားစေလိုရင်း......ဆန္ဒမွန်ဖြင့်...

image
Saw Myat Tun

Msc088

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://us.norton.com/

esteem app သုံးပြီး post တင်ရင် တစ်နေ့ တစ်ခါ 0.3$ လောက် upvote ပေးနေပါတယ် နော် info လေးပါ။ အသေးစိတ် သိချင်ပါက @aggamun ကို follow လုပ်ပေးထားပါဗျ။ 👍

Posted using Partiko Android