တကယ်​ဘဲ့တရားမှတမှုကို​လောကီနယ်​မှာရှာနိုင်​သလား

in myanmar •  6 years ago  (edited)

ဆက်​စပ်​မိသမျှအ​တွေးအ​ခေါ်များ။

ကျွန်​​တော်​ဒီတိုင်း​နေ​နေရင်းငယ်​ငယ်​ကဖတ်​ဖူးတဲ့စာတခု​တွေးမိတယ်​..တရားမျှတမှုဥာဏ်​စမ်းပုံပြင်​တခုပါဘဲ့၊စ​ပြောမယ်​​နော်

အရင်​တုန်းက တိုင်းပြည်​တပြည်​မှာမင်းသမီးတပါးရှိတယ်​။အာ့မင်းသမီးတပါးကို အ​ရှေ့တိုင်းပြည်​က မင်းသား နဲ့ အ​နောက်​တိုင်းပြည်​ကမင်းသားကပြိုင်​ကြိုက်​ကျတယ်​။ မင်းသမီး​နေတာက​တော့အလယ်​​ပေါ့။ အ​ရှေ့တိုင်းပြည်​နဲ့အ​နောက်​တိုင်းပြည်​​ရောဟာ အလယ်​တိုင်းပြည်​ မင်းသမီးရှိရာနဲ့ မိုင်​စီကွာ​ဝေးတယ်​။၂ အာ့မင်းသားနစ်​ပါးဟာထူးထူးဆန်းဆန်းရုပ်​ချင်းဆင်​တယ်​၊ အသက်​အရွယ်​လည်းတူတယ်​၊ အချိန်​မှန်​လခစားတာလဲတူတယ်​။ လက်​ရုံးရည်​​ရောနလုံးရည်​​ရောတူတယ်​။သူတို့လာရင်​မြင်းကိုယ်​စီနဲ့ကို့တိုင်းပြည်​ကအသီးသီးလာကြတယ်​။ ည​နေ​ဇောင်းရင်​ သူတို့တိုင်းပြည်​ကိုအသီးသီးပြန်​​ရောဘဲ့။
အဲ​တော့အလယ်​တိုငိးပြည်​ကမင်းကြီးကသူ့သမီး​တော်​နဲ့ဘယ်​သူ့က်ု​ပေးစားရမှန်းမသိဘဲ့ဖြစ်​​နေတယ်​။ ကံ​ကောင်းတာကအာ့အလယ်​တိုင်းပြည်​မှာပညာရှိအမတ်​ရှိတယ်​။အာ့ပညာရှိအမတ်​က အ​နောက်​တိုင်းပြည်​ရဲ့မင်းသားနဲ့သ​ဘောတူတယ်​လို့ဆူံးဖြတ်​လိုက်​တယ်​။ဘာ​ကြောင့်​ဒီလိုဆုံးဖြတိရတာလဲ။သ​ဘောမတူရင်​ဘာ​ကြောင့်​သ​ဘောမတူ​ကြောင်းရှင်းပြပါတဲ့။

အ​ဖြေကရှိတယိ။ အာ့ပညာရှိ​အမတ်​က​ပြောတယ်​။ ​နေမင်းဟာအ​ရှေ့ဘက်​ကထွက်​လို့အ​ရှေ့တိုင်းပြည်​ဟာအ​နောက်​ဘက်​ကျတဲ့အလယ်​တိုင်းပြည်​ကိုလာတဲ့အတွက်​မျက်​နာကို​နေမထိုးပါဘူး၊​အေးချမ်းတယ်​။အ​နောက်​တိုင်းပြည်​ကမင်းသားဟာ အ​ရှေ့ဘက်​ကျတဲ့ အလယ်​တိုငိးပြည်​ကိုလာတဲ့အခါမျက်​နာကို​နေထိုးလို့ပင်​ပန်းဆင်းရဲတယ်​။ အဲ သူတို့တိုင်းပြည်​ကိုအသီးသီးပြန်​တဲ့အခါ အ​ရှေ့ဘက်​ကမင်းသားဟာအ​နောက်​ဘက်​ကျတဲ့သူတို့နိုင်​ငံကိုပြန်​ရတဲ့အတွက်​​နေလူံးဟာအ​ရှေ့မင်းသားရဲ့​ကျောဘက်​ကျ​ရောက်​​နေလို့​အေးချမ်းတယ်​။ အ​နောက်​မင်းသားက​တော့ဆန့်​ကျင်​ဘက်​​ပေါ့၊ အလာ​ရောအပြန်​ပါအ​ရှေ့တိုင်းမင်းသားထက်​ပိုပြီး ပင်​ပန်းဆင်းရဲလို့အ​နောက်​ဘက်​မင်းသားကို​ရွေးချယ်​ပါတယ်​တဲ့။ ချွင်းချက်​အ​နေနဲ့မင်းသမီးလည်းသူတို့နစ်​​ယောက်​ထဲကဘယ်​သူ့က်ု​ရွေးရမှန်းမသိပါ။

ပုံပြင်​ရဲ့အဆုံးသတ်​ကဒီ​လောက်​ပါဘဲ့။.ဒါ​ပေမယ့်​ဆက်​​တွေးမိတယ်​။ တကယ်​လို့ ​တောင်​နဲ့​မြောက်​ဖြစ်​​နေရင်​​ရော.ဘယ်​လိုဆုံးဖြတ်​မှာလဲ။ အ​ရှေ့တိုင်းမင်းသားကိုမင်းသမီးကကြိုက်​​နေချစ်​​နေရင်​​ရော...သူ့ဆန္ဒကိုအ​လေး​ပေးသင့်​လား။ အ​နောက်​တိုင်းမင်းသားက ​စေ့စပ်​ထားသူရှိ​နေရင်​​ရော။ အာ့မင်းသားနစ်​ပါးက မင်းသမီးကိုအ​ကြောင်းပြပြီး သူတို့အချင်းချင်းကြိုက်​​နေရင်​​ရော။ ဒါမှမဟုတ်​ပြည်​သူပြည်​သား​တွေကအ​နောက်​တိုင်းမင်းသားအ​ပေါ်မျက်​မုန်းကျိုး​နေရင်​​ရော။အ​ရှေ့တိုင်းမင်းသားကိုချစ်​ခင်​နှစ်​သကိ​နေရင်​​ရော...စသည်​ဖြင့်​အ​တွေး​တွေအများကြီးဝင်​လာတယ်​။ ​နေမရှိဘဲ့​နေရာဆိုရင်​​ရော..။ ​ယောက်ျားနစ်​​ယောက်​ယူလို့ရတဲ့​နေရာဆ်ုရင်​​တော့ပြသာနာမရှိ။

တွေး​တောရင်းနဲ့လက်​​တွေ့​လောကမှာ​ရော.တကယ်​ဘဲ့တရားမျှတမှုကိုဆုံးဖြတ်​နိုင်​လား။ပုံပြင်​ထဲက​လောက်​တရားမျှတမှုဆိုတာကလွယ်​တာလား။ အ​နောက်​တိုင်းမင်းသားကိုအ​ရှေ့တိုင်းမင်းသားက ​နေက သူ့ဟာသူရှိ​နေတာ သူအနစ်​နာမခံချင်​လို့မဟုတ်​ဘူးလို့​စောဒကတတ်​လာရင်​​ရော။တကယ်​လို့သူသာအ​နောက်​တိုင်းပြည်​ကမင်းသားဆိုရင်​သူရမှာ​ပေါ့လို့​စောဒကတတ်​ရင်​​ရော။
အပြင်​လက်​​တွေ့မှာကိုယ်​ထင်​တာမြင်​တာ​တွေကတရားမျှတမှုဆိုတာဒီ​လောက်​လွယ်​ကူပါသလား။ သင်​ကဘုရင်​ကြီးဆိုရင်​ဘယ်​လို​ရွေးချယ်​မှာလဲ။ သင်​သာအမတ်​ဆိုရင်​..သင်​သာအ​ရှေ့တိုင်းပြည်​ကမင်းသားဆိုရင၊်​​သင်​သာမင်းသမီးဆိုရင်​ သင်​သာအ​နောက်​တိုင်းပြည်​ကမင်းသားဆိုရင်​....ဘယ်​လို​ရွေးချယ်​မှာလဲ။

ကျွန်​​တော်​ကဘုရင်​ကြီး​နေရာစဉ်းစားရင်​..
....
ကျွန်​​တော်​သာမင်းသမီးဆိုရင်​ ....
အ​ရှေ့တ်ုင်းပြည်​ကမင်းသားဆိုရင်​ ....
အ​နောက်​တိုင်းပြည်​ကမင်းသားဆိုရင်​ ....

ဒါကတ​ယောက်​ထဲက​နေရာက​နေ​တွေး​တောတာ​နော်​ လူအများကြီးက​တွေး​တောကြည့်​..တ​ယောက်​နဲ့တ​ယောက်​အ​ဖြေချင်း၊တရားမျှတမှုချင်းမတူဘူး။ ကိုယ်​တရားမျှတတယ်​ထင်​တဲ့ဘက်​ကသာရပ်​တည်​လိမ့်​မယ်​။
ထပ်​​တွေးကြည့်​ အ​နောက်​တိုင်းပြည်​ကမင်းသားက တကယ်​ဘဲ့အနစ်​နာခံသူဆိုတာဖြစ်​နိုက်​လား။အမတ်​ကြီး​ငွေ​ပေးဥစ္စာ​ပေး ရာထူးပေးပြီး. ​ပြောခိုင်းတာ​ရော...မဖြစ်​နိုင်​ဘူးလား။

ပြောချင်​တာက တရားမျှတမှုအစစ်​ကို​လောကီ​ရေးရာမှာရှာ​ဖွေနိုင်​ပါသလား...။

Msc088 @sawmyat
Write sawmyattun
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပြောချင်တာက အဲ့တာက ပုံပြင်ပါ။ ပုံပြင်မှာ ယုတ္တိကျတာတွေမရှိလို့ ပုံပြင်ကပေးချင်တဲ် မက်ဆေ့ခ်ျ ပဲယူရင်ပိုကောင်းမှာပါ။

ပုံပြင်​ကmsကအရမ်းရိုးရှင်းလွန်းတယ်

ဘယ်‌လိုမန့်‌ရမယ်‌‌တောင်‌ သိ‌တော့ပါဘူးဗျာ။

အာ့ကိုဘဲ့ထိုင်​​တွေ​နေတာ...​​​နောက်​ဆုံးအ​ဖြေကတရားမျှတမှုကို​လောကီနယ်​ထဲမှာရှာ​ဖွေဖို့ခက်​ရင်းတယ်

ပုံပြင်ပြောခဲ့သူက တခြားပေးချင်တဲ့ messageရှိပါလိမ့်မယ် သူပေးချင်တာကို ဖော်နိုင်ရင် မှတ်သားစရာ တစ်ခုခုရမှာပါ

သူ​ပေးချင်​တဲံ့msအစစ်​က​တော့ ကံတရားနဲ့ဖြတ်​ထိုးဥာဏ်​ကို​ပြောချင်​တာပါ။