Waes of the Three World
အပိုင်း(၅)
လက္ခာပညာထဲက..မန္တန်ရှာဖွေခြင်း။
သို့မဟုတ်ဂြိုလ်၇လုံးအကြောင်း
ကိုဇော်ရယ်၊ကိုလင်းထက်ရယ်၊မဖြူရယ်....
်သုံးယောက်သား ကြုံတွေ့ခဲ့ရတာတွေကိုဆွေးနွေးနေကြသည်။ "အေးဟယ်...ငါတော့ နင်(လင်းထက်)ကို သေပီမှတ်နေတာ..နင်ကငါ့အနေနဲ့အနာဂတ်.ကိုရောက်နေတာကိုး"ဟု မဖြူကရီရင်းပြောသည်။ ကိုလင်းထက် "နေပါဟာ.နင့်ဟာနင်ပေါက်ကရနေရရောက်ပြီးတော့.."ဟုဆိုလိုသသည်။ ကိုဇော်ကမူ ဘာမှနားမလည်သဖြင့် ပါးစပ်အဟောင်းသားနဲ့ပင်ငေးနေသည်။ ကိုလင်းထက်ကို မဖြူက"ဟိုတယောက်က ဘယ်ပျောက်နေလဲဟ...God of eye ကလည်းမသိဘူးဘဲ့ပြောတာဘဲ့" ဟုအလိုမကျဟန်ဖြင့်ပြောသောအခါ ကိုလင်းထက်က "သူက..နင့်လိုတနေရာရောက်ရင်ရောက်မရောက်ရင်...တခုခုဖြစ်နေတာနေမယ်"ဟူ အဝေးကိုလှမ်းကြည့်ရင်းပြောသည်။ သူတို့နစ်ယောက်စကားပြောနေခိုက်..ကိုဇော်င ထပြီးနောက်..စာအုပ်အချိ့ကိုလှန်လှောနေသည်။
ကိုလင်းထက်က "ကိုဇော်ဘာတွေလှန်နေတာလဲဟ."ဟုမေးသောအခါ ကိုဇော်က နောက်လှည့်မကြည့်ဘဲ့စာအူပ်လှန်လှောရင်း"ငါကအခု မန္တန်အချို့ကိုရှာဖွေနေတာပါ "ဟုခပ်အေးအေးပြောလေသည်။ မဖြူက ကိုဇော့်နောက်ကျောကိုကြည့်ပြီး "ကိုဇော်က ဘာရှာနေတာလဲ"ဟု မေးလိုက်လျှင် ကိုဇော်က နောက်လှည့်ကြည့်ပြီး" ငါတို့အတိတ်ကိုသွားတုန်းက အနော်ရထာရဲ့အရိဒမ္မာလှံတံရယ်.၊ကျားလူနဲ့ရင်ဆိုင်ရတုန်းက ရခဲ့တဲ့မန္တန်တွေရခဲ့တယ်။ ဒီဟာတွေက တခုနဲ့တခုအဆက်အသွယ်ရှိပုံရတယ်..။ငါ့ကိုယ်ထဲသွင်းလိုက်တုန်းက အိပ်မက်မက်တယ်"ဟုပြောရင် စားပွဲခုံရှေ့တွင်လက်နစ်ချောင်းချလိုက်သည်။ ကိုလင်းထက်နှင့် မဖြူက အံ့သြဟန်ဖြင့် ..ပြိုင်တူ"ဟမ်..အိပ်မက်မက်တယ်.."ဟုအံသြသံထွက်လာလေသည်။
ကိုဇော်က.စဉ်းစားဟန်ဖြင့်"ဟူတ်တယ်.ငါအိပ်မက်မက်တယ်..အိပ်မက်ထဲမှာ မန္တန်တခုနဲ့အရမ်းနီးကပ်နေတယ်.ရှေ့ဖြစ်ဟောကျမ်းနဲ့ပတ်သက်နေတယ်။ မှော်ဆရာလို့ယူဆရတဲ့ပုဂ္ဂိုလ်တယောက်က.ငါ့ကိုဒီလိုရှင်းပြခဲ့တယ်"
ကိုဇော်တယောက်..ဖြူဖွေးလင်းတန်းနေသောပတ်ဝန်းကျင်တနေရာကိုရောက်နေသည်။ ငါဘယ်နေရာကိုရောက်နေပါလိမ့်ဟု စဉ်းစားနေမိသည်။ မှော်ဆရာပုံစံဝတ်ထားသောလူတယောက်သူ့အနားကိုရောက်လာသည်။ ကိုဇော်ကသူ့ကြည့်ရင်း "ဒါကဘယ်နေရာလဲ ခင်ဗျားကဘယ်သူလဲ"ဟူမေးလိုက်သည်။.ထိုလူမှ.."ငါကမှော်ဆရာတယောက်ဘဲ့.ဒီနေရာက စိတ်နယ်လွန်ဘုံလို့ခေါ်တယ်..ငါအခုလာတာက သင့်ကိုပြောစရာရှိလို့ဘဲ...ငါပြောတာကိုနားထောင်ပါ"ဟု ဆိုလိုက်လျှင်.ကိုဇော်ကလည်းအမျိုးအမည်မသိသောလှိုင်းစွမ်းအားတခုကို ခံစားမိရင်း.အလိုလိုနားထောင်ချင်စိန်ဖြစ်လာသည်။
ထိုလူက "ငါက လျှို့ဝှက်အဖွဲ့အစည်းကဖြစ်တယ်။ အတိတ်တူန်းက ငရဲတံခါးပွင့်တဲ့အချိန် ငါဟာ အဲဒီနေရာမှာရှိခဲ့တယ်။ ငရဲတံခါးပိတ်ပြီးနောက်ပိုင်းမှာမန္တန်တွေနဲ့ပစ္စည်းတွေဟာ တစဆီကွဲထွက်ပြိုကွဲသွားတယ်..။ ငါကသင့်ကို အဲဒီပစ္စည်းတွေစုပြီးကာကွယ်ပေးနိုင်တယ်လို့ယူဆတယ်. သင့်အနီးမှာရှိတဲ့ မန္တန်တခုရှိတယ်၊ ဒါဟာရှေ့ဖြစ်ဟောကျမ်းဖြစ်တဲ့ လက္ခဏာပညာရပ်မှာပါတယ်၊ လက္ခဏယပညာရပ်ကအလွန်ကျယ်ပြောလွန်းလို့ သာမန်နည်းနဲ့ရှာရင်
ဒီမန္တန်ကိုလိုက်ရှာဖို့နစ်တသောင်းကြာရင်တောင်မဖြစ်နိုင်ဘူး။ ရှာဖို့က န့လုံးသားနဲ့ရှာပါ" ဟုဆိုလိုက်သည်။ ကိုဇော်လည်းလန့်နိုးလာသည်။
ကိုလင်းထက်နဲ့မဖြူတို့က ငြိမ်သက်စွာနားထောင်နေရင်း...ကိုလင်းထက်က "နင်တွေ့ခဲ့တာက ငရဲတံခါးကိုပိတ်ခဲ့တဲ့မှော်ပညာရှင်နေမယ်..အာ့မှော်ပညာရှင်က လျှို့ဝှက်အဖွဲ့အစည်းတခုမှာဝင်ခဲ့တယ်လို့ဆိုတာဘဲ..အခုထိအာ့လျှို့ဝှက်အဖွဲ့အစည်းရှိသေးတယ်ထင်တယ်"ဟု စဉ်းစဉ်းစားစားပြောလိုက်သည်။ ကိုဇော်က ကိုလင်းထက်ကိုကြည့်ပြီး "လက္ခာပညာကိုရှာဖွေရမှာပေါ့ သဘောတူလား"ဟုမေးလိုက်သည်။ ကိုလင်းထက်က "ငါသဘောတူပါတယ်.."ဟူဆိုလိုက်သည်။
ကိုလင်းထက်က.."ငါတွေ့ပြီထင်တယ်..သောကြာဂြိုလ်ကဖြစ်နိုင်ချေများတယ်" ဟုဆိုလျှင် ကိုဇော်နဲ့မဖြူက ရှင်းပြပါဦးဆိုသည့်သဘောဖြင့်ကြည့်လိုက်သည်။ ကိုလင်းထက်က "ဒီလိုလေ...သောကြာဂြိုလ်ကပထမဆုံးပေါ်တာမဟူတ်ပေမယ့်..လူသားတွေအတွက်အရေးပါတယ်..။လူသားမျိုးဆက်ပြန့်ပွားဖို့ဒီဂြိုလ်ကအရေးပါတယ်။ သောကြာဂြိုလ်အားမကောင်းရင်..သန္ဓေရဖို့မလွယ်ဘူး.ကာမစိတ်ကုန်ခမ်းတယ်.ဒါကြောင့် သောကြာဂြ်ုလ်ဟာ လူသားမျိုးဆက်အတွက်အရေးပါတယ်။ သောကြာဂြိုလ်စဖြစ်တာက အတိတ်တူန်းကလူတွေက တန်ခိုးတွေနဲ့တည်တံ့ကြတယ်။မြေကြီးတွေကိုစားတဲ့အခါ.အဟာရဓာတ်ကြောင့် ယောက်ျားမိန်းမပူံသက္ဏာန်ထင်ရှားလာတယ်။ ဒါနဲ့တယောက်ကိုတယောက်အလိုဆန္ဒဖြစ်လာတဲ့အခါ..သောကြာဂြိုလ်ရဲ့အလင်းတန်းဟာကမ္ဘာဆီကိုကျရောက်လာတယ်။ ကမ္ဘာဦးလူသားတွေက အင်မတန်နည်းပေမယ့် နေရာတကာကိုကြိုက်သလိုသွားနိုင်တော့ကမ္ဘာကသူတို့အတွက်ကျဉ်းကျဉ်းလေးပေါ့။ သောကြာဂြိုလ်ရဲ့အလင်းတန်းတွေကြောင့် အလိုဆန္ဒတွေဟာပိုမိုပြင်းထန်လာတယ်။ အထူးသဖြင့်စပ်စုပြီးသောကြာဂြိုလ်အလင်းတန်းကိုကြည့်မိတဲ့သူ၊ အလင်းတန်းနဲ့ထိမိတဲ့သူတွေပေါ့။ ဒါပေမယ့်မကြည့် မထိမိတဲ့သူတွေက တောင်ကုန်းတွေဖန်တီးပြီး ဂူထဲမှာနေကြတယ်တဲ့။ အာ့လိုအလင်းတန်းတွေဘာညာထိကြတော့ ကိုယ်ရောင်ကိုယ်ဝါတွေမှိမ်းမိန်သွားရောဘဲ့။ ဒါနဲ့ကမ္ဘာကြီးတခုလူံးအမှောင်ကျသွားတယ်။.ဒီလိုအမှောင်ကျသွားတဲ့အချိန်မှာ သူတို့ဟာဆန့်ကျင်ဘက် အချင်းချင်းဖက်ရာက အထိအတွေ့ကိုခံစားမိပြီး..မှောင်ကလည်းမှောင်တော့..ဘာညာသရကာနေကြာကွာစေ့ဖြစ်ကြကုန်ရော။ ဒီလိုနဲ့..တချိန်ကျတော့..မောပန်းလာကြတယ်။ ဒီလိုဖြစ်တာနဲ့တပြိုင်နက်..အမှောင်ကိုကြောက်စိတ်ဝင်သွားကြရော။ သူတို့ကအလင်းရောင်ဖြစ်လာပါစေလို့ဆုတောင်းတဲ့အခါ.နေဟာဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတာထက်ရှိပီးသားလို့ဆိုရမယ်။ ဘာကြောင့်ဆိုတော့စကြဝဋ္ဌာဟာသုံးခုတိတိကွဲထွက်သွားလို့ဘဲ့။ ပထမကမ္ဘာမှာခုနကသောကြာဂြိုလ်အလင်းရောင်ထိမိတဲ့သူ နေကြာကွာစေ့သကာသရဏာဖြစ်တဲ့သူတွေနေတဲ့တကမ္ဘာ၊ နောက်တကမ္ဘာက လုံးဝမထိမိဗြဟ္မာရုပ်တွေအတိုင်းဖြစ်နေတဲ့ကမ္ဘာ.အာ့ကမ္ဘာတော့ငါတို့မသိကြဘူး။ နောက်ကမ္ဘာကတော့ ထိမိတာအချိန်နည်းတဲ့သူတွေရယ့.နေကြာသရကာစိတ်မဝင်တဲ့သူတွေရယ်သာ.နေကြတယ်။အာ့ကမ္ဘာက ငါလာခဲ့တဲ့ကမ္ဘာ.ဒါပေမယ့်နစ်ကာလကြာရှည်တဲ့အခါ ငါတို့ကမ္ဘာလည်းမထူးခြားနယးဖြစ်တာပါဘဲ့။ ကမ္ဘာနစ်ခူကလူတွေက တတိယကမ္ဘာဆီကိုသွားလို့ရတယ်လို့.ငါတို့ကမ္ဘာမှာရေးထားတယ်။ အာ့ကမ္ဘာသုံးလုအလယ်မှာတော့ hellရှိတယ် ဒီhellကကမ္ဘာသူံးခုနဲ့ဆက်စပ်ထားတယ်။ ဒါကသိဖို့ဘဲ့။ ခနကသောကြာဂြိုလ်ရဲ့အစွမ်းသတ္တိတွေကြောင့် တယောက်နဲ့တယောက်ကြင်နာတာတွေယုယတာတွေဖြစ်လာကြတယ်။ နေဆိုတဲ့အရာထွက်လာတော့ အခုခေတ်စကားအရတနင်္ဂနွေလို့ ၁လို့သတ်မှတ်လိုက်ကြတယ်၊ သူတို့မသိတာကသောကြာဂြိုလ်အစွမ်းသတ္တိကိုပေါ့..။ နေထွက်တုန်းက နစ်ယောက်တတွဲစီပေါ့လေ..ဂူတွေဘာတွေထဲနေကြတယ်။ ပဒေသာပင်ပေါက်လာတော့ အရှက်ကိုကာကွယ်နိုင်တာပေါ့၊
ဒီလိုနဲ့ ၂၄နာရီမဟုတ်ဘဲ့ ၁လနီးပါးကြာတယ်
နေဝင်သွားတော့ ညရောက်လာတော့
မှောင်လာပြန်ရော..ဒါနဲ့ကြောက်ကြပြန်ရော..ဘာလို့ဆိုအမှောင်ကိုတခါမှသူတို့မမြင်ဖူးဘူး..။ ထပ်ပြီးဆူတောင်းကြပြန်ရော.ဒါနဲ့ လဟာဖြစ်ပေါ်လာတယ်။ လူသားတွေက
အေးချမ်းမှုကိုပေးတယ်..ညဘက်မှာနေကြာသရဏာပေးတယ်ဆိုပြီးယူကြလို့ တနလာင်္ ၂ လို့အမည်ပေးကြတယ်။" ကိုလင်းထက်က ရေတခွက်သောက်လိုက်သည်။ ထိုနောက် ကိုလင်းထက်က ဆက်ပြောသည်။
"အင်္ဂါဂြိုလ်ဖြစ်လာတာတော့ သူတို့ဟာအချင်းချင်းအဝေမတည့်တော့ဘူး..ဟိုဆေိာကိုငါပိုင်တယ်၊ ဟိုဘဲကိုငါပိုင်တယ်ဆိုပြီး..ဟိုပဒေသာပင်ကိုငါပိုင်တယ်ဆိုပြီး ဆော်ကြနှက်ကြရောဘဲ့...။အားကောင်းမောင်းသန်အချင်းချင်းမို့အဖြေရှာမတွေ့ကြဘူးပေါ့ဗျာ။ ဒီလိုနဲ့.နစ်ကြာလာတော့ ပူတူးတူးလေးတွေဖြစ်လာတယ်။ ဒါကဖြစ်လာတာက ဗုဒ္ဓဟူး.လို့သတ်မှတ်ပြီး မွေးလာတဲ့သူတွေကို သားသမီးလို့ သတ်မှတိပြန်ရောဘဲ့..။ သားသမီးတွေဖြစ်လာတာနဲ့တပြိုင်ထဲ. သူတို့ကိုငါတို့သင်ပေးရမယ်..ဆိုတာနဲ့တပြိုင်နက် ကြသပတေး.ပညာရေးကိုကိုယ်စားပြုတာဖြစ်ပေါ်လာတယ်။ သားသမီးတွေလည်းအရွယ်ရောက်ကြတော့ အင်္ဂါဂြ်ုလ်ရဲ့နှုတ်ဆော်မှုအရ..တိုက်ကြခိုက်ကြပြနိရော..။ ဟိုဘက်မိသားစုနဲ့ဒီဘက်မိသားစုပေါ့လေ။။ ဒီလိုနဲ့လက်နက်ဘေးဆိုတာဖြစ်လာတယ်။.နောက်ဆူံး.သဘာဝတရားကြီးက စေနေဆိုတဲ့အရာကြီးမွေးဖွားလာတော့တယ်။ ဒီဂြိုလိကတော့ အင်္ဂါဂြိုလ်ကိုအားပေးအားမြှောက်ပြုသလို..အဖျက်စွမ်းအားတွေကိုအထောက်အကူပြုတယ်။ ပေါင်းတတ်ရင်ကောင်းတယ်၊မပေါင်းတတ်ရင်အန္တာရယ်အရမ်းရှိတဲ့ဂြ်ုလ်ပေါ့။ စေနေဂြိုလ်က အမှန်တရားကိုအဓိကအားပေးတယ်။ မဟုတ်တာလုပ်ရင် ခံရမယ့်ဂြိုလ်၊ စေနေဂြိုလ်ကောင်းရင်တော့..အဆင်ပြေပါတယ်။..ဂြိုလ်လုံး၆ ပြီးပြည့်စုံစွာဖြစ်လာတဲ့အခါ..သောကြာဂြိုလ်ရဲ့အစွမ်းက်ူလူတွေသတိရလာရော..။ စေနေဂြိုလ်က အမှန်တရားကိုမြတ်နိုးတယ်။ အမှားအယွင်းမခံတော့ လူတိုင်းလိုလိုကြောက်ရွံကြတယ်။ ဒါနဲ့ သောကြာဂြိလ်ကို စေနေရဲ့ထိပ်မှာထားလိုက်တယ်။ ဒီဂြိုလ်တွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေလည်း ရှေးမနောင်းထွက်ပေါ်လာတယ်။ တခါတလေ သူတို့က သူတို့အလှည့်ရောက်ရင်.ကမ္ဘာဆီကိုလာကြတယ်။ သူတို့ဟာဘယ်လိုဖြစ်လာတယ်။ဘာကြောင့်ဖြစ်လာတယ်ဆိုတာတော့.မရှိဘူး "ဟုရှင်းပြလေသည်။
ကိုဇော်က "ဒီတော့ တနင်္ဂနွေဂြိုလ်က အဓိကမဟူတ်ဘဲ့သောကြာဂြိုလ်ကနေအစပြုပြီးကျန်တာဖြစ်လာတာလား"ဟူမေးလိုက်သည်။. ကိုလင်းထက်က. "ငါတို့ ဒီဂြိုလ်တွေရဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဖို့လိုလား"ဟူကိုဇော်မေးသောအခါ ကိုဇော်က. ငြိမ်ပြီးစဉ်းစားနေခိုက် မဖြူက "ကိုဇော်ရဲ့အိပ်မက်ထဲမှာ..နလုံးသားနဲ့အသုံးပြူကာဆိုတာပါသလားဘဲ့"ဟူဆိုလိုက်သည်။.
ကိုဇော်က "ငါနလုံးသားနဲ့သင်ယူရမယ်..ငါ့ကိုသင်ပေးဖို့ ခုနကအိပ်မက်ထဲကမှော်ဆရာကြီးကိုသင်ခိုင်းရမယ်"ဟူဆိုလေသည်။
တပတ်ခန့်ကြာသောအခါ..ကိုဇော်က "ငါ ခုနစ်ရက်လူံးလုံးသင်ယူပြီးပြီး၊ ထူးဆန်းတာတခုက ဂြိုလ်၇လုံးမဟုတ်ဘဲ့ ၉လုံးဖြစ်နေတယ်"ဟုဆိုလိုက်သည်။.ကိုလင်းထက်က "ငါတမင်ချန်ထားခဲ့တာ..အမှန်ဘဲ့. ရာဟုဂြိုလ်နဲ့ကိတ်ဂြိုလ်ကရှိနေသေးတယ်။..မင်း၉ဂြိုလ်လူံးသင်ပြီးပီပေါ့"ဟုဆိုလျှင်..ကိုဇော်က"ဟုတ်တယ်..ဒါပေမယ့် ငါမန္တန်တခုဘဲ့ရတာ"ဟူဆိုလေသည်။
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.packagetrackr.com/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit