ဘဝတစ်ကွေ့ကနယ်စပ်ဒေသ(3)

in myanmar •  7 years ago 

မနေ့တနေကုန်ဆိုင်ကယ်စီးရတော့ညကျတော့တော်တော်နဲ့အိပ်မပျော်ဘူး။မနက်လင်းခါနီးမှအိပ်ပျော်သွားတော့အိပ်ယာထနောက်ကျနေခဲ့တယ်။မျက်နာသစ်သွားတိုက်ပြီးမနက်စာစားရင်စကားလေဘာလေပြောပြီးကျတော်ရောက်နေတဲ့နေရာနဲ့ဒီဒေသရဲ့အဖြစ်အပြတ်ကိုမေးဖြစ်ခဲ့ပါတယ်။
အခုကျတော်ရောက်နေတဲ့ဒေသကအမဲရောင်နယ်မြေ(black area)လို့ခေါ်တဲ့ရွာမြို့လေးတစ်ခုမှာပါ။အဲရွာမြို့လေးကကချင်ပြည်နယ်၊ဖားကန့်​မြို့နယ်​၊​ဟောင်​ပါးအုပ်​စု၊ဆယ်​ဇင်း​ကျေးရွာလို့​ခေါ်ပါတယ်​။မိတ်​​ဆွေတို့ကြားဖူးကြမှာပါ​နော်​။
image
နောက်​ပြီးထို​ဒေသကစစ်​ကိုင်​တိုင်းနဲ့လည်​ထိစပ်​​နေပြီးဥရု​ချောင်း​လေပဲခြားနားထားပါတယ်​။အခုကျ​တော်​​နေတဲ့​နေရာက​တောင်​ကုန်​​လေးတစ်​ခု​ပေါ်မှာအဲ​တောင်​ကုန်​​လေးအ​ပေါ်မှာဘုရားငါးဆူ​​လေးတည်​ထားကိုးကွယ်​ထားပြီး၊ထို​တောင်​ကုန်​​လေးကိုဘုရားငါးဆူး​တောင်​လို့ပဲ​နာမည်​​ပေးထားကြပါတယ်​။
နောက်​ခုကျ​တော်​​နေတဲ့​တောင်​ကုန်​လိုပဲတခြားတစ်​ဖက်​မှာ​တောင်​ကုန်​​လေးတစ်​ခုရှိပါ​သေးတယ်​၊ထို​တောင်​ကုန်​​ပေါ်မှာ​တော့မြန်​မာလူမျိုး​တွေယုံကြည်​ကိုးကွယ်​တဲ့ဘုန်​ကြီး​ကျောင်းရယ်​၊မြန်​မာ့ပညာ​ရေးသင်​ကြားပို့ချ​နေတဲ့စာသင်​​ကျောင်းနဲ့ဆရာ၊ဆရာမ​တွေ​နေတဲ့ဝန်​ထမ်းအိမ်​ယာရယ်​၊မြန်​မာ့အားကစားကမ္ဘာကိုလွမ်းရမည်​ဆိုတဲ့​ဆောင်​ပုဒ်​နဲ့အညီ​ဘောလုံးကွင်​ကြီးတစ်​ခုလည်​ရှိ​နေပါတယ်​။
ထို​ဘောလုံးကွင်​တွင်​​ဘောလုံး​ပွဲ​တွေလည်​ကျင်းပ​ပေး​လေ့ရှိပါတယ်​၊ရွာဘုရားပွဲ​တွေလည်​အဲကွင်​မှာကျင်းပ​ပေး​လေ့ရှိပါတယ်​။ဘုရားပွဲ​စပြီးဆိုတာနဲ့မြို့မှာလိုပါပဲပွဲ​ဈေးတန်​နဲ့လူစည်းကားလှပါတယ်​၊ထူးခြားတာကမြို့မှာလိုမျိုးပွဲကိုနှစ်​ရက်​ထဲမဟုတ်​ပဲရက်​ရှည်​ကျင်းပ​ပေးလျက်​ရှိပါတယ်​။မြန်​မာ့ရိုရာဇတ်​သဘင်​အဖွဲ့နဲ့အတူမြန်​မာမင်းသမီး၊မင်းသား​တွေနဲ့တွဲပြီးကျင်းပ​ပေး​လေ့ရှိပါတယ်​။
ကျတော်ရှိနေတဲ့အချိန်တုန်ကဆိုရင်ဇတ်သဘင်အဖွဲ့အတူမင်းသားမင်းသမီး​တွေနဲ့ကျင်းပ​ပေးလျှက်​ရှိတယ်​။မင်းသမီး​တွေဆိုအမြဲတမ်း​ခေါ်​လေ့ရှိပြီးလက်​မခံသူမရှိသ​လောက်​ပါပဲ။ဘာ​ကြောင့်​လဲဆို​တော့ထို​ဒေသကအများကြိုက်​တဲ့​​သဘာဝက​ပေးတဲ့​ရွှေအ​ပေါဆုံး​နယ်​​မြေတစ်​ခုအဖြစ်​နဲ့လည်​ယ​နေ့ထက်​တိုင်​​ရှိ​နေဆဲပါ။
image
ထို​ဒေသက​ရွှေဆိုင်​​တွေ​ရွှေလက်​စွပ်​၊​ရွှေနားကပ်​၊​ရွှေလက်​​ကောက်​၊​ရွှေဆွဲကြိုး​တွေကို​ကြေးဝါလုံးဝ​မ​ရောဘဲ​ရောင်းကြ​တော့​ရွှေဝတ်​ဆင်​ရတာကြိုက်​တဲ့မင်းသမီး​ဖို့အတွက်​များများစားစားဝယ်​သွား​လေ့ရှိပါတယ်​။
ရွှေ​ပေါသလိုပဲသဘာဝက​ပေးတဲ့လူ​တွေအများစုရဲ့အသက်​ကိုတို​စေနိုင်​တဲ့မူးယစ်​​ဆေးဝါးအ​ပေါဆုံးနယ်​​မြေတစ်​ခုအ​နေနဲ့လည်​ယ​နေထက်​တိုင်​ရှိ​နေဆဲပါ။
image
လွတ်​လပ်​တဲ့democrazy နိုင်​ငံကြီးသဖွယ်​လွတ်​လပ်​စွာအသုံးပြု​နေတဲ့လူသား​တွေအတွက်​အသက်​ကိုစ​တေးခံလိုက်​ရတဲ့အဖြစ်​မျိုးကိုဝမ်းနည်းစွာကြာသိခဲ့ရဘူးပါတယ်​။ရဲစခန်း၊စစ်​တပ်​​တွေရှိ​နေလျက်​ထိုအဖြစ်​မျိုးကိုကာကွယ်​တားဆီးနိုင်​ချင်​လည်​မရှိခဲ့​ပေး။
image
ဆက်လက်ရေးသားပါဦးမယ်
written by saytan
photo from google
MSC-085

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အ​တွေ့အကြုံ​တွေမျှ​ဝေ​ပေးလို့​ကျေးဇူးပါ

ဟုတ်

ရှည်ရှည်လေးရေးပေးပါ ဘာမှ မဖတ်ရသေးဘူး ပြီးသွားတာ။

ဟုတ်ရေးပါ့မယ်

မျှော်ရဦးမယ်

ဗဟုသုတ​တွေရပါတယ်​၊ ဆက်​လက်​အား​ပေးပါမည်​ ။ fighting ။

hoke

ကျေးဇူး